Episode 26- "Don't go ..."

1.2K 88 9
                                    

နောက်ခံ _ ဒီအခန်းလေးက Professor Shen ရဲ့ အခန်း ပျက်စီးသွားခြင်းက စတင်ပါတယ်။Zhao Yunlan ပင်ပန်းသွားပြီး သားရေထိုင်ခုံပေါ်မှာ အိပ်ပျော်သွားတာက စတင်ပါတယ်နော်။

ရှည်ကြာလှတဲ့ နေ့လေးတစ်နေ့ပါပဲ မပြီးဆုံးနိုင်တဲ့ စာရွက်စာတမ်းတွေကို ကြည့်ရှုစစ်ဆေးနေကြတာ ညလယ်တောင်ရောက်ရှိလာခဲ့ပြီ။Zhao က သူအရမ်းပင်ပန်းနေခဲ့တာတောင် အနားယူဖို့ ငြင်းဆန်နေပြီး professor လေးကတော့ Zhao ရဲ့ ကျန်းမားရေးကို စိတ်ပူနေခဲ့သည်။ဒါပေမဲ့ သူ့ကို မတားဆီးနိုင်တာကို Shen သိသည်။ဘာဖြစ်လို့လဲဆိုတော့ Zhao တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ထားသည်ကို အခြား ဘာနှင့်မှ မတားဆီးနိုင်ဘူးဆိုတာကိုပေါ့ ။ ဘာစကားတစ်ခွန်းမှ ပြောစရာ မလိုအပ်ပဲ သူတို့ တစ်ယောက်နှင့် တစ်ယောက် နားလည်ကြသည်လေ။ ဒီလိုမျိုး ပြောပြစရာ မလိုတဲ့ ဆက်သွယ်မှုတွေက တန်ဖိုးကြီးလှကာ ခိုင်မြဲကြသည်လေ။ ဒီဆက်သွယ်မှုတွေကဂဘယ်တော့မှ ပျက်ဆီးသွားမှာ မဟုတ် နောက်ဆုံး တစ်ယောက်ရဲ့ နှလုံးသားမရှိတော့မှသာ ပျက်ဆီးသွားနိုင်မည်။

ဘယ်လိုပဲ ဖြစ်ဖြစ် Zhao ရဲ့ ကျန်းမာရေးကိုဂထိန်းသိမ်းဖို့ အတွက် Shen ဘာပဲလုပ်ပေးရ လုပ်ပေးရ လုပ်မည်ပင်။ သူ အချိန် အနည်းငယ်လောက် Zhao တစ်ခုခု စားနိုင်အောင် သွားလုပ်နေခဲ့ကာ သူ ပြန်လှည့်လာတော့ Zhao က အိပ်ပျော်နေခဲ့ပြီ။ Shen တစ်ချက် ပြုံးမိကာ ဘာမှ မကူညီလိုက်နိုင်ခဲ့ ။ နောက်ဆုံးတော့ Zhao ပင်ပန်းနေတာကို အရှုံးပေးလိုက်ပြီ ထင်သည်လေ။ ဒီလူကတော့ ဘယ်နေရာ ဖြစ်ဖြစ် အိပ်ပျော်နိုင်သည်ပဲ။

အသီးပန်းကန်လေးကို ချထားလိုက်ပြီး Shen wei သူရဲ့ ကုတ်အကျီ င်္လေးကို ယူလိုက်ကာ ငြင်သာစွာနှင့် Zhao အပေါ်ကို လွှမ်းခြုံထားပေးလိုက်သည်။ပြီးတော့ အရင်က အကြိမ်အရေအတွက်မနိုင်လောက်အောင် သူလုပ်ခဲ့သလိုမျိုး Zhao အိပ်ပျော်နေတာကို သူထိုင်ကြည့်နေမိခဲ့သည်။ ပထမဦးအကြိမ် ကားပေါ်မှာ Zhao သူ့ကို မှီတွယ်အိပ်ပျော်သွားတာက စတင်ခဲ့ကာ ပထမတော့ သူ တွေဝေနေမိပြီး နောက်ဆုံးမှာတော့ သူ့ကိုသူ မထိန်းသိမ်းနိုင်ခဲ့ပေ။ အဲဒီညက စတင်ပြီးတော့ Shen ရဲ့ စိတ်ထဲမှာ တစ်ခုတည်းသော ကျန်ခဲ့တဲ့ အကြောင်းက Zhao ကို ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားခြင်းပါပဲ။

Guardian ( Zhen Huen) BL Fanfiction -myanmar translation [One-Shot stories ] Donde viven las historias. Descúbrelo ahora