Venessa ၏ ကားလေးသည်လမ်းမထက်တရိပ်ရိပ်ပြေးနေရာမှ လမ်းကွေ့လေးထဲသို့ ချိုးဝင်လိုက်သည်...သစ်ပင်လမ်းကြားလေးဟုအမည်တွင်သော ထိူလမ်းလေးသည်ကား၂စီးစာ ဝင်ရုံလောက်သာကျယ်ပြီး သစ်ပင်များစိမ်းစိမ်းစိုစိုဖြင့်အရိပ်ရကာအေးချမ်းလှသောလမ်းလေးဖြစ်သည်။တောအုပ်နှင့်ပင် ဆင်တူနေသေးသည်။.... ထိုလမ်းလေးထဲ ၁၀မိနစ်ခန့်မောင်းဝင်ပြီးနောက်ခြံစည်းရုိး အဖြူရောင်ဖြင့်ကာရံထားသည့်ခြံကျယ်ကြီးတစ်ခု၏ တံခါးဝသို့ရောက်လာသည်......
ကားပေါ်မှဆင်းကာ တံခါးပေါ်ရှိခေါင်းလောင်းကြိုးကို ဆွဲလိုက်သည်.....ဂျိန်းဟူသော အသံနှင့်အတူ တံခါးမှာပွင့်သွားခဲ့ပြီးနောက်သူမကားပေါ်သို့ပြန်တက်ကာ ထိုခြံကျယ်ထဲဝင်သွားတော့သည်....
ခြံတစ်ခြံလုံးတွင်မြက်ခင်းများကအပိုင်နေရာယူထားသည်.....အရိပ်ရသော ဝက်သစ်ချပင်အို များကလည်း တစ်ခြံလုံး၏ တစ်ဝက်ကျော်လောက်ကို သိမ်းပိုက်ထားသည်...တခြားအပင်ကြီးများလည်းရှိနေသည်...ထို့ကြောင့်အဝေးမှလှမ်းကြည့်ပါက သစ်တောငယ်တစ်ခုပမာ.......ကြည့်လေရာတွင်စိမ်းစိုနေသောကြောင့်မျက်စိများပင်ကျိန်းမတတ်...သစ်ပင်ကြီးများသာရှိခြင်းမဟုတ်သစ်ပင်ကြီးတစ်ပင်ဆီအနီးနားတွင်နှင်းဆီနီပင်များကို စနစ်တကျ ပုံဖော်စိုက်ပျိုးထားသည်.....အရောင်စုံForget me not ပန်းပင်လေးများက မြက်ခင်းစိမ်းပေါ်တွင်လှပစွာနေရာယူထားသေးသည်..
ခပ်လှမ်းလှမ်းတွင်တော့ အဝါရောင်Diffodil ပန်းခင်းကြီးကို လွမ်းမောဖွယ်မြင်တွေ့နေရသည်..ကားကို ခြံထဲရှိ အမိုးတစ်ခုအောက်တွင်ရပ်ထားလိုက်သည်...ဒီခြံအကြောင်း အသိဆုံးသူမှာ တစ်လောကလုံးတွင်Venessa တစ်ယောက်သာရှိလောက်သည်....ရှေ့တွင်ကားဆက်သွားရလောက်အောင်လမ်းကမကျယ်လောက်တော့ပေ...ထိုအချိန်မှ ကားကိုပြန်ဆုတ်ပါက သူမ၏ စိတ်မရှည်သောအကျင့်ကြောင့်ကားနောက်ပိုင်းတစ်ခုလုံး ဟိုတိုက်ဒီတိုက်ဖြင့်စုတ်ပြတ်သွားနိုင်သည်.....
YOU ARE READING
Midnight Flower (Season 1)
Боевикသန်းခေါင်ယံအချိန်မှာ ပွင့်တဲ့ ပန်းတစ်ပွင့်ဟာ တခြားပန်းတွေထက်ပိုမိုလှပတယ်ဆိုတာ လူတိုင်းသိကြပါတယ်...ဒါပေမယ့်သူတို့က အဆိပ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကော သိကြပါရဲ့လား Own Creation Not Translation Starting date Oct 5 2018 The First Season...