Episode 35 Part 1 - "His Name Was Yunlan .."

739 45 8
                                    

နောက်ခံ-အခန်း(35) Zhao Yunlan လွန်ခဲ့ တဲ့ နှစ်တစ်သောင်းကို ပြန်ရောက်ရှိသွားပြီး အနက်ရောင်တမန်တော် Shen Wei နဲ့ တွေ့လိုက်ရတာကို ယူထားခြင်းဖြစ်ပါတယ်နော်

********************

ဖျတ်ခနဲ ခိုးကြည့်မိတဲ့ အကြည့်တွေ..တုန်လှုပ်နေတဲ့ အကြည့်တွေ..

သူဘာတွေပဲ တွေးနေလဲဆိုတာကို Zhao သတိမထားမိခဲ့ပဲ ခဏခဏကို သူ့ရှေ့က အနက်ရောင်လူသားလေးကို စိုက်ကြည့်နေမိတော့ သူ့အကြည့်တွေ အောက်မှာ အချိန်အနည်းငယ်လောက် Shen Wei ရဲ့လှုပ်ရှားမှုတွေ တုန်လှုပ်ရပ်တန့်သွားခဲ့ရသည်။သူ့ရဲ့ ကြာရှည်လှတဲ့ အကြည့်စူးစူးတွေက မထုတ်ဖော်ပြနိုင်တော့တဲ့ အတွေးတွေကို အဝေးသို့ ပြေးထွက်သွားစေနိုင်သည်လေ။ခေါင်းဆောင်လေးလဲ ဘယ်လိုမှ မကူညီနိုင် ဒါပေမဲ့ သူ့ရဲ့အတွေးတွေကတော့ အခုချိန်အထိ တဝဲလည်လည် ဖြစ်နေတုန်းပါပဲ။နှစ်ပေါင်းမြောက်မြားစွာ အလွန်မှာတောင်မှ ဒီအနက်ရောင်တမန်တော်လေးက သူလိုချင်တဲ့ အတိုင်း လေးယဉ်ကျေးနူးညံ့နေခဲ့တာလား..ဒါမှမဟုတ် သူက လိုအပ်တာထက်ပိုပြီး ဒီလို ပုံစံမျိုးလေးကို စိတ်ထဲ စွဲနေမိလို့လား...

ဒီ ချဉ်းကပ်ရန် ခက်ခဲလှတဲ့ နီးစပ်ဖို့လည်း မလွယ်ကူလှတဲ့ သူ့ကိုယ်သူ ဒီကမ္ဘာကြီးအတွက် ပေးဆပ်နိုင်တယ်လို့ ဆုံးဖြတ်ထားတဲ့ ဒီလူသားဟာ သူ့အရှေ့မှာ ဒီလိုလေး ထိုင်နေသည်တဲ့လား။ထူးပြီး မအံ့သြတော့ပါဘူး..အနက်ရောင်တမန်တော် ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်နေသယောင် ခံစားလျက်တွေကို ပေးစွမ်းနေတဲ့ လူငယ်လေးက ဘယိလိုပဲ ဖုံးကွယ်ထားပေမဲ့ နူးညံ့ညှင်သာစဲ ဖြစ်နေကာ ဒီကမ္ဘာလောကကြီးရဲ့ အမှောင်မိုက်ဆုံးနေရာမှာတောင်အလင်းလက်ဆုံးဆုံး အဖြူစင်ဆုံး လူသားလေးအဖြစ် ကျန်ရှိနေမှာပဲဖြစ်သည်လေ။ဒါပေမဲ့ သူ့ကိုယ်သူ ဒီရက်စက်ခါးသီးလှတဲ့ ကမ္ဘာကြီးကိုကာကွယ်ဖို့ သူ့ရဲ့ဘဝကို မြုပ်နှံထားသော လူလဲဖြစ်နေသည်လေ။သူ့ရဲ့ အနက်ရောင်မျက်နှာဖုံးအောက်မှာ သူ့ရဲ့နူးညံ့ကြင်နာခြင်းတွေကို ဖုံးကွယိထားပြီး တော့ပေါ့။ဘယ်လိုပင်ဖြစ်ပါစေ သူ့ရဲ့ တောက်ပလှတဲ့ အရှိန်အဝါ လေးက ဘယ်လိုမှကို ဖုံးကွယ်လို့ မရနိုင်ဘူးလေ။ဒီလို အတိုင်းထက်အလွန် ချောမောခန့်ညားနေတဲ့ လူသားလေးထံမှ ဘယ်လိုပိုးပန်းချင်သူမှ မလွတ်မြောက်နိုင်ချေ။သူ အပါအဝင်ပေါ့..။

Guardian ( Zhen Huen) BL Fanfiction -myanmar translation [One-Shot stories ] Where stories live. Discover now