နောက်ခံ- အခန်း (33)က Zhao Yunlan တိရှင်းကို သွားခဲ့ပြီး သူ့ရဲ့ professor လေးကို ကယ်တင်ခဲ့ပြီး SID ကို ပြန်လာခဲ့ကြကာ Shen Wei က သူ့အိမ်ကို က်ုယ့်ဘာသာကိုယ်ပြန်မယ် ပြောခြင်းက စတင်ပါတယ်။ဟုတ်တာပေါ့ ကိုယ်တို့ရဲ့ ခေါင်းဆောင် Zhao က သူ့ရဲ့မျက်စိအောက်ကနေ Shen ကို ထွက်ခွာပေးခွင့် ဘယ်ပြုနိုင်ပါ့မလဲ။ ဒီအခန်းက Zhao က Shen ကို အိမ်အတူတူပြန်ဖို့ ခေါ်ယူသွားခဲ့ပြီး နှစ်ယောက်တူတူ နေဝင်ချိန်လေးကို ကြည့်နေတာကနေ ယူထားပါတယ်နော်။နောက်တစ်နေ့ မနက်ကျတော့ Zhao က သူ့ရဲ့ Professor လေးမပါဘဲ Old Chu နဲ့ Da Qing တို့ နှစ်ယောက်နဲ့ပဲ တူတူလာခဲ့တာကို ယူထားပါတယ်နော်။
***************************အသက်ရှုနေ ...အသက်ပဲ ဖြေးဖြေးရှုနေစမ်းပါ...
သူတို့ရဲ့ နာကျင်မှုကို ပြေပျောက်သွားအောင် အချို့ သူတွေ တရားထိုင်ကြသလိုပေါ့။သူ့ရဲ့ အတွေးကို တည်ငြိမ်နေအောင်ထားကာ အသက်ကိုပဲ ဖြေးဖြေးလေး ရှုသွင်းနေဖို့ သူအာရုံစ်ုက်နေခဲ့သည်။သူတို့ရဲ့ နေထိုင်ရာ တိုက်ခန်းကို မရောက်မချင်း အသိမလွတ်သွားဖို့ သူ့ရဲ့ အသိစိတ်က မပြတ်သတိပေးနေခဲ့သည်။နောက်ထပ် မိနစ်အနည်းငယ်လောက် အကြာမှာတော့ သူရဲ့ နေအိမ်အခန်းဝသို့ ရောက်ရှိလာခဲ့ကြပြီး သူ အခန်းထဲသို့ အပြေးလေးဝင်သွားကာ တံခါးချပ်ကို ပိတ်လိုက်ကာ သူ့ရဲ့ နာကျင်မှုကို Zhao ရဲ့ စိုးရိမ်ပူပန်နေတဲ့ မျက်ဝန်းများအောက်က ဖုံးကွယ်ချင်ခဲ့သည်။ဒါပေမဲ့ ထိုသူက သူ့ကို အာရုံစူးစိုက်မှုအပြည့်ဖြင့် စူးစိုက်ကြည့်နေခဲ့ကာ သူ့ကို လွတ်မြောက်ခွင့်မပေးခဲ့။
အရင်တုန်းကလိုပဲ professor Shen လေးဟာChief Zhao ရဲ့ လိမ္မာပါးနပ်မှုကနေ အကြိမ်မရေတွက်နိုင်လောက်အောင် ဘယ်တော့မှ မလွတ်မြောက်နိုင်တာမို့ ဒီတစ်ခါလည်း ထိုသူရဲ့ သူ့အပေါ် မဖြေရှင်းနိုင်တဲ့ ပုစ္စာ တစ်ခုလိုမျိုး သိချင်စိတ်အပြည့် ဖြင့် စူးစိုက်ကြည့်နေခဲ့ခြင်းကနေ သူဘယ်လိုရှောင်နိုင်ပါ့မလဲ။Zhao Yunlan ဆိုတဲ့ လူမျိုးဟာ သူ့လမ်းမှာ ရှိနေခဲ့တဲ့ ဘယ်အရာမျိုးကိုမဆို အလွတ်မပေးတတ်တဲ့ အကျင့်ရှိတဲ့သူပဲ အထူးသဖြင့် Zhao ဘေးနားမှာ ထားချင်တဲ့ Shen ကို ဆို ပိုဆိုးပြီး ဘယ်လိုလုပ်ပြီး ဒီအတိုင်း လွတ်ပေးနိုင်မလဲလေ။

YOU ARE READING
Guardian ( Zhen Huen) BL Fanfiction -myanmar translation [One-Shot stories ]
Fanfictionဒီ fanficလေးက Author MiniOrchid ဆီမှ ယူပြီး ဘာသာပြန်ထားတာဖြစ်ပါတယ် သာသာ ဘာမှ ကိုယ်ပိုင်မဟုတ်ပါ ကြိုက်လွန်းလို့ ယူပြီး ပြန်ထားခြင်း ဖြစ်ပါတယ်😊😊😊