Episode 23- " Even if some tragedies are destined"

1.3K 102 4
                                    

" မင်း ကိုယ့်ကို လိမ်ဖို့ မကြိုးစားနဲ့ " Zhao အက်ကွဲနေတဲ့ အသံ သူအသံလို့တောင် သူမထင်တဲ့ အသံဖြင့် ပြောလိုက်မိသည်။ သူ့ရင်ထဲ တင်းဆို့နေကာ ဖိအားများကလည်း သူ့လည်ချောင်းထဲက တိုးထွက်မတတ်ပင် ဖြစ်နေသည်။
" မင်း ကိုယ့်မျက်လုံးကို ကုဖို့ ဘာလုပ်ခဲ့တာလဲ ""
  သူ သိခွင့်ရဖို့ တောင်းဆိုလိုက်သည်။
  သူ့ရဲ့ တစ်ဦးတည်းသော ချစ်ခင်မြတ်နိုးရသူ အနက်ရောင်တမန်တော် Shen Wei ဟာ တိတ်ဆိတ်နေကာ တစ်ခုခုကို ဖုံးကွယ်ထားသလိုပင်။ သူသိသည် Shen Wei ဟာ ပုံမှန်အားဖြင့် စကားအပို မပြောတတ်သူဖြစ်ပြီး အေးအေးဆေးဆေး နေတတ်သူလည်း ဖြစ်သည်။ ဒါပေမဲ့ အခု သူ့ကို ကြည့်ရသည်မှာ တစ်ခုခုကို အတင်းရှောင်ကြဉ်ထိန်းသိမ်းနေသလို မလုံမလဲဖြစ်နေခဲ့သည်။ Zhao ရဲ့ အလိုလိုသိစိတ်သည် ဘယ်တော့မှမမှား။ သူ့ရဲ့ ကြင်နာနူးညံ့ပြီး သူ့အပေါ်ကောင်းလွန်းလှတဲ့ Professor Shen ဟာ သူ့ရဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ထားတောင်မှ သူ အန္တရယ်ကျရောက်တိုင်း သူ့ဘေးနားထွက်ပေါ်လာကာ အမြဲကာကွယ်ပေးခဲ့သူလဲ ဖြစ်သည်။
  အဖြစ်အပျက်များစတင်ခဲ့ပြီး နောက်ဆုံး Zhao Yunlan သက်ရှည်နာရီ ကို အသုံးပြုပြီးတဲ့ အထိ Shen Wei ဟာ သူ့ဘေးနားမှာ စွဲစွဲမြဲမြဲ ကြံ့ကြံ့ခံကာ သံသဃ အဝင်ခံ အပြောအဆိုခံပြီး သူ့ကို ကာကွယ်ဖို့ သူ့ကို စောင့်ရှောက်ဖို့အတွက်ဆို ဘာမှလုပ်ရ လုပ်ရ လုပ်ခဲ့သူဖြစ်ပြီး လိမ်ညာပြောဆိုရမည်ဆိုရင်တောင် လုပ်မဲ့သူဖြစ်သည်။
   Shen ဟာ ပထမဦးဆုံးနေ့ထဲက သူ့ရဲ့အခြေအနေကို ဖုံးကွယ်ခဲ့တာ ဖြစ်တယ်။ ဘာကြောင့်များသူ့ကို ကာကွယ်ပေးဖို့အတွက် အဲလောက်တောင် ကြိုးစားနေပါသလဲ ။ အစကတော့ သူမနေတတ် မထိုင်တတ်ဖြစ်ကာ သူ့ဂရုစိုက်မှုတွေကို ရှက်မိခဲ့သည်။အခုတော့ သူ့ ဂရုစိုက်မှုတွေနဲ့ နေသားကျလာခဲ့သည်။ အခု Shen သူ့မျက်လုံးတွေကို ကုသပေးဖို့ ဘာတွေများလုက်လိုက်ပါသည်လဲ ။ Shenရဲ့ အပြစ်မကင်းသော မျက်နှာချိုအပြုံးလေး သူ့ရဲ့ ဖုန်းကွယ်ထားသော မျက်လုံးထဲက အရိပ်များကို Zhao ကြည့်ပြီး အလိုလို နားလည်လာခဲ့သည်။ သူ့ကို ကုသဖို့ အတွက် တူညီတဲ့ပေးဆပ်မှုဟာ ဘာများဖြစ်နေပါသည်လဲ။
    Zhao ရဲ့ အကြိုးအကြောင်းမစဉ်းစားမှု ၊ သူ့ရဲ့ သူရဲကောင်းလုပ်ချင်မှု ၊ အသိညဏ်ကင်းမဲ့တဲ့ သူတစ်ယောက်လို လုပ်လိုက်ခြင်းက သူချစ်မြတ်နိုးရတဲ့ သူ အရမ်း မြတ်နိုးတန်ဖိုးထားဂရုစိုက်ရတဲ့ လူတစ်ယောက်ကို အန္တရယ် ပေးမိခဲ့ပြီလို့ သိလိုက်မိခဲ့သည်။
Zhao စူးရဲစွာ Shen ကို ကြည့်နေမိကာ Shen ကတော့ သူ့အကြည့်တွေ ရှောင်ဖို့ ကြိုးစားနေလေသည်။
  " မင်း သက်ရှည်နာရီိကို သုံးလိုက်တယ်"
အဖြေကို သိနေသလိုမျိုး Zhao ပြောလိုကိမိတယ် ။ ရုတ်တရက် Shen ရဲ့ အမူအရာတွေ အကုန်လုံးဟာ ရပ်တန့်သွားသလိုပဲ။ဟုတ်တယ် သူမှန်ခဲ့တယ် ဒါပေမဲ့ အမှန်တရားဟာ သူ့ရင်ဘတ်ကို နာကျင်အောင်ခြေမွ နေခဲ့ကာ သူစိတ်ဆိုးနေသည်ထက် ကျော်လွန်နေခြဲ့ပြီ။
  Zhao... Shen ဘေးကို လျှောက်သွားလိုက်တယ်။ " မင်းရဲ့ အသက်အားတွေကို ကိုယ်နဲ့မျှဝေလိုက်တယ်  ကိုယ့်ကို တိုက်စားနေတဲ့ စွမ်းအားတွေကို ဖျက်ဖို့ မင်းရဲ့ စွမ်းအားတွေကို သုံးလိုက်တယ် ... ဟုတ်တယ်မလား..." သူမေးလိုက်တယ်။
" ကိုယ် ...ကိုယ်"
Shen ရဲ့ မျက်လုံးတွေဟာ နီရဲနေပြီး ငိုတော့မလိုဖြစ်နေကာ တိုးတိုးရေရွတ်သံလေး ထွက်လာလေသည်။Shen က အခြေအနေကို
ထိန်းချုပ်ဖို့ ကြိုးစားလိုက်ကာ
" ကိုယ့် ကိုယ်ထဲက စွမ်းအားတည်ဆောက်မှုတွေက ဆိုးဆိုးရွားရွားထိခိုက်တဲ့ ဝေဒနာခံစားလိုက်ရတယ် အဲဒါကြောင့် ကိုယ့် ကိုယ်ထဲက စွမ်းအားတွေ အကုန်လုံးကို လဲလှယ်ပစ်ဖို့ လိုအပ်တယ်..."

Guardian ( Zhen Huen) BL Fanfiction -myanmar translation [One-Shot stories ] Tempat cerita menjadi hidup. Temukan sekarang