Tips&Tricks 1 (Uni)

4.4K 371 10
                                    

ဒီအစဉ်အစဉ်လေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ wattpad မှာ ကိုယ်ရေးထားတာတွေကို ဖတ်ပေးသူမရှိလို့ စာဆက်မရေးချင်တော့ဘူးဆိုပြီး အားငယ်တာမျိုးတွေ မဖြစ်စေချင်လို့ပါ။

မမွန်တို့ စာရေးသူအားလုံးဟာ သုညက စခဲ့ကြတဲ့သူတွေချည်းပါပဲ။ အားလုံးဟာ 0 view, 0 vote, 0 comment နဲ့ စခဲ့သူတွေချည်းပါပဲ။ အဲဒီ့တော့ စာရေးဝါသနာပါသူတိုင်းကို စိတ်အားမငယ်စေချင်ဘူး။ ရှေ့က ရေးပြီးသား စာရေးသူ၊ စာဖတ်သူတွေရဲ့ အတွေ့အကြုံတွေကို Share ပေးထားတာလေးတွေ၊ ဘယ်လိုတွေ လုပ်ရင်ကောင်းမလဲဆိုတဲ့ အကြံဉာဏ်လေးပေးထားတာလေးတွေကို တင်ပေးသွားပါ့မယ်။

တစ်ခုကြိုပြောထားချင်တာက ဘယ်အရာမဆို ပုံသေနည်းဆိုတာ မရှိပါဘူးနော်။ လူတစ်ယောက်အတွက် မှန်ကန်တယ်ဆိုပေမယ့် အခြားတစ်ယောက်အတွက် မှန်ချင်မှ မှန်မှာပါ။ ဒီတော့ ဒီနေရာမှာရေးထားသမျှကို တစ်ထစ်ချ မှန်ကန်လိမ့်မယ်လို့ ယူဆဖို့ထက် ကိုယ့်အတွက် မှန်ကန်နိုင်တာမျိုးလေးတွေကို ရွေးချယ်ခွန်အားယူသွားဖို့ မမွန် အကြံပေးပါရစေနော်။

မမွန်ရဲ့ fb post က comment ဖြေထားသူတွေရဲ့ အဖြေတွေကို ဦးစားပေးတင်သွားပါ့မယ်။ အကြံဉာဏ်ပေးသူတွေရဲ့ username လေးပါ တွဲပြီး တင်ပေးထားပါတယ်။ တစ်ချို့ကျတော့လည်း username ကို မတင်စေချင်မှာစိုးလို့ မရေးထားတာပါ။ ခွင့်ပြုတယ်ဆိုရင် message box ကနေ လာပြောလို့ ရပါတယ်။ မမွန် ထပ်ဖြည့်ပေးပါ့မယ်။ ဒီ chapter အောက်မှာလည်း wattpad က ကိုယ့်ရဲ့အတွေ့အကြုံတွေကို ဝေမျှလို့ရပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အကြင်နာမွန်

******************

"ဖတ်မယ့်လူမရှိလို့ အားလျော့တယ်ဆိုတာထက် ကိုယ်ဘယ်လောက် ရေးနိုင်လဲဆိုတာကို ပိုပြီး စိတ်ဝင်စားစေချင်မိတယ်။ ဘယ်သူမှမဖတ်ရင်တောင် ကိုယ်ရေးတာ ကိုယ်ဖတ်လို့ရတယ်ရယ် ။ ဖတ်တဲ့လူ များတယ်၊ မများဘူးဆိုတာ ကိုယ်ရေးလိုက်တဲ့စာက ဖတ်တဲ့လူနဲ့ထပ်တူကျတယ်၊ မကျဘူးအပေါ်မူတည်လို့ ဖတ်တဲ့လူရှိမရှိ ဖတ်တဲ့လူလိုချင်လို့ ကိုယ်ရေးဖို့ သတ်မှတ်ထားတဲ့စာကို ပြောင်းရေးမယ်ဆိုရင် ဒါစာရေးတာ မဟုတ်တော့ဘူးလို့ ထင်မြင်ယူဆမိပါတယိ ။ ဖတ်သူရှိမရှိ ကြည့်နေတာထက် ငါခေါင်းထဲက စာကို ငါ့အတွေးအတိုင်း တိတိကျကျ ရေးချနိုင်ရဲ့လားဆိုတာ အမြဲတွေးပါတယ် ။ ကိုယ်စိတ်ကူးထဲကအတိုင်း လက်တွေ့ရေးချနိုင်တာလောက် ကျေနပ်စရာကောင်းတာ မရှိဖူးသေးပါဘူး။"

Dear Wattpad AuthorsWhere stories live. Discover now