1

5.8K 266 12
                                    

ကျယ်​ဝန်းလှသည့်​​ကျောင်းကြီးတစ်​​ကျောင်း..
ထို​ကျောင်း​တွင်​စာ​တော်​သူများသာများသည်။

ခြေလှမ်း​တွေတက်​ကြွစွာ​လျှောက်​လှမ်းရင်းထို​ကျောင်းကြီးရှိရာသို့ချီတက်​ခဲ့​သည်​။

မနက်​ခင်းရဲ့အသာယာဆုံးအချိန်​မို့မြင်​ရ​တွေ့ရသမျှဟာ..လှပလွန်း​နေတယ်​။

ကျောင်းဝန်းထဲကို​ခြေချပြီးသည်​နှင့်​​ကျောင်းဝန်းထဲရှိအရာမှန်​သမျှကိုစူးစမ်းမိသည်​။

ပန်းပင်​​လေး​တွေကလဲလှ..​ကျောင်းအ​ဆောက်​အအုံကြီး​တွေကလဲလှ...သစ်​ပင်​ကြီး​တွေကလဲလှ ....ထိုသစ်​ပင်​​အောက်​မှာထိုင်​​နေ​သော ​ကောင်​​လေးမှာလဲလှ...
သူ ...သူသိပ်​လှလွန်းတယ်​။

မနက်​ခင်းရဲ့အလှဆုံးအချိန်​မို့ ပတ်​ဝန်းကျင်​တစ်​ခွင်​ကလှ​နေတာမဆန်းပါဘူး..သို့​ပေမဲ့ထို​ကောင်​​လေးက​ရောဘာလို့များသူ့မျက်​စိထဲလှ​နေရတာပါလိမ့်​..။

jung kookထို​ကောင်​​လေးဆီ​ရောက်​​နေတဲ့အကြည့်​ကိုဖျက်​ကာ..​ကျောင်းခန်းဆီသို့

့
သိကြတဲ့အတိုင်းပဲ..​ဆရာမ မဝင်​​သေးတဲ့အချိန်​မို့ ဆူညံပွက်​​လောရိုက်​​နေတယ်​ဆိုတာ ထုံးစံပဲ​လေ...

ခဏအကြာဆရာမဝင်​လာတာမို့...
မီးကို​ရေနဲ့ငြိမ်းသက်​လိုက်​သလို တိတ်​ဆိတ်​သွားလိုက်​ကြတာ..
"ဆူညံ​နေကြတာပဲ...ကဲထား​တော့..ဆရာမတို့​ကျောင်းကို​ဒီ​နေ့ပဲကျောင်းသားသစ်​​ရောက်​တယ်​ ဒီအခန်းမှာသူသင်​ရလိမ့်​မယ်​...သူခဏ​နေ​ရောက်​လာလိမ့်​မယ်​ အဲ​တော့မှမင်းတို့နဲ့မိတ်​ဆက်​​ပေးမယ်​ အခု​တော့..ဆရာမနံမည်​​ခေါ်နှင့်​မယ်​......ဆရာမနံမည်​​ခေါ်တဲ့သူကမတ်​တပ်​ရပ်​​နော်​..
kim nam joon"

"nae"

"kim seok jin"

"nae"

"park jimin"

"​ဒေါက်​ ​ဒေါက်​ ​ဒေါက်​"

"ဝင်​ခဲ့"

jiminကို​ခေါ်တဲ့အလှည့်​မှာပဲ​ကျောင်းသားသစ်​ဆိုသူ​ရောက်​လာတယ်..jiminက​တော့မတ်​တပ်​ရပ်​လျက်​ပဲ...

FriendWhere stories live. Discover now