Cameo

270 16 3
                                    

Cameo [Short Story ]

ဖုန်းထဲမှာ မြင်နေရသည့် သူ့ပုံရိပ် ....။

တစ်နှစ်ကျော်လောက် တစ်ဖက်သတ် ကြိတ်ပြီး ချစ်ခဲ့ရသည့် အကိုကြီး ။ သူကတော့ နည်းနည်းလေးတောင် မရိပ်မိခဲ့ ။

တို့ကပဲ သိပ်ပြီး ဟန်ဆောင်ကောင်းတာလား သူကပဲ မမြင်ခဲ့တာလားတော့ မပြောတတ် ။ အင်းလေ မမြင်ခဲ့တာ ဖြစ်မှာပေါ့ ... တို့နဲ့သူက ခင်မင်ခွင့် ရသည်အထိ နီးစပ်ခဲ့သည့် ဆက်ဆံရေးမှ မဟုတ်တာ ။

သူက တို့ဘဝထဲကို ခဏတာ ဝင်ရောက်လာခဲ့ခြင်းသာ ။
ပေါင်းဖက်နိုင်ခြင်း မရှိပဲ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုမှာ အချိန် အတိုင်းအတာ တစ်ခုထိ ခတ္တ ဝင်ရောက်လာသူ ။

တို့သူ့ကို "cameo " လို့ တင်စားချင်သည် ။

သူ့ဘဝမှာ တို့ role က ဖြတ်လျှောက် အဆင့်ထက် ပိုမှာ မဟုတ် ။ ဒါဆို တို့လည်း သူ့ကို Main lead အနေနဲ့ မသတ်မှတ်နိုင်ပါ ။

ဒါကြောင့် သူက တို့ရဲ့ အထူး "cameo " လေးပေါ့ ။

"ငိုချင်ရင် ငိုချလိုက်ပါ မီး ရယ် "

"မဟုတ်တာ ... သူပျော်နေတာပဲ ငါလည်း ဝမ်းသာပေးရမှာပေါ့ "

"မီးရယ် ... နင်ဖွင့်ပြောခဲ့သင့်တာ "

"ငါက သူ့ထက် ငါ့သိက္ခာကို ပိုချစ်တယ် "

တို့က မိန်းကလေးလေ ။ ဘယ်လိုပဲ ရာစုနှစ်တွေ ပြောင်းလာပြီး ခေတ်မီ တိုးတက်နေပါစေ ... တို့ စိတ်ထဲက အယူအဆကြီးက ရှေးရိုးစွဲနေဆဲ ။

စချစ်မိသူက မိန်းကလေးဆိုတော့ ဖွင့်ဟ ဝန်ခံဖို့အတွက် သိပ်ခက်ခဲသည် ။ သိက္ခာ .. မာန ... အရာရာ ထည့်တွေးပြီး ချင့်ချိန် စဉ်းစားနေမိတော့ ပိုဆိုး ။

ဖွင့်ပြောခဲ့ရရင်ရော အဆုံးသတ်က ပြောင်းလဲသွားမှာလား ?

မှန်းဆကြည့်ရတာလည်း ခက်ခဲပြန်သည် .... ခုမှတော့ ဘာမှ မတတ်နိုင်တော့ ။

သူ့ရဲ့ Wedding ကိုတောင် တတ်ရောက်နိုင်စွမ်း မရှိသည့် ဘဝ ။
ငေးကြည့်ရုံ အပြင် မပိုခဲ့သည့် ဆက်ဆံရေး တစ်ခုမှာ အကြောက်တရားသာ အဖက်တင်ခဲ့သည်လေ ။

သူနဲ့ သူ့အချစ်ဆုံးလေးရဲ့ ပုံတွေကို မြင်ရတာ တို့ရင်ထဲမှာ နည်းနည်းတော့ နာသည် ။ first love လေး ဆိုတော့ ပိုခံစားရသည် ။ မျက်ရည် မကျအောင် ထိန်းထားပေမယ့် ရင်ဖက် တစ်ခုလုံး စုတ်ပြတ်သတ်နေသလိုမျိုး နာကျင်သည် ။ တစ်ခုခုက အတင်း ဖိညှစ်ထားသည့် အတိုင်း ။

Short Stories Where stories live. Discover now