[ မီးခိုးရောင် ရပ်ဝန်းငယ် ]
================ဥက္ကဌကြီးသည် မျက်ခုံးတွေကို တွန့်ကွေးကာ မျက်ဝန်းများ မှိတ်ထားပြီး တစ်ခုခုကို တွေးတောနေဟန် ။
"ဥက္ကဌကြီး "
မျက်ဝန်းတွေ ပြန်ပြီး ပွင့်လာသော်လည်း စားပွဲပေါ်မှ စာအိတ်ကို စိုက်ကြည့်နေပြီး သက်ပြင်းချသည် ။ လက်ကလည်း စားပွဲခုံကို ခပ်ဖြည်းဖြည်း ခေါက်နေပြီး စိတ်ရှုပ်ထွေးစွာ ခေါင်းရမ်းသည် ။
"ပြန်ယူသွား "
လက်ထဲ ပြန်လည် ထိုးထည့် ခံလိုက်ရသော စာအိတ်ငယ်ကား ကျွန်တော့်ရဲ့ ၆၈ ကြိမ်မြောက် 'နှုတ်ထွက်စာ' ။
"ဥက္ကဌကြီး ကျွန်တော် နှုတ်ထွက်ပါရစေ "
"သက်ဦးခန့် ! မင်း ငါ့ကို သူငယ်ချင်းလို့ရော သတ်မှတ်သေးရဲ့လား "
သက်ဦးခန့် နှုတ်ဆိတ်နေသည် ။ တစ်ခွန်းမဟ ။ ပင်ကို စကားနည်းသည် ဆိုသော်လည်း ပုံမှန်ထက် ပိုပြီးတော့ တိတ်ဆိတ်နေသည် ။
"သွားတော့ မင်းကို ထွက်သွားခွင့် မပေးနိုင်ဘူး "
အနည်းငယ် ဦးညွှတ်ကာ ရုံးခန်းထဲမှ ထွက်သွားလေသည် ။ နှုတ်ဆက်စကား တစ်ခွန်းမဆို ။
>>>>>>>>>>>>>
"မန်နေဂျာ ပစ္စည်းစာရင်းတွေက မကိုက်ဘူး ဖြစ်နေတယ် ပြန်စစ်ပေးပါဦး "
စာရင်းစာရွက် အထပ်လိုက်ကို ယူပြီး စားပွဲခုံသို့ ဦးတည်လိုက်သည် ။
"မန်နေဂျာ ဖုန်းလာနေတယ် "
စားပွဲခုံ ရောက်ရောက်ချင်း ဖုန်းဖြေရသည် ။
"ဟုတ်ကဲ့ သက်ဦးခန့် ပြောနေပါတယ် "
"ကျွန်တော် SJ company က ကိုယ်စားလှယ်ပါ "
"အင်း ဘာကိစ္စလဲ "
"အခု ပို့လိုက်တဲ့ ပစ္စည်းတွေက စာချုပ်ထဲကနဲ့ အရည်အသွေး အရမ်း ကွာနေတယ် "
"တောင်းပန်ပါတယ် ကျွန်တော် ပြန်စစ်ပေးပါ့မယ် "
"ဟုတ်ကဲ့ အဲ့တာဆို ဒါပဲနော် "
"ဟုတ်ကဲ့ "
စာရင်းတွေ ပြန်စစ်ရင်း နာရီ ကြည့်လိုက်တော့ နေ့လည် ၂ နာရီ ။ ထုံးစံအတိုင်း ထမင်းစားချိန် နောက်ကျပြန်ပြီ ။
ВИ ЧИТАЄТЕ
Short Stories
Короткі історіїဝတ္တုတိုတွေ စုထားတာပါ ! ပေးချင်တဲ့ မက်ဆေ့က ဘာလဲ မမေးပါနဲ့ ဒီလူက ဝတ္တုတိုမှာ ပါရမီ မပါပါဘူး-_- ဒီတိုင်း ပျံ့ကြဲနေတဲ့ ခံစားချက်တွေပါပဲ<3 ဝတ္တုတိုတွေ စုထားတာပါ ! ပေးချင်တဲ့ မက်ဆေ့က ဘာလဲ မမေးပါနဲ့ ဒီလူက ဝတ္တုတိုမှာ ပါရမီ မပါပါဘူး-_- ဒီတိုင်း ပျံ့ကြဲနေတဲ့...