ကိုယ်
သတ္တ၀ါ၏ခန္ဓာ၊ ကိုယ်ခန္ဓာ (နာမ်)
မိမိကိုယ်ကို ရည်ညွှန်းသောစကားလုံး၊ ကျွ န်ုပ် (နာမ်စား)
*******
မင်းကိုယ်ကို မင်း ဘာထင်နေလဲ ဟာ မင်းကိုယ်မင်း ဘာထင်နေလဲ နဲ့ အဓိပ္ပါယ်တူပါတယ်။
မိမိကိုယ်ကို မိမိ ကောင်းအောင်ကြိုးစားမည် ဟာ မိမိကိုယ်မိမိ ကောင်းအောင်ကြိုးစားမည် နဲ့ အဓိပ္ပါယ်တူပါတယ်။
မိမိ နေရာမှာ ကိုယ် ဆိုတဲ့ ပြောသူနာမ်စားကို အစားထိုးကြည့်ရအောင်။
(ငယ်လေးရေးတဲ့ Pro ထဲက Rain ခ ကိုသာ မြင်ကြည့်တော့နော့်။ သူကလည်း သူ့ကိုယ်သူ ကိုယ် လို့ပြောတယ်လေ။ xD )
ကိုယ့်ကိုယ်ကို ကိုယ် ကောင်းအောင်ကြိုးစားမည် ဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်ကြိုးစားမည် ဖြစ်သွားပါလိမ့်မယ်။
ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဆိုတာဟာ သူ့ကိုယ်သူ၊ ငါ့ကိုယ်ငါ၊ နင့်ကိုယ်နင် တို့နဲ့ သဘောတူပြီး 'ကိုယ့်ကိုယ်ကိုယ်' လို့ ရေးမှ မှန်ပါမယ်တဲ့နော်။
************
A/N
ဒါက မမွန် ရှာလို့ ရသလောက်ပါ။ ကိုယ်တိုင်လည်း လည်နေလို့ နားလည်အောင် အထပ်ထပ်ပြန်ဖတ်ရင်း ကြိုးစားရေးထားတာပါ။ လိုအပ်တာရှိရင် ဖြည့်စွက်ပေးကြပါလို့။
Thankyou all.
Love u.
Ma Mon
ESTÁS LEYENDO
Dear Wattpad Authors
De Todoဒီစာအုပ်လေးဟာ wattpad မှာ စာ စရေးချင်သူများနဲ့ စာရေးနေသူများအတွက်ပဲ ရည်ညွှန်းထားတာပါ။