အတိတ္ဆီသို႔ ...

1.9K 85 24
                                    

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် .... ။

တက္ကသိုလ်မြေထဲ ခြေချလိုက်သည်နှင့် လူရော စိတ်ပါ သစ်လွင်သွားသည် ။ ကျောင်းဖွင့်ရက်မို့ ဟိုဟိုဒီဒီ သွားလာ လှုပ်ရှားနေသော ဆယ်ကျော်သက် ကျောင်းသူ ကျောင်းသားလေးများက လက်ညှိုးထိုးမလွဲ ။

အုပ်စုလိုက် သွားလာနေသော ကျောင်းသူ ကျောင်းသားများက အချင်းချင်း စနောက်ပြီး ရယ်မောလျက် ။ တစ်ချို့ကလည်း အတွဲလေးတွေ ကိုယ်စီဖြင့် ။ ချစ်သူ၏ လက်မောင်းကို ခိုတွဲလျက် ခပ်ဖွဖွ လက်သီးဆုပ်လေးကို မနာအောင် ထုပြီး ကျီစားနေဟန် ။

တစ်ကိုယ်တည်း သမားတွေလည်း ရှိသည် ။
နားကြပ် တစ်ဖက်ကို တပ်ပြီး ဘာကိုမှ ဂရုမစိုက်သည့် ပုံစံဖြင့် တစ်ကိုယ်တော် လျှောက်လှမ်းနေသည် ။ ဆင်တူဝတ်စုံ မလိုသည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူလေးတွေမို့ အဝတ်အစားလေးတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် ပုံစံမတူ ။

မြန်မာ ဝတ်စုံ ချုပ်ထည်လေးတွေကို ဝမ်းဆက် ဝတ်ကြသည့် ကောင်မလေးတွေလည်း ရှိသလို ရယ်ဒီမိတ် ပေါ့ပေါ့ပါးပါး အင်္ကျီလေးတွေကို ဝတ်ဆင်ထားသည့် ကလေးမတွေလည်း ရှိသည် ။ ယောက်ျားလေးတွေကတော့ ရှင်းသည် ... ရှပ်အင်္ကျီနဲ့ တီရှပ် ၂ မျိုးသာ အဝတ်များသည်လေ ။

"အန်တီ ကျောင်းသားရေးရာက ဘယ်မှာလဲ မသိဘူး "

အသံချိုချိုလေး လွင့်ပျံ့လာမှ အတွေးစကို ဖြတ်ပြီး ကြည့်လိုက်တော့ ချစ်စရာ ကလေးမလေး တစ်ယောက် ။

"ဟိုရှေ့က မြင်နေရတဲ့ ပင်မဆောင်ကြီးမှာ "

"ဟုတ်ကဲ့ ကျေးဇူးပါရှင့် "

ရယ်မောပြီး တတ်တတ်ကြွကြွ ထွက်သွားသော ဆံပင်ဂုတ်ဝဲနှင့် ကောင်မလေးရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ခပ်ပါးပါး ပြုံးမိသည် ။

ကိုယ်တောင် အန်တီအခေါ်ခံရသည့် အရွယ်ကို ရောက်လာခဲ့ပြီ ။ အင်းလေ ... အသက်တွေလည်း ငယ်တော့သည် မဟုတ်။
အချိန်တွေ ကြာသွားသည့်တိုင် အမိ တက္ကသိုလ်ကြီး၏ အငွေ့အသက်များက မပြောင်းမလဲ တည်ရှိလျက် ။

အတိတ်တွေက လွမ်းမောဖွယ် ကောင်းသလို ကိုယ့်ဘဝမှာ တက္ကသိုလ် တတ်ခဲ့သည့် အချိန်ကာလတွေက အပျော်ရွှင်ရဆုံး အတိတ်တွေ ဖြစ်ခဲ့ရသည်ဟု ပြောရမည်ဆိုလျှင်လည်း မမှား ။

Short Stories Onde histórias criam vida. Descubra agora