ကိုယ်ရေးထားတဲ့ ဇာတ်လမ်းလေးတွေကို ပုံနှိပ်စာလုံးလေးတွေအဖြစ် မြင်ခွင့်ရဖို့ စာရေးသူအားလုံးနီးပါး လိုလားတောင့်တကြမှာပါပဲနော်။ စာအုပ်လေးအဖြစ်နဲ့သာမြင်ရရင် အရမ်းကို ကြည်နူးစရာကောင်းပါတယ်။
မမွန်ကိုလည်း စာအုပ်ထုတ်ချင်တယ်။ ဘယ်လိုလုပ်ရမလဲဆိုပြီး လာမေးနေကြသူတွေများလို့ ကိုယ့်ရဲ့အတွေ့အကြုံတွေအပေါ် မူတည်ပြီး ဝေမျှတဲ့သဘောပါပဲ။ အားလုံးအတွက် မှန်ကန်လိမ့်မယ်လို့ အာမ မခံရဲသလို ဒီလို ဒီလိုလုပ်ဆိုပြီး ညွှန်ကြားနေတာလည်း မဟုတ်ပါဘူးနော်။ ကိုယ့်တုန်းက ဒီလိုတွေ့ကြုံရတယ်၊ ဒါမျိုးလေးလုပ်ရင် အဆင်ပြေမလားမသိဘူးဆိုပြီးတော့ပဲ အကြံပေးတဲ့သဘောပါ။
စာအုပ်တိုက်မှထုတ်ဝေခြင်း
ထုတ်ဝေသူမှ ကမ်းလှမ်းခြင်း
ထုတ်ဝေသူက ကိုယ်ရေးထားတဲ့ စာမူကို စာအုပ်ထုတ်ပါရစေလို့ လာပြီး ကမ်းလှမ်းဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ အထူးသဖြင့် ကလောင်သစ်တွေကို လာရောက်ကမ်းလှမ်းဖို့ဆိုတာ ၉၉% မဖြစ်နိုင်ပါဘူးလို့တောင် ပြောနိုင်မလားပဲ။ ဒီလိုပြောတာ အားငယ်စေချင်လို့ မဟုတ်ပါဘူး။ အမှန်အတိုင်းသိထားပြီး လွယ်လွယ်နဲ့ စိတ်မပျက်ဖို့ပါ။
စာရေးသူမှ တောင်းဆိုခြင်း
စာအုပ်တိုက်တွေကို ကိုယ်ရေးထားတဲ့စာမူပို့ပြီး ထုတ်ပေးချင်သလား မေးမြန်းတာပါ။ ဒီလိုမေးမြန်းတဲ့နေရာမှာ ဖုန်း၊ အီးမေးလ်နဲ့ မေးမြန်းနိုင်သလို မိမိစာမူတွေကို လူကိုယ်တိုင်လည်း သွားရောက်ပြသနိုင်ပါတယ်။
ကိုယ်ရေးတဲ့ စာမူနဲ့သက်ဆိုင်တဲ့ စာမူတွေထုတ်ဝေပေးတဲ့ စာအုပ်တိုက်လားဆိုတာကိုတော့ အရင် စုံစမ်းဖို့ လိုပါတယ်။ ဘာသာရေးစာပေထုတ်တဲ့ စာအုပ်တိုက်၊ ဘာသာပြန်စာပေထုတ်တဲ့ စာအုပ်တိုက်၊ ရသစာပေထုတ်တဲ့ စာအုပ်တိုက်၊ ကလေးစာပေထုတ်တဲ့ စာအုပ်တိုက် ဒီလိုမျိုး အသီးသီးရှိသလို သီးခြားသတ်မှတ်ထားတာမျိုးမရှိတဲ့ စာအုပ်တိုက်တွေလည်းရှိပါတယ်။
ဒီနေရာမှာလည်း စာအုပ်တိုက်တွေရဲ့ ၉၅% လောက်က ပြန်မဖြေပါဘူး။ ပြန်ဖြေတဲ့ ၄% လောက်ကလည်း ထားခဲ့ပါ။ ဖတ်ကြည့်ပေးထားပါ့မယ်ဆိုပြီး ပြန်မဖြေပါဘူး။ ကံကောင်းသူ ၁% မှာ ပါရင်တော့ ထခုန်ရမှာပဲနော့်။
VOUS LISEZ
Dear Wattpad Authors
Aléatoireဒီစာအုပ်လေးဟာ wattpad မှာ စာ စရေးချင်သူများနဲ့ စာရေးနေသူများအတွက်ပဲ ရည်ညွှန်းထားတာပါ။