Episode 28 - "Without you ..."

1.2K 102 8
                                    

နောက်ခံ:   ဒီအခန်းလေးက ခေါင်းဆောင် Zhao က သူ့အဖေအတွက် အစိုးရိမ်လွန်ပြီး professor Shen ရဲ့ သတိပေးတားမြစ်ထားတာကို ဖောက်ဖျက်ကာ သက်ရှည်နာရီကို ထိကိုင်လိုက်တာက စတင်ပါတယ်။ Zhao မေ့လဲသွားခဲ့ပြီး Professor Shen က Zhao ရဲ့အိမ်ကို ပြန်ခေါ်လာခဲ့ပြီး မေ့မျောနေတာကို စောင့်ကြည့်နေတာက စတင်ပါတယ်နော်...
***
   Warning-NSFW

တိတ်ဆိတ်ငြိမ်သက်နေသည်။
ပျော်ရွှင်စေတဲ့ စိတ်သဘောထားညီညွတ်မှုတွေ သယ်ဆောင်လာတဲ့ အချိန်လေးပါပဲ ငြိမ်းချမ်းမှုရဲ့ ကတိထားတာတွေကို ဆုပ်ကိုင်ထားပြီး ငြိမ်သက်အေးချမ်းတဲ့ အချိန်ခဏလေးရဖို့အတွက် အတွေ့အကြုံယူကာ ကြိုးပမ်းနေကြသည်။

ဘာလိုပဲဖြစ်ဖြစ် အချို့ ငြိမ်သက်မွန်းကြပ်မှုတွေဟာ အသံကင်းမဲ့စေသည်လေ။ Zhao Yunlan က တတ်ဆိတ်ငြိမ်သက်မှုတွေကို ကြောက်လန့်ကာ အမြဲ သူ့ပတ်ဝန်းကျင်ကို ဆူညံအောင်လုပ်လေ့ရှိသည်။အဲဒါကြောင့်ပဲ သူ့ဘေးနားမှာ စကားပြောရတာ ကြိုက်တဲ့ လူ စိတ်ဆိုးတတ်တဲ့သူ ရယ်မောပျော်ရွှင်စေတဲ့လူ Xiao Guo ရဲ့ကြေက်လန့် တီးတိုးပြောဆိုတာတွေ Zhu Hong ရဲ့ စိတ်မြန်လက်မြန်ရှိတာတွေ Wang Zheng ရဲ့ပွစိပွစိပြောတာတွေ Sang Zanရဲ့ထစ်ထစ်ပေါ့ငေါ့ ပြောတာတွေ Da Qing ရဲ့ အော်ဟစ်သံတွေ ပြီးတော့ Lin Jing ရဲ့ မထိတထိ မှတ်ချက်ပေးမှုတွေ old Chu ရဲ့ စူးရှတဲ့ အကြည့်တွေက အခါအားလျော်စွာ တိတ်ဆိတ်မှုတွေကို ဖျက်ဆီးပစ်ကာ သူ့ဘေးနားတွင် ဆူညံလေ့ရှိသည်။

Zhao Yunlan သူကိုယ်တိုင်ကတော့ အမြဲ စကားများတတ်တဲ့သူဖြစ်သည်။ဘာကြောင့်လဲဆိုတော့ သူအတွေးထဲမှာ သူတစ်ယောက်တည်းဖြစ်နေတာကို မကြိုက်တတ်လို့ပင်ဖြစ်သည်။

ဘယ်လိုပင်ဖြစ်ဖြစ် အခု အချိန်လေးအတွင်းမှာတော့ အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေတဲ့ လူဆီက တိတ်ဆိတ်မှုကို မချိုးဖျက်နိုင်ဘူး ဖြစ်နေခဲ့သည်။ ဒီည အစောပိုင်းတုန်းက သူ့ရဲ့Professor လးက သူမေ့လဲသွားပြီးသည့်နောက်မှာ သူ့နေရာကို ပြန်ခေါ်လာခဲ့သည်။Professor လေးရဲ့ တားမြစ်ထားမှုကို ဖောက်ဖျက်ကာ သက်ရှည်နာရီနှင့် ထပ်ပြီး ဆက်သွယ်မှု ပြုခဲ့ မိသည်။ သူနိုးလာတော့ မှောင်နေတဲ့ အခန်းထဲမှာ သူ့ရဲ့ အနီးမှာ ထိုင်ပြီး အသိလွတ်နေတဲ့ သူ့ကို စိုက်ကြည့်နေတဲ့ Shen Wei ကို တွေ့လိုက်ရသည်။ သူ့ရဲ့ စိတ်ရှုပ်ထွေးနေမှုတွေကို စုစည်းပြီးတဲ့ အခါမှာတော့ သူထထိုင်လိုက်လိုက်သည်။ ဒါပေမဲ့ စိတ်ဆိုးနေသည့်Shen ဆီမှ ဘာတုံ့ပြန်ချက်မှ မရ။ ပူလောင်နေတဲ့ နွေညလေးကို အေးခဲစေတဲ့ သူ့ရဲ့ နက်မှောင်နေတဲ့ အကြည့်တွေဖြင့် Zhao ကို စိုက်ကြည့်နေဆဲဖြစ်သည်။

Guardian ( Zhen Huen) BL Fanfiction -myanmar translation [One-Shot stories ] Hikayelerin yaşadığı yer. Şimdi keşfedin