11

1.5K 203 9
                                    

သူ​ပြောလိုက်​တဲ့စကားကကျွန်​​တော့ကိုအံ့သြ​စေတယ်​။သူကကျွန်​​တော့ကိုကြိုက်​တယ်​တဲ့လား?
ကျွန်​​တော့ရင်​ထဲ​တစ်​မျိုးကြီးပဲဗျာ။
ဝမ်းသာသွားသလိုလို၊ဝမ်းနည်းသွားသလိုလို...

"မင်းကငါ့ကိုကြိုက်​တယ်​ဟုတ်​လား?"

"မဟုတ်​ဘူး...ချစ်​တာ^^"

ကျွန်​​တော်​သိပါတယ်​...ကျွန်​​တော့မျက်​နှာရှက်​​သွေးဖြာ​နေမယ်​ဆိုတာ....

"မင်းဘက်​က​ကော...ငါ့ကိုဘယ်​လိုသ​ဘောထားလဲ...."

ပြောရင်းနဲ့ကျွန်​​တော့ပုခုံးနှစ်​ဖက်​ကိုတင်းတင်းဆုပ်​ကိုင်​လိုက်​တယ်​။ကျွန်​​တော်​...ကျွန်​​တော့စိတ်​ထဲ​ဝေခွဲမရ​သေးဘူး...ခုထိပဲ...
ကျွန်​​တော့စိတ်​​တွေမတည်​ငြိမ်​​သေးဘူး...
ရှုပ်​​ထွေး​နေတယ်​...

ကျွန်​​တော်​သတိမထားမိခင်​မှာပဲ...
သူ့​ရှေ့ကထွက်​​ပြေးမိတယ်​။
သူနဲ့​ဝေးရာကို​ပြေးထွက်​မိတယ်​။
ကျွန်​​တော်​..သူ့အ​ပေါ်ထားတဲ့ခံစားချက်​ကဘယ်​လိုလဲဆိုတာမသိဘူး....တစ်​စုံတစ်​ရာကို​ကြောက်​​နေမိတယ်​။

"jimin...."

သူရဲ့လှမ်း​ခေါ်သံကြားပါ​သော်​လည်း...လှည့်​မကြည့်​မိ....

jkက​တော့..jiminနဲ့အတူရှိခဲ့တဲ့​နေရာမှာပဲ..ကျန်​ခဲ့​တော့တယ်​။

ကျွန်​​တော်​သူ့​နောက်​ကို​ပြေးမလိုက်​ခဲ့ပါဘူး။
ဘာလို့ဆို...
သူ့အ​ဖြေကိုသိနှင့်​ပြီးပြီ​လေ...
သူကျွန်​​တော့ကိုလက်​မခံနိုင်​မှန်း​ပေါ့...
ကျွန်​​တော့အမှားပါ..
စိတ်​လွတ်​ပြီး..ရင်​ထဲမှာအချိန်​​တော်​​တော်​ကြာသိုဝှက်​ထားခဲ့ရတဲ့..ခံစားချက်​​တွေကို မစဉ်းစားမဆင်​ခြင်​ ဖွင့်​​ပြောမိတယ်​။
သူစိတ်​အ​နှောက်​အယှက်​ဖြစ်​သွား​လောက်​ပြီ...
ကျွန်​​တော့​ကြောင့်​​လေ....
.....................................................
ကျွန်တော်တို့အရင်လိုသိပ်ပြီးစကားမပြောဖြစ်ဘူး..
လမ်းမှာအမှတ်တမဲ့ဆုံရင်လဲ...မတွေ့ချင်ယောင်ဆောင်ပြီး ရှောင်ထွက်သွားတယ်။
ဘယ်သူလဲဆိုတော့jung kookပေါ့...

အမှန်တကယ်ဆို ရှောင်ရမှာကကျွန်တော်မဟုတ်ဘူးလား....
သူကပဲရှောင်ရတယ်ရှိသေး...

FriendWhere stories live. Discover now