3

2.2K 218 3
                                    

"အို အို အူး အို ......"

မနက်​6နာရီ alarm ​ပေးထား​တဲ့အသံ​ကြောင့်​အိပ်​​နေတာ​တောင်​လန့်​နိုးသွားတယ်​။
မဆိုးဘူးဒီ အသံ​လေးမိုက်​တယ်​။

ပုကျိရဲ့အသံ​လေးနဲ့သာ alarm ​ပေးထားခွင့်​ရရင်​ဘယ်​​လောက်​​ကောင်းလိုက်​မလဲ။
(အင်း​နော်​...ဟီးဟီး)
လူကအိပ်​ချင်​မူးတူးနဲ့ ကုတင်​​ပေါ်က​ကောက်​ကပ်​ထရာက...မမြင်​မစမ်းမို့ခုံ​စောင်းနဲ့​ခြေ​ထောက်​မိတ်​ဆက်​သွား​သေးတယ်​။
"အား..ယိုး..ယိုး ...နာလိုက်​တာ.."

ခြေ​ထော့နဲ့​ထော့နဲ့ နဲ့ပဲ​ရေချိုးခန်းထဲဝင်​..သွားတိုက၊်​မျက်​နှာသစ်​၊​ရေချိုး..ပြီး​တော့ကြည့်​​ကောင်း​အောင်​ နည်းနည်းပြင်​ဆင်​ရ​သေးတယ်​။သိတယ်​မလားkingဆို​တော့လဲ။
(သိပါတယ်​..မကြွားပါနဲ့)

ပြင်​ဆင်​ရင်းနာရီကိုလှမ်းကြည့်​​တော့..
"အိုး...shit..7နာရီထိုး​နေပြီ.."

နာရီကိုမကြည့်​မိဘဲ..ကိုယ့်​အလှမှာကိုယ်​ရစ်​မူး​နေတာ...အဲလဲ့။အဲ့တာ​တွေထား...​ပြေးမှ....

ပြေးတယ်​ဆိုတာက​ကျောင်း​နောက်​ကျမှဆိုးလို့လို့ထင်​ရင်​မှားမယ်​​နော်​။သူ​လေ..သူ့​ကြောင့်​​ပေါ့..ပုကျိ​လေး​ပေါ့...သူ​အကြာကြီး​စောင့်​​နေရမှာဆိုးလို့။သူ​ကျောင်း​နောက်​ကျမှာဆိုးလို့။

ခြေ​ထောက်​နာနာနဲ့ပဲ​ပြေး..ဂို​ဒေါင်​ထဲကစက်​ဘီးကိုအမြန်​ဆွဲပီးအသားကုန်​နင်းရ​တော့တာ​ပေါ့။ရာသီဥတုက​အေးလိုက်​တာ..မြူ​တွေနဲ့​တောင်​အုံ့ဆိုင်းလို့။တော်​​သေးတာ​ပေါ့အ​နွေးထည်​​လေးဝတ်​လာမိလိုက်​လို့။

"ကလင်​..ကလင်​..ကလင်​"

"ဝက်​ပု​ရေ...ငါလာပြီ.."

"ယုန်​စုတ်​..​သေများ​သေသွားပြီလားလို့"

"မင်းကလဲ ဖတ်​ ဖတ်​ ဖတ်​ဖွဟဲ့..ဘာ​တွေ​လျှောက်​​ပြော​နေတာလဲ.."

"ထားပါလာ..သွားမယ်​"

ဒီလိုနဲ့သူကျွန်​​တော့​နောက်​က​နေလိုက်​စီးတယ်​​ပေါ့။

တ​ဖြေး​ဖြေးပို​အေးလာသလိုပဲ။

ဟုတ်​သားပဲ..အ​အေးလိုင်းဖြတ်​မယ်​​ပြောထားတာကို။

FriendWhere stories live. Discover now