ဝေးကွာပြီးနောက်
Short story [BD present for KST ]"လှိုင်းကဗျာ "
ဟင် ဒီအသံ .... ဒီအသံက ...သူ ....
အို မဖြစ်နိုင်တာ ။ ထပ်ဆုံတွေ့နိုင်စရာအကြောင်းမှမရှိတာ ...။"လှိုင်း ... ညီမ "
သေချာတယ် ဒါ .. ဒါ သူ့အသံဘဲ ...
တစ်သက်တာအတွက် မေ့မရနိုင်တဲ့ ခပ်ဩဩအသံ ... ကိုဆက် ..
လှိုင်း အလန့်တကြား လှည့်ကြည့်မိသည် ။"ကိုဆက် "
"တကယ်ဘဲ ညီမကိုး တူတယ်လို့ထင်နေတာ လှိုင်းဖြစ်နေမယ်လို့မထင်ထားမိဘူး "
"ကိုဆက် ... ခုလိုပြန်တွေ့ရမယ်လို့ ထင်မထားမိဘူး နေကောင်းတယ်နော် "
"ကောင်းပါတယ် လှိုင်းရယ် လှိုင်းအခါဘယ်သွားမလို့လဲ အရေးကြီးလား"
"မကြီးပါဘူး စာအုပ်ဆိုင်သွားမလို့ပါ "
"အဲ့တာဆို အကိုလည်း လိုက်ခဲ့မယ် ပြီးမှ ဆိုင်တစ်ဆိုင်ထိုင်ပြီး အေးဆေးစကားပြောကြတာပေါ့ လှိုင်းအချိန်ရသေးရဲ့လားဟင် "
"ရတာပေါ့ ကိုဆက်ရယ် လာသွားကြမယ်လေ"ကိုဆက် ... မင်းရှိုင်းဆက် ..
တိတ်တခိုးခေါ်ခဲ့ရတဲ့နာမ်စားလေးက မောင်......လှိုင်းအမူအရာမပျက်အောင် မနည်းထိန်းလိုက်ရသည် ။
သူ့ကို မတွေ့တာ အင်း .. ၇ နှစ် .... ၇ နှစ်ကျော်ခဲ့ပြီဘဲ ။ ဒီအတောအတွင်း လှိုင်းဘဝက နာမည်နဲ့လိုက်အောင် ရိုက်ခက်မှု သိပ်ပြင်းခဲ့သည် ။ နှလုံးသားနံရံကို ရိုက်ခတ်မှုပြင်းခဲ့တယ်ဆိုရင် ပိုမှန်မည် ။
အဲ့ဒီ ရိုက်ခတ်မှုကြောင့်ဘဲ နှလုံးသားတစ်ခုလုံးအလဲလဲအပြိုပြိုဖြစ်ပြီး
သေကောင်ပေါင်းလဲ နာကျင်ခဲ့ရသည် ။လှိုင်းဘဝမှာ ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိတော့တာ ကြာခဲ့ပြီ ။
သူနဲ့ဝေးကွာပြီးနောက် အပြုံးဆိုတာ ကိုယ့်ဘဝထဲမှာ မရှိတော့တဲ့အရာတစ်ခု ။
သူ့အကြောင်းတွေးမိတိုင်း ရင်ထဲမှာ စစ်ကနဲနာကျင်ရသည် ။
အချိန်တိုင်း မတွေးမိအောင် အလုပ်တွေဖိလုပ်သည် အလုပ်အပေါ်မှာဘဲ အာရုံထားခဲ့သည် ။ ဒါပေမယ့် ကိုယ်လွမ်းလိုက်တိုင်း ကိုယ်တွေးမိလိုက်တိုင်း သူဖြစ်နေခဲ့တယ် ။အမှတ်တရတွေကနည်းနည်းနောနော
မဟုတ် ။ ကိုယ့်ဘဝရဲ့ တစ်စိတ်တစ်ဒေသတင်မကဘဲ ဘဝတစ်ခုလုံးတွင် ဝင်ရောက်ခဲ့သူဖြစ်တာမို့
ကိုယ်ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝမှာ တိုက်ဆိုက်မှုရှိတိုင်း သူ့ကို သတိရမိသည် ။
YOU ARE READING
Short Stories
Short Storyဝတ္တုတိုတွေ စုထားတာပါ ! ပေးချင်တဲ့ မက်ဆေ့က ဘာလဲ မမေးပါနဲ့ ဒီလူက ဝတ္တုတိုမှာ ပါရမီ မပါပါဘူး-_- ဒီတိုင်း ပျံ့ကြဲနေတဲ့ ခံစားချက်တွေပါပဲ<3 ဝတ္တုတိုတွေ စုထားတာပါ ! ပေးချင်တဲ့ မက်ဆေ့က ဘာလဲ မမေးပါနဲ့ ဒီလူက ဝတ္တုတိုမှာ ပါရမီ မပါပါဘူး-_- ဒီတိုင်း ပျံ့ကြဲနေတဲ့...