ဖူး နဲ့ ဘူး

1.3K 196 23
                                    

ဖူး (ပစ္စည်း)

ကြုံတွေ့၊ သိမြင်၊ ဖြစ်ပျက်ခဲ့ပြီးကြောင်း ထင်ရှားစေသည့် စကားလုံး

တွေ့ဖူးသည်။

မြင်ဖူးသည်။

ကြားဖူးသည်။

ဖြစ်ခဲ့ဖူးသည်။

************


ဘူး (ပစ္စည်း)

ငြင်းပယ်ခြင်းအနက်ရှိသည့် နှင့် ယှဉ်၍ မဖြစ်ကြောင်း သေချာခြင်းကိုပြသည်။

သွားဘူး

စားဘူး

ပြောဘူး

မြင်ဘူး

***************


ဖူး နှင့် ဘူး ဥပမာ

"ခရမ်းချဉ်သီးဖျော်ရည် သောက်ဖူးလား။"

"ဟင့်အင်း။ တစ်ခါမှသောက်ဖူးဘူး။"


ကိုးကား (မြန်မာစာ မြန်မာစကား)

***************



A/N

ကြာသွားတယ်နော်။ ဆောရီး။

အပိုင်းတွေတောင် တော်တော်များလာပြီ။ အခု စာဖတ်သူတွေထဲမှာ author တွေရော၊ reader တွေပါ  တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် Author တွေကို တောင်းဆိုကြည့်ချင်တယ်။

ဇာတ်လမ်းအပိုင်းသစ် ရေးတာမှာပဲဖြစ်ဖြစ်၊ ရေးပြီးသား အပိုင်းတစ်ခုမှာ ဖြစ်ဖြစ် အခု တင်ထားသမျှ အမှားတွေ မရှိအောင် သတိထား ပြန်စစ်ကြည့်ပါလားလို့။ သံသယ ရှိတာမျိုးရှိရင် Comment မှာ မေးခဲ့လို့ရပါတယ်။ နားလည်သူရှိရင်လည်း ၀င်ဖြေပေးပါနော်။ မမွန်အခု နှာစေး၊ ချောင်းဆိုး၊ ခေါင်းကိုက်နေတဲ့အပြင် မျက်လုံးပါကိုက်နေလို့ လိုင်း သိပ်မသုံးနိုင်ဖြစ်နေတယ်။ T.T ဒါလေးကတော့ မနေနိုင် မထိုင်နိုင် လာရေးသွားတာပါ။ xD

မမွန် ဇာတ်လမ်းတွေထဲမှာလည်း အမှားပေါင်း သောင်းခြောက်ထောင်ပါ။ တကယ်။ xD ဒါပေမယ့် နည်းနည်းလောက်ပဲဖြစ်ဖြစ် သတိထားမိသွားရင် ကျေနပ်ပါပြီ ဆိုပြီး တောင်းဆိုကြည့်တာ။

Reading req လေးတွေတော့ မပို့ပါနဲ့နော်။ တကယ် တောင်းပန်ပါတယ်။ မမွန် တကယ် မနိုင်လို့ပါ။ ငြင်းရတာကိုလည်း အရမ်းအားနာတယ်။

Love u all.

Ma Mon


Dear Wattpad AuthorsWhere stories live. Discover now