"ကိုယ်က စာဖတ် ဝါသနာပါတာ ငယ်ငယ်ကတည်းက ... ဝတ္တုတော့ တစ်ခါမှ မရေးခဲ့ဖူးဘူး ... စာစီစာကုံးတွေဆို ကွန့်လွန်းလို့ ဆရာမတွေက ခဏခဏ ပြောတယ် "စာရေးဆရာမ လုပ်မှာလား " တဲ့ ... အဲ့တုန်းကတော့ ရယ်နေခဲ့တာပေါ့ ။ စာဖတ်ရတာတွေကြိုက်ပေမယ့် ဒိုင်ယာရီ တွေကလွဲရင် မရေးဖြစ်ခဲ့ဘူး ။
နောက်တော့ သူငယ်ချင်း တစ်ယောက်ကြောင့် wattpad စသုံးဖြစ်တယ် .... ဖတ်စရာတွေ များလွန်းလို့ တအားပျော်တာပေါ့ .... ကိုယ်တိုင် ရေးဖို့တော့ အစီအစဉ် မရှိဘူး ... ဝတ္တုတစ်ပုဒ် ဖန်တီးဖို့အထိ ယုံကြည်ချက် မရှိခဲ့ဘူး ။
စာစရေးဖြစ်တာ 2nd year ရောက်မှ ! တစ်စုံတစ်ယောက်ကြောင့်လို့ ပြောရမှာပေါ့ ... အစကတော့ ထုံးစံအတိုင်း ဒိုင်ယာရီပဲ ရေးဖြစ်တာ ... နောက်တော့ အမှတ်တရတွေကို ဝတ္တုတစ်ပုဒ် အဖြစ် ဖန်တီးချင်လာတယ် ။ အဲ့တာနဲ့ ပေါ့ပေါ့ပါးပါး တက္ကသိုလ် ကျောင်းသား ဘဝ ဆယ်ကျော်သက် အချစ် ဇာတ်လမ်းလေး တစ်ပုဒ် ကြိုးစားပြီး ရေးဖြစ်တယ် ။
ဖတ်မယ့်သူကတော့ သေချာပေါက် မရှိဘူးပေါ့ ... အရမ်းကို ရေးချင်နေလို့ ...တအား စိတ်အားထက်သန်နေတော့ ..
ဖတ်မယ့် သူမရှိလည်း ...စာရေးနေရတာကို ကြည်နူးနေရတဲ့ ခံစားချက်လေးကို ကြိုက်လို့ ဆက်ရေးဖြစ်တယ် ။ သူငယ်ချင်း အရင်းကြီးတွေကိုတော့ အတင်းကို ကိုယ်ရေးတာ ဖတ်ခိုင်းတာပေါ့ ။ နှလုံးသားကို ရင်းပြီး ရေးခဲ့လို့လား မသိဘူး တဖြည်းဖြည်းနဲ့ ထပ်တူ ခံစားပေးတဲ့ သူငယ်ချင်းတွေ ရလာတယ် ... comment လေးတွေ ရလာတယ် ... ပျော်တာပေါ့ ကိုယ်က ... တအားကို ပျော်တာ .. ။
တက္ကသိုလ်တက်နေရင်းဆိုတော့ ကုန်ကြမ်းတွေကလည်း ရတော့ ဆက်တိုက်ကို ရေးတာ ... ရေးချင်စိတ်က ဘယ်လောက်ထိ ပြင်းပြလဲဆိုရင် စာမေးပွဲတွင်းတောင် ရေးတာနော် ...။ (အဲဒီ့လိုတော့ မလုပ်ပါနဲ့နော်။ xD MaMon )
ကိုယ်တိုင် စီးမြောခံစားပြီး ရေးလို့လား မသိဘူး တဖြည်းဖြည်း ဖတ်ပေးတဲ့သူတွေ ပိုများလာတယ် (update မှန်တာလည်း ပါမယ်ထင်တယ် ) ကိုယ်က ဖတ်မယ့်သူ တစ်ယောက်ရှိလည်း တစ်ယောက် အဲ့တစ်ယောက် အတွက် စာရေးမယ့်သူမျိုး ... မရှိလည်း ရေးချင်စိတ်သာ ဖြစ်နေရင် ထိုင်ရေးချလိုက်တာ ...ရေးရတာကို ပျော်တာ ... အနည်းဆုံးတော့ ကိုယ်ရေးတာလေးတွေ ဖတ်ပေးတဲ့သူတွေ အပျင်းပြေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ... ကိုယ်ရေးတာလေး ဖတ်ပြီး နည်းနည်းလောက် ပြုံးမိရင်ကို ကိုယ် ရေးရကျိုးနပ်ပြီ ။
BẠN ĐANG ĐỌC
Dear Wattpad Authors
Ngẫu nhiênဒီစာအုပ်လေးဟာ wattpad မှာ စာ စရေးချင်သူများနဲ့ စာရေးနေသူများအတွက်ပဲ ရည်ညွှန်းထားတာပါ။