Episode 21-"After 'Xiao Wei'"

2.5K 106 8
                                    

နောက်ခံ- ဒီအခန်းက Zhao Yunlan က ရှောင်ဝေး လို့ သူတို့ SID ကို မပြန်ခင် ခေါ်လိုက်ခြင်းက စပါတယ် ပြီးတော့ မူရင်းစာအုပ် အခန်း 59 ကလည်း အနည်းငယ် ထုတ်နုတ်ယူထားပါတယ် ဒါပေမဲ့ အခြေခံကတော့ series character ကိုပဲ ယူထားတာ ဖြစ်ပါတယ်
Shen က သူ မီးဖိုချောင်လဲဝင်ပြီး ညစာအတွက်မလုပ်ခင် chief ကို ဆိုဖာပေါ်မှာ သက်တောင့်သက်တာနားနေနိုင်ရန် ထားခဲ့သည် ဒီရှည်လျားလှတဲ့တစ်နေ့တာအတွင်း သူတို့တွေလည်း အလုပ်များနေခဲ့တာ ဖြစ်ကာ chief လည်း မတ်တတ်တောင်မရပ်နိုင်တော့။ Zhao Yunlan ဟာ မျက်စိကွယ်နေပေမဲ့လည်း သူ့ပတ်ဝန်းကျင်က လူတွေကို အားပေးအားမြှောက်ပြုနေစဲပဲ ဖြစ်ကာ ရယ်မောပျော်ရွှင်နေအောင်လည်း လုပ်နေစဲပဲဖြစ်သည်။Zhao က သူလိုအပ်တာကိုလုပ်ဖို့အတွက်သူများဂရုစိုက်တာကို လိုချင်တဲ့သူမျိုး မဟုတ်ပေ။ ဘယ်သူမှ သူ့နားမှာ ကူညီနေတာကိုလည်း မလိုချင်ခဲ့ ။ ဒါပေမဲ့ တစ်ယောက်သောသူကို တော့ သူ့နားမှာ ရှိပြီး ပြုစုပေးနေတာကို လိုချင်ခဲ့တာ သူမလိုချင်သည့် ဂရုစိုက်မှုမျိုးကိုလည်း ပြုလုပ်ရန် Shen Wei တစ်ယောက်တည်းကိုသာ ခွင့်ပြုခဲ့သည်။
သူဒီနေ့ " ရှောင်ဝေး" လို့ ခေါ်ခဲ့သည်။ ဒီခေါ်သံကို Shen ကြားလိုက်မိသည့် ခဏအတွင်း နှလုံးခုန်သံတွေ ရပ်တန့်သွားမိကာ သူ့ကို စိုက်ကြည့်မိခဲ့သည်။ Zhao. ကို့ကြည့်ရသည်မှာ သူ့ကိုယ်သူဘာလုပ်မိမှန်းတောင်မသိပေ။ Shen ကလည်း သူ့ကို ဘယ်တော့မှ မသိစေချင်ခဲ့။ ပူပန်သောကတွေ ပြန်လာခဲ့အခါမှာတော့ Shen သူ့ရဲ့ ပျော်ရွှင်မှုကို ပြန်လည်ထိန်းသိမ်းခဲ့ရသည်။ ဒီခေါ်သံကို သူစောင့်နေခဲ့တာကြာခဲ့ပြီ မလား ။
သူဘယ်အချိန်အထိ စောင့်နေနိုင်မလဲ။ သူဘယ်အချိန်အထိ သူ့ခံစားချက်တွေကို သိုဝှက်နိုင်မလဲ။ သူ့လိုအင်ဆန္ဒတွေကိုရော ဘယ်အချိန်အထိ ထိန်းချူပ်နိုင်မလဲ။
တွေဝေမိန်းမောနေတဲ့ professor Shen ဟာ လဲပြိုသံတစ်ခု ကြားပြီးမှာတော့ နောက်ကို ကြည့်လိုက်မိသည်။ သူမြင်လိုက်ရသည်မှာတော့အိပ်ရာဘေးမှာ လဲပြိုနေတဲ့ Zhao ပါပဲ ။
"မင်းဘာလုပ်ချင်လို့လဲ"
လို့ မမြင်ရတာတောင် ငြိမ်ငြိမ်မနေနိုင်သည့် Zhao ကို ကြည့်ပြီး Shen မေးလိုက်မိသည်။ သူချက်ချင်းတွေးလိုက်မိသည်က အောက်ခံကော်ဇော် ကောင်းကောင်းဝယ်ကာ လဲပြိုရင် မနာကျင်အောင် ဒါမှမဟုတ် Zhao ကို မြေအောက်အကျဉ်းစခန်းထဲမှ ချုပ်ထားရင်ကောင်းမလား ။ဒါမှ ငြိမ်ငြိမ်နေနိုင်မှာ လို့ သူထင်သည်။
"ကိုယ်အဝတ်အစားလိုချင်လို့"
Zhao လည်း သူကို့ ထူမပေးနေသော Shen ကို ဖြေလိုက်သည်။
"ဘာလို့လဲ" Shen လည်း စူပုတ်နေသည့် အမုအရာဖြင့် မေးလိုက်မိသည်။
Chief လည်း သူ့ မူပိုင်အပြုံး ဖြင့်
"်မင်းနဲ့ ဘယ်လို တူနိုင်မလဲ Professor Shen , အမြဲ မနက်ခင်းမှာ ရှိတဲ့ စိမ်းလန်းနေတဲ့ ပန်းအနဲ့ ရှိသူနဲ့လေ , တစ်နေ့လုံးပြေးလွားနေတော့ ကိုယ်အနံ့က တကယ်ဆိုးရွားနေပြီ ဒီရက်ပိုင်းအတွင်း ရေလည်းမချိုးဖြစ်ဘူးလေ ဒီလောက်နံစော်နေတာ ကို မင်းဘယ်လိုများ သည်းခံနေတာလဲ အံ့သြဖွယ်ရာ ပဲ ""
Chief ကို အိပ်ရာသို့ ပြန်လည့်ပို့စဉ် Professor Shen လည်း သက်ပြင်းချမိသည်။
"ကိုယ် မင်းအဝတ်တွေ ယူပေးမယ် ပြီးတော့ ရေစို တဘတ်ကောပဲ မင်း ကိုယ့်ကို ကိုယ် နာကျင်အောင်မလုပ်မိခင် ထိုင်နေတာ အကောင်းဆုံးပဲ"
Shen လည်း Zhao ကို ဖြောင်းဖြမိသည်။ဒါပေမဲ့ Zhao က ငြင်းဆန်နေတာ " ကိုယ်တစ်ကယ် ရေချိုးဖို့ ပြင်းပြင်းထန်ထန် လိုအပ်နေပြီကွာ"
Shen လည်း တိတ်ဆိတ်နေမိသည်။ အမှနိတကယ်တော့ဘယ်လိုမှ Zhao ကို သူုမျကိစိအောက်က ငါးမိနစ်လောက်တောင် အပျောက်မခံနိုင်ပေ။သူ့ရဲ ပျက်ကွက်မှုကြောင့် Zhao အမြင် ဆုံးရှုံးခဲ့တာ ဖြစ်ကာ အဖြစ်အပျက်အများကြီးလည်း ဒီနေ့ဖြစ်ခဲ့သည်။Zhao ကို တစ်ယောက်တည်း ထပ်မထားဖို့ဆိုတာ သံသဃ ရှိစရာပင်မလို။ တစ်ယောက်တည်းထားလိုက်လျှင် သေချာသည် Zhao သည် အန္တရာယ်ကြားထဲ ထပ်တိုးဝင်အုံးမှာ ဖြစ်သည်။
မမြင်ရတောင်မှ Shen အတွေးကို Zhao ခံစားရကာ
"တကယ်လို့ မင်း ကိုယ့်ကိုစိတ်ပူနေသေးရင် ကိုယ်နဲ့ တူတူ ရေချိုးလို့ရတယ်လေ"
သာမန်ပုံစံဖြင့် တိုက်တွန်းလိုက်သည်။ ဒါပေမဲ့ ရေတူတူချိုးဖို့ဆိုတာ အဲလောက်မရိုးရှင်း အထူးသဖြင့် သူတို့လို တစ်ယောက်အပေါ် တစ်ယောက်ခံစားချက်ရှိတဲ့ သူများအဖို့ ပိုဆိုးသည်။
" ကိုယ် ... ကိုယ် "

Guardian ( Zhen Huen) BL Fanfiction -myanmar translation [One-Shot stories ] Donde viven las historias. Descúbrelo ahora