16

1.2K 155 1
                                    

ကြားလိုက်ရတဲ့ကျွန်တော့နားကိုတောင် ကျွန်တော်မယုံနိုင်ခဲ့ဘူး.....
သူ..သူတော်တော်ခံစားခဲ့ရမှာပဲ..
သူတော်တော်နာကျင်ခဲ့ရမှာပဲ..
သူ့အတိတ်ဆိုးကြောင့် သူအဲ့လိုတွေရွံမုန်းခဲ့တာပဲ..
ဒါ..ဒါတောင်သူငါ့ကိုချစ်ခဲ့တယ်...

ခေါင်းထဲကိုဝရုန်းသုံးကားဝင်လာတဲ့အတွေးတွေကြောင့် ရင်ထဲပြည့်ကြပ်လာတယ်။
မညာပါဘူး... ကျွန်တော်မျက်ရည်ဝဲမိတယ်...

"ငါ့အသက်10နှစ်လောက်..ငါလူမှန်းသိတတ်စအရွယ်လို့ပြောရင် မမှားဘူးပေါ့...အဲ့တုန်းက မြင်ကွင်း ကိုငါ့မျက်စိထဲကမထွက်သေးဘူး...ငါ့အဖေက
င့အမေမဟုတ်တဲ့ တစ်ခြားသူလက်ကိုဆွဲပီး အိမ်ကထွက်သွားတာ...မိန်းမဆိုရင်ငါနဲနဲတော့လက်ခံနိုင်ပါသေးတယ် ခုဟာက...ငါ့အဖေလိုပဲယောက်ျားလေးတစ်ယောက်ကွ...ငါ့အဖေကြည့်ရတာသူ့ကိုတော်တော် ချစ်တဲ့ပုံပဲ...သူ့ကြောင့်နဲ့ ငါရော ငါ့အမေရောကိုပစ်ထားပြီး ငါ့တို့ဘဝထဲကထွက်သွားတဲ့ ငါ့မဖေကို ငါဘယ်လို ခွင့်လွှတ်နားလည်နိုင်မှာလဲ...''

သူ့ရဲ့ ရင်နာစရာကောင်းတဲ့ အတိတ်ဆိုးတွေကို ပြန်ပြောရင်း မျက်ရည်တွေဟာ အဆက်မပြတ်ကျဆင်းနေတယ်...

"ဒါပေမဲ့လေ.. ငါခုတော့နားလည်သွားပါပြီ..''

"ဘာလို့လဲjimin ''

"ငါယောကျာ်းလေးတစ်ယောက်ကိုချစ်ခဲ့လို့..ရှင်းရှင်းပြောရရင်မင်းကိုငါချစ်မိခဲ့လို့...''

သူ့ရဲ့စကားကြောင့် ကျွန်တော် ဝမ်းသာရမလား..
ဝမ်းနည်းရမလားတောင်မသိဘဲ ဝေခွဲမရဖြစ်ခဲ့ရတယ်..ဘာပြောရမှန်းမသိဘဲ ''jiminရယ်''လို့သာ
ခပ်တိုးတိုးလေး ပြောမိတယ်..

"ခုမှပြန်စဉ်းစားကြည့်ရင် ငါ့အဖေကိုငါအားကျတယ်...ကိုယ်ချစ်တဲ့သူအတွက် ဘာကိုမှဂရုမစိုက်ဘဲ အရာအားလုံးကိုရင်ဆိုင်သွားခဲ့တယ်..ကို့ချစ်သူလက်ကိုတင်းတင်းဆုပ်ကိုင်ပြီး..နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်ခဲ့ကြတယ်...ငါ့မှာအဲ့လိုရင်ဆိုင်ရဲတဲ့ သတ္တိ မရှိသေးဘူး...အဲ့အတွက်ငါတောင်းပန်ပါတယ်''

"ရပါတယ် မင်းငါ့ကိုချစ်နေတာနဲ့တင်ငါကျေနပ်ပါပြီ..ဒီလိုအတိတ်ဆိုးတွေရှိနေရဲ့သားနဲ့ ငါ့ကိုချစ်ခဲ့တဲ့အတွက်..ငါကျေးဇူးတင်ပါတယ် ဝမ်းလဲဝမ်းသာတယ်...ပိုပြီးလဲချစ်လာတယ်''

"ငါအမှန်တိုင်းဝန်ခံရမယ်ဆိုရင်လေ...ငါမင်းကိုချစ်နေတာကြာပြီ..မင်းငါတို့ကျောင်းကိုစပြောင်းလာတဲ့နေ့လို့ပြောရမလား...မင်းရဲ့ တက်ကြွနေတဲ့ပုံစံလေးကိုငါခုထိမျက်လုံးထဲကမထွက်သေးဘူး..''

ဟောဗျာ..သူ့ဘာသူပြောပြီးရှက်နေတာ..ခေါင်းလေးငုံ့ပြီး...
ကျွန်တော်ထင်တာက ကျွန်တော်တစ်ယောက်ထဲ စတွေ့ထဲက ချစ်နေခဲ့တယ်ထင်တာ...
ခုမှသူ့ကိုပိုနားလည်လာတယ်..
ချစ်ရဲ့သားနဲ့မချစ်ဟန်ဆောင်ရမှာ ဘယ်လောက်ပင်ပန်းမလဲ ကျွန်တော်သိတယ်လေ ကျွန်တော်ခံစားခဲ့ရတာလဲကျွန်တော်သိတာပေါ့ ...
သူ..သူဘယ်လောက်ပင်ပန်းရှာမလဲ...
ကျွန်တော်ဘာမှဆက်မပြောနိုင်တော့ဘဲ သူ့ကိုသာကျွန်တော့်ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်...

နွေးထွေးလွန်းသော သူ့ကိုယ်လေးဟာ ကျွန်တော့နှလုံးသားကို အရည်ပျော်ဆင်းစေတယ်...

ခဏအကြာမှာ ကျွန်တော့ခါးကိုပြန်ပြီးသိုင်းယှက်ဖက်လာတဲ့သူ့အပြုအမူကြောင့် ကျွန်တော့်တစ်ကိုယ်လုံးကျင်တက်သွားရတယ်...

သူ့ရဲ့လက်တွေဟာပိုတင်းသထက်တင်းလာပြီး
သူ့ရဲ့နှာခေါင်းဖျားက ထွက်တဲ့လေ နွေးနွေးလေးတွေဟာ ကျွန်တော့လည်ပင်းကိုလာ ဖျက်တိုက်ပြီးကြည်စယ်နေသယောင်...
ကျွန်တော့်စိတ်တွေဘာဖြစ်နေလဲမပြောတတ်ဘူး..
တစ်ခုခုလိုအပ်နေသလိုကြီး..ဟင်မဖြစ်သေးပါဘူး...ဒီပုံအတိုင်းတော့...

ကျွန်တော်ရင်ခွင်ထဲကသူ့ကိုထုတ်လိုက်ပြီး.

"ငါ..ငါမေ့နေတာ ဆန်ပြုတ်တွေအေးကုန်ပြီလားမသိဘူး  ဆေးလဲသောက်ရအုံးမယ်..လာငါခွံ့ကျွေးမယ်''

"အော် အင်းအင်း..''

ခုံပေါ်တင်ထားတဲ့ဆန်ပြုတ်ပန်းကန်ကိုလှမ်းယူလိုက်တာ လက်တောင်တုန်ချင်နေသလိုလို..
jiminသတိမထားမိပါစေနဲ့ ...

"jung kook မင်းဘာဖြစ်နေတာလဲ''

"ဟင်ဘာမှ မဖြစ်ပါဘူး..လာဟ.. အာ...ခွံ့ကျွေးမယ်လာ..''

"အာ...''

တစ်ယောက်ကိုစိတ်ကိုတစ်ယောက်သိသလိုနဲ့ပြုံးရင်းအချိန်တွေကုန်မှန်းမသိကုန်ခဲ့ရတယ်...
သူနဲ့dateဖို့ပြင်ဆင်ရမှာတောင်မေ့နေတယ်။
















ထပ်တင်လိုက်ပြီနော်..

FriendWhere stories live. Discover now