"ဟေ့ Ven...ထတော့ အိမ်ပြန်ရောက်ပြီ..."
ကားပေါ်အိပ်ပျော်နေသည့်Ven ကို အတင်းလှုပ်နိုးသော်လည်း နိုးမရသည့်အဆုံး Fukouuကိုယ်တိုင်ပွေ့ချီကာ အခန်းထဲသေချာနေရာချထားပေးလိုက်သည်..ထို့နောက်အခန်းမီးကိုသေချာပိတ်ပေးလိုက်ကာ တံခါးကို ညင်သာစွာပိတ်ပြီး အခန်းထဲမှထွက်လာလ်ိုက်သည်...
"Doctor Fukouu ..Lady Lorem အခြေအနေ.."
"ကောင်းပါတယ်မနက်ကျ ကျွန်တော်နောက်တစ်ခေါက်ပြန်လာပြီး သူ့ကို ကြည့်ပေးမယ်...စိတ်မပူပါနဲ့ .."
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်...ညမိုးချုပ်နေတော့ ပြန်ရတာအဆင်ပြေပါ့မလား...
"Oh...ပြေပါတယ်စိတ်မပူပါနဲ့...အဲ့တာဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်...ကောင်းသောညပါ..."
နှုတ်ဆက်ပြီးပြန်သွားသည့်Fukouu၏ကျောပြင်ကို တစ်ချက်ငေးကြည့်ပြီးနောက်Venessa ၏ အခန်းတံခါးကို ဟကာ အတွင်းဘက်သို့ကြည့်လိုက်သည်...
ပြီးမှ စိတ်ချသွားသည့်မျက်နှာဖြင့်အောက်ထပ်သို့ဆင်းသွားတော့သည်..."ဘုရားသခင်..ကျွန်တော့်ဆီက ဒီကလေးမလေးကိုတော့ ဆွဲမထုတ်သွားပါနဲ့..ကျွန်တော့်မှာ ကာကွယ်ပေးစရာ သူပဲကျန်တော့လို့ပါ"
သက်ပြင်းတစ်ချက်ကို ချလိုက်ကာ သူ၏ အခန်းထဲသို့ဝင်သွားလိုက်တော့သည်....သူနာကျင်မှုများကိုပြန်လည်တွေးတောနေသည်ကို Venessaသိပါက ထိုင်ဆူပူနေမည်ကိုတွေးကာဝမ်းနည်းနေသည့်ကြားမှ တချက်ပြုံးလိုက်မိတော့သည်....
သူ့အတွက်Venessa သည်ခေါင်းဆောင်တစ်ယောက်ဆိုတာထက်ပင်ပို၍ ညီမတစ်ယောက်ကဲ့သို့ သဘောထားသည်လေ...ထိုအချိန် Matlock မြို့၏ ကြီးကျယ်ခမ်းနားလှသော စံအိမ်တစ်ခုတွင်အမျိုးသားတစ်ယောက်နှင့်အမျုိးသမီးတစ်ယောက်အခြေအတင်စကားပြောနေကြသည်...အတ်ိအကျပြောရသော်Lim Yaung နှင့်Lim Chan Yan ပင်ဖြစ်သည်...သူတို့၂ဦးရှေ့ချထားသည့်အသီးပန်းကန်နှင့်Wine ခွက်မှာ အရာပင်မယွင်းသေးပေ..
![](https://img.wattpad.com/cover/163654129-288-k178552.jpg)
YOU ARE READING
Midnight Flower (Season 1)
Actionသန်းခေါင်ယံအချိန်မှာ ပွင့်တဲ့ ပန်းတစ်ပွင့်ဟာ တခြားပန်းတွေထက်ပိုမိုလှပတယ်ဆိုတာ လူတိုင်းသိကြပါတယ်...ဒါပေမယ့်သူတို့က အဆိပ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကော သိကြပါရဲ့လား Own Creation Not Translation Starting date Oct 5 2018 The First Season...