Tips&Tricks 5 (Uni)

988 137 3
                                    

အားလုံးရဲ့ အကြံဉာဏ်လေးတွေအတွက် ကျေးဇူးတင်ပါတယ်နော်။ စာရေးနေသူတွေအတွက် အသုံးဝင်ပြီး ခွန်အားဖြစ်စေမယ်ဆိုတာ မမွန် ယုံကြည်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အကောင်းဆုံး ကြိုးစားသွားနိုင်ကြပါစေလို့။

ဒီ Tips&Tricks အစီအစဉ်လေးမှာ ဆွေးနွေးအကြံပြုချက်တွေကို အကျဉ်းချုပ် သုံးသပ်ကြည့်ရအောင်ပါ။

၀ါသနာကို အရင်းခံပြီး စာရေးပါ။

အရမ်းအရေးကြီးပါတယ်။ ဘယ်သူမဆို ကိုယ့်ရေးတဲ့စာတွေကို ဖတ်ပေးမယ့်သူတွေ ရှိစေချင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်သာ ကိုယ် စာရေးဖို့ အရမ်းအရေးကြီးတယ်လို့ မမွန်ထင်ပါတယ်။ အခြားသူတွေပေါ်မှာ မူတည်ခဲ့ရင် အချိန်မရွေး စိတ်ဓါတ်ကျပြီး စာဆက်ရေးဖို့ ခွန်အားမရှိ ဖြစ်သွားနိုင်ပါတယ်။

စာဖတ်သူတွေကို လေးစားပါ။

Update မှန်ဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဇာတ်လမ်းအလယ်ရောက်မှ စာဖတ်သူက ဘာဖြစ်ခဲ့တာလဲဆိုပြီး ရှေ့ကပြန်ဖတ်ရရင် အင်မတန်အားနာစရာကောင်းပါတယ်။ ဘယ်သူမှလည်း ဆက်ဖတ်ချင်မှာ မဟုတ်ပါဘူး။ စာရေးသူက တန်းလန်းထားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို သတိရနေမယ့် စာဖတ်သူဆိုတာ အင်မတန်ရှားပါတယ်နော်။

active ဖြစ်ပါ။

မယုံဘူးဆိုရင် စမ်းလုပ်ကြည့်လို့ရပါတယ်နော်။ wp မှာ acc ဖွင့်ပါ။ ဘယ်သူနဲ့မှ မဆက်ဆံဘဲ အရမ်းကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အစအဆုံး update မှန်မှန်နဲ့ ရေးတင်ကြည့်ပါ။ ကိုယ့်ဇာတ်လမ်းကို အခြားသူတွေ သတိထားမိဖို့ဆိုတာ လုံးဝမလွယ်ကူပါဘူး။ ကိုယ်ကိုယ်တိုင်လည်း wp မှာ active ဖြစ်ပါမှ (reading, comment, vote, follow, sincere feedback, friendship) ကိုယ့်ဇာတ်လမ်းကို အခြားသူတွေ သတိထားမိလာမှာပါ။

အားမလျှော့ပါနဲ့။

ဒါလည်းအရေးကြီးပါတယ်။ လူတိုင်းဟာ ကိုယ့်လိုပါပဲ။ ဘယ်စာရေးသူကမှ နေ့စဉ်နေ့တိုင်း ဇာတ်လမ်းကောင်းကောင်း၊ စာကောင်းကောင်း မရေးနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဖိအားအရမ်းပေးရင် စိတ်ညစ်ရတာပဲ အဖတ်တင်မှာပါ။ မမွန်ယုံကြည်ထားတာက စာရေးတယ်ဆိုတာ ၀ါသနာပါသူတိုင်းအတွက်ပဲ။ ဒီတော့ သူကတော့ စာရေးတာ အရမ်းတော်တယ်။ သူ့လိုမျိုး ငါ မရေးတတ်ဘူး ဆိုပြီး စိတ်အားငယ်ပြီး ကိုယ့်ဝါသနာကို မမေ့လိုက်စေချင်ဘူး။ အားငယ်တာကတော့ မမွန်ကိုယ်တိုင်လည်း ခဏခဏဖြစ်ပါတယ်။ အားငယ်တာနဲ့ အာလျှော့လိုက်တာမျိုးတော့ မဖြစ်စေချင်ဘူးရယ်။

Be Grategul

အားပေးသူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်နေ့တစ်ချိန်မှာတော့ ကိုယ်ရေးခဲ့တဲ့ စာလေးတွေကို ကိုယ်ပြန်ဖတ်ပြီး ကြည်နူးနိုင်မှာပါ။ စာရေးခြင်းကနေ ကိုယ့်ကိုပေးတဲ့ ကြည်နူးကျေနပ်မှုမျိုးဟာ ဘယ်အရာနဲ့မှ မတူပါဘူး။ ၀ါသနာပါသူတိုင်းအတွက် ကိုယ်ဝါသနာပါတာကို လုပ်ခွင့်ရှိတာဟာ အမြင့်မြတ်ဆုံး ဆုလာဘ်တစ်ခုပါပဲ။

ချစ်ခင်လေးစားစွာ

မမွန်

၁၀.၁၁.၂၀၁၈

Dear Wattpad AuthorsWhere stories live. Discover now