[မင်းမသိခဲ့သော ]
မှောင်မည်းနေသော တိုက်ခန်း တံခါးက ဝုန်းကနဲ ပွင့်သွားပြီး အလင်းစ တစ်ချို့နဲ့ အတူတူ ကောင်မလေး တစ်ယောက်ကို မြင်လိုက်ရသည် ။
" ပြန်စဉ်းစားပါဦးလား ညီမ ဒီအိမ်က တကယ် .... "
" ရပါတယ် ဒီလောက် ဈေးသက်သာတာ ကိစ္စမရှိဘူး "
" နောက်မှ အတင်းရောင်းလို့ ဝယ်တယ် မပြောနဲ့နော် တကယ် သရဲရှိတယ် "
သူမက ခပ်ဟဟ ရယ်ရင်းပင် ပြန်ဖြေလေသည် ။
" ရှိတော့လည်း အဖော်ရတာပေါ့ ညီမက မကြောက်တတ်ပါဘူး ဟဲဟဲ နောက်မှ ဈေးပြန်ပြောင်းမယ် မကြံနဲ့နော် "
" ဟုတ်ပါပြီ ဒါဆို စာချုပ် သွားချုပ်ကြရအောင် "
" ဟုတ်ကဲ့ "
တိုက်ခန်း တစ်ခုလုံးကို လှည့်ပင် မကြည့်ဘဲ ငွေကြေး သက်သာသည်နှင့် တန်းဝယ်ပစ်လိုက်သော အိမ်ရှင်အသစ် ။
' အဟက် ... ၂ ရက်တောင် ခံပါ့မလား '
ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ သူမ အိမ်ပြောင်းလာခဲ့သည် ။ အိမ်ကို ရှင်းလင်းဖို့ လူတစ်ချို့ခေါ်လာပြီး သူမ စိတ်ကြိုက် ပြင်ဆင်သည် ။
တစ်အိမ်လုံးကို ကြက်သွေးရောင် ဆေးသုတ်လိုက်သော သူမကြောင့် တအံ့တသြ ဖြစ်နေရသည် ။
" ကျေးဇူးတင်ပါတယ် "
ခပ်ပြုံးပြုံးနှင့် ဖော်ရွေသော သူမကို အကုန်လုံးက ချစ်ခင်နှစ်သက်ကြသည့် အမူအယာများဖြင့် ။ ပျော်ပျော်နေပြီး သွက်လက်သည့် သူမကို အလုပ်သမားတွေက စေတနာ ထားကြသည် ။
တိုက်ခန်းကို ရှုပ်ယှက်ခက်နေအောင် သူမ မလုပ် ။ တကယ် လိုအပ်သည့် ပစ္စည်းလောက်သာ ထားပြီး ရှင်းနေအောင် ထားသည် ။
" သွားတော့မယ်နော် ကလေးမ လိုအပ်တာရှိရင် အန်တီတို့ကို ပြော "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဟီး "
" ပြီးတော့ သတိလည်း ထားဦး ... ဟို ..."
အဒေါ်ကြီးက ကြောက်ရွံ့ နေသည့် သတိပေးသော်လည်း သူမကတော့ ခပ်ပြုံးပြုံးပင် ။
BẠN ĐANG ĐỌC
Short Stories
Truyện Ngắnဝတ္တုတိုတွေ စုထားတာပါ ! ပေးချင်တဲ့ မက်ဆေ့က ဘာလဲ မမေးပါနဲ့ ဒီလူက ဝတ္တုတိုမှာ ပါရမီ မပါပါဘူး-_- ဒီတိုင်း ပျံ့ကြဲနေတဲ့ ခံစားချက်တွေပါပဲ<3 ဝတ္တုတိုတွေ စုထားတာပါ ! ပေးချင်တဲ့ မက်ဆေ့က ဘာလဲ မမေးပါနဲ့ ဒီလူက ဝတ္တုတိုမှာ ပါရမီ မပါပါဘူး-_- ဒီတိုင်း ပျံ့ကြဲနေတဲ့...