မနက်စောစောထကာ ခရီးဆောင်အိတ်ထဲ အဝတ်အစားအချို့နှင့် အသုံးအဆောင် ပစ္စည်းတစ်ချို့ကို ထည့်လိုက်သည်...ကွဲသွားသည့် ပြတင်းပေါက်မှန်ကို တိပ်ဖြင့်ကပ်ကာ ထားခဲ့လိုက်သည်...
ကိုယ်လက်သန့်ရှင်းပြီးနောက် အဝတ်အစားလဲပြီးမှ ရေခဲသေတ္တာထဲမှ Coffee ဘူးတစ်ဘူးယူကာ ဖောက်သောက်ရင်း အသားလုံးများ ဟင်းရွက်များနှင့် နို့ပုလင်းများကို ခြင်းတောင်းတစ်ခုထဲ စုထည့်ထားလိုက်၏.......
ထို့နောက် မိန်းများကိုချကာ တံခါးကို သေချာစွာ သော့ပိတ်ပြီး ခရီးဆောင်အိတ်ကို ညာဖက်မှဆွဲ ခြင်းတောင်းကို ဘယ်ဘက်မှ ဆွဲကာ ဓာတ်လှေကားဆီဦးတည်လာသည်....
မနိုင်မနင်းဖြင့် ဓာတ်လှေကားခလုတ်ကို နှိပ်ပြီးနောက် စက္ကန့်ပိုင်းမျှသာ စောင့်လိုက်ရပြီး တံခါးပွင့်လာသောကြောင့် အထဲဝင်သွားလိုက်သည်.....မြေအောက်ထပ်ကားပါကင်တွင် ရပ်ထားသော သူမ၏ ကားရှိရာကို သွားလိုက်ကာ ကားဘေးတွင် အိတ် နှင့် ခြင်းတောင်းကို ချလိုက်သည်....ထို့နောက် ကားနောက်ဖုံးကို ဖွင့်ကာ အိတ်ကို အရင်တင်သည်။ ပြီးမှ ခြင်းတောင်းကို တင်ကာ နောက်ဖုံးကို ပိတ်လိုက်သည်....
ကိစ္စပြီးစီးမှပင် ကားထဲသို့ဝင်ကာ စက်နှိုးပြီး ခြေတောက်ကို လီဗာပေါ်တွင်ထင်ထားလိုက်သည်.....dashboard ပေါ်တွင် Ph ကို တင်ကာ သီချင်းဖွင့်ထားလိုက်၏...မကြာခင် အချိန်တွင် အနက်ရောင် ကားလေးမှာ ကားပါကင်မှ ထွက်လာပြီး လမ်းမထက်သို့ ရောက်သွားတော့သည်......
~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~အာရှတိုက် Chuu Gon မြို့တစ်နေရာ....
တိတ်ဆိတ်လှသော ပတ်ဝန်းကျင်တစ်ခုတွင် ခမ်းနားလှသော ရှေးခေတ် Siheyuanအိမ်အမျိုးအစား အိမ်တစ်ဆောင် တည်ရှိနေသည်...
ကြက်သွေးရောင်ခြယ်မှုန်းထားသော အိမ်ဆောင်များက ခြံထဲတွင် ဟိုတစ်ဆောင် ဒီတစ်ဆောင်ပြန့်ကျဲနေသည်...မကြီးမသေးသော ရေကန်တစ်ခုရှိနေသည်....ရေကန်ထက်တွင် အဖြူရောင်ကြာပန်းများ ဖွေးဖွေးလှုပ်အောင် ပွင့်နေသည့်အပြင် အဖြူရောင်ကြာပန်းများကြား ပန်းနုရောင်ကြာပန်းများက ဟိုတစ်ပွင့် ဒီတစ်ပွင့် ထိုးထွက်နေသည်...ရေကန်၏ ဘေးဘက်တွင် အဆောင်ငယ်လေးတစ်ခုရှိနေသည်..ကျောက်စားပွဲပေါ် ကြွေလက်ဖက်ရည်အိုး ၊ ရိုးရာလက်ဖက်ရည် ခွက်တစ်ခွက် နှင့် မုန့်ပန်းကန်တစ်ခုက နေရာယူထားသည်...
![](https://img.wattpad.com/cover/163654129-288-k178552.jpg)
YOU ARE READING
Midnight Flower (Season 1)
Azioneသန်းခေါင်ယံအချိန်မှာ ပွင့်တဲ့ ပန်းတစ်ပွင့်ဟာ တခြားပန်းတွေထက်ပိုမိုလှပတယ်ဆိုတာ လူတိုင်းသိကြပါတယ်...ဒါပေမယ့်သူတို့က အဆိပ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကော သိကြပါရဲ့လား Own Creation Not Translation Starting date Oct 5 2018 The First Season...