Matlock မြို့တွင်တော့ နှင်းများမှာ အလွန်အမင်းကျဆင်းလာပြီ...November လထဲဝင်လာပြီ ဖြစ်၍ အအေးဓာတ်လည်း ပိုကဲလာပြီဖြစ်သည်...ဆီးနှင်းများကျဆင်းနေသည့်မြင်ကွင်းကို ပြတင်းပေါက်မှန်မှ တဆင့်ကြည့်လိုက်ရင်း Venessa သက်ပြင်းတစ်ချက်ချလိုက်သည်...ညဘက်ရောက်နေလေ အအေးဓာတ်ကပိုလာလေ...ထို့ပြင်အဆမတန်ကျဆင်းနေသော ဆီးနှင်းကြောင့်ကားမောင်းရသည်မှာ အနည်းငယ်ခက်ခဲနေမည်လေ
၄ရက်ဟူသော အချိန်မှာတရွေ့ရွေ့ကုန်ဆုံးသွားသည်..
Venessa နှင့်Castor ကတော့ဆေးရုံသို့အလာမပျက်တစ်ယောက်တစ်လှည့်ဆီစောင့်ပေးနေကြသည်... Venessa ကတော့ အစားအသောက်များယူလာပေးပြီး မနက်မုိးလင်းမှ ညမိုးချုပ်ခါနီးထိဆေးရုံတွင်နေပေးပြီး Castorကတော့ ညပါစောင့်အိပ်ပေးသည်....ဆေးရုံစတင်ကတည်းက ယခုချိန်ထိ သတိပြန်မရသေးသော Jack ကို ကြည့်ပြ်ီး သူတို့ ၂ယောက်လုံး အားမလိုအားမရဖြစ်မိသည်....."Venessa...မင်းပြန်ချင်ပြန်တော့လေ..အရမ်းမိုးချုပ်နေပြီ...ကားမောင်းရတာခက်လိမ့်မယ်.."
"အင်း...အဲ့တာဆို ငါသွားပြီ...ကောင်းသောညပါ.."
"ကောင်းသောညပါ.."
ခုံပေါ်တင်ထားသည့်Coatကိုကောက်ဝတ်ကာဆေးရုံဝန်းထဲရှိ ကားပါကင်သို့သွားလိုက်သည်...ရုတ်တရပ်ညအမှောင်ထဲတွင်သူမကားအနီးမှ လူတစ်ယောက်ထွက်သွားသည်ကိုတွေ့လိုက်ရသည်...စိတ်ထဲ မသင်္ကာဖြစ်မိသော်လည်း ကားကိုစက်နှိုးကြည့်ရာ ဘာမှထွေထွေထူးထူး မရှိသောကြောင့်စိတ်ချလက်ချမောင်းထွက်သွားတော့သည်....
Matlock မြို့၌ ညဘက်တွင်လမ်းမများမှာ အလွန်ရှင်းလင်းနေသည်...ဆောင်းရာသီ၏ အအေးဓာတ်ကြောင့်လူတိုင်းလိုလို အိမ်ထဲဝင်နေကြသည်လေ...
ကားကိုမောင်းနေရင်းရုတ်တရပ်နောက်ကြည့်မှန်တွင်ပေါ်လာသော ကားအနက်ရောင်တစ်စီးကို သတိထားမိသည်..ဆေးရုံအထွက်မှာကတည်းက လိုက်လာသော ထိုကားကို မသင်္ကာသဖြင့်သူမကားတွင်းဖွက်ထားသည့်သေနတ်ကို လက်လှမ်းလိုက်စဉ်သေနတ်သံတစ်ချက်နှင့်အတူ သူမကားဘီးကို ထိမှန်သွားသည်.. အရှိန်နှင့်မောင်းလာသော သူမကားကို ရပ်တန့်ရန်ဘရိတ်ကိုနင်းသော်လည်း အရာမယွင်း...လမ်းမပေါ် နှစ်ပတ်သုံးပတ်ခန့်လည်နေပြီးနောက်လမ်းဘေးရှိ သစ်ချပင်ကို အရှိန်ဖြင့်ဝင်တိုက်မိတော့သည်...
YOU ARE READING
Midnight Flower (Season 1)
Actionသန်းခေါင်ယံအချိန်မှာ ပွင့်တဲ့ ပန်းတစ်ပွင့်ဟာ တခြားပန်းတွေထက်ပိုမိုလှပတယ်ဆိုတာ လူတိုင်းသိကြပါတယ်...ဒါပေမယ့်သူတို့က အဆိပ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကော သိကြပါရဲ့လား Own Creation Not Translation Starting date Oct 5 2018 The First Season...