မြူ [Unicode]
"ညောင် "
အလုပ်ကနေ ပြန်လာတဲ့လမ်းမှာ သွေးတွေနဲ့ လဲကျနေတဲ့ ကြောင်နက်လေး တစ်ကောင်။ ကိုယ်လုံးက ခပ်သေးသေး၊ ပိန်လွန်းတဲ့ ကြောင်နက်လေးက တကယ့်ကို ပိစိလေး။
"အသံ ထွက်နိုင်သေးတယ်ဆိုတော့ မသေသေးဘူးပဲ "
ကယ်ဆယ်ရေးကို စိတ်မဝင်စားသော်လည်း မျက်စိရှေ့မှာ သေမလိုဖြစ်နေတော့ လျစ်လျူရှုဖို့ မဖြစ်နိုင်ပေ။ နောက်ဆုံး ကြောင်နက်ပိစိလေးကို ပွေ့ချီပြီး အိမ်ကို သယ်လာ ခဲ့လိုက်သည်။ ကြောင်နက်ကလေးရဲ့ လည်ပတ်မှ “ချလွင်” “ချလွင်” မြည်လာလို့ ကြည့်လိုက်တော့ မီးခိုးရောင် ခြူလေး။
"ခြယ်၊ ဘယ်ကကြောင်လဲ "
"မသိဘူး အမေ၊ လမ်းမှာ တွေ့လို့၊ သွေးတွေနဲ့ ရေချိုးပေးလိုက်ရမလား "
"ဟဲ့၊ နင်လုပ်မှ သေသွားဦးမယ်။ သွား၊ ဆေးခန်း သွားပို့လိုက် "
"ပင်ပန်းနေပြီ၊ မသွားချင်တော့ဘူး "
"ဒီအတိုင်း ထားလိုက်ရင် သေသွားမှာပေါ့ "
"အမေ တစ်ခုခုလုပ်ပေးလိုက်လို့ မရဘူးလား "
"ဟဲ့၊ ငါက ဆရာဝန်လား။ ဘယ်လိုလုပ် လုပ်တတ်မှာလဲ။ နင့်ကြောင်ကဖြင့် ဓား ဒဏ်ရာကြီးနဲ့ "
"ဒီချိန် ဘယ်ဆေးခန်းက ဖွင့်မှာလဲ "
"၉နာရီပဲရှိသေးတယ် ဖွင့်ပါတယ်။ ဟိုဘက်လမ်းမှာ၂၄နာရီ ဖွင့်တဲ့ ဆေးခန်းတစ်ခု ရှိတယ်လေ "
"အဲ့တာက လူဆေးခန်းလေ ကုပေးပါ့မလား "
"သြော်၊ ငါ့ထက်စာရင် ဆရာဝန်ကတော့ ကုတတ်မှာပဲ။ ရအောင်ပြောပေါ့။ သွား၊ မြန်မြန် "
"ဟုတ်၊ ဟုတ် "
ဆေးခန်းက ညဘက်မို့ တိတ်ဆိတ်နေသည်။ လူနာလည်း တစ်ယောက်မှ မရှိ။ ဆေးခန်း ကောင်တာရှိ သူနာပြုဆရာမလေးက အိပ်ငိုက်နေလေသည်။
"ဒီမှာ "
"ရှင် ! ဟုတ်ကဲ့ ဘာပြချင်လို့ပါလဲ "
အလန့်တကြားနိုးလာသော သူနာပြုမလေးက အယောင်ယောင် အမှားမှား ထမေးသည်။
YOU ARE READING
Short Stories
Short Storyဝတ္တုတိုတွေ စုထားတာပါ ! ပေးချင်တဲ့ မက်ဆေ့က ဘာလဲ မမေးပါနဲ့ ဒီလူက ဝတ္တုတိုမှာ ပါရမီ မပါပါဘူး-_- ဒီတိုင်း ပျံ့ကြဲနေတဲ့ ခံစားချက်တွေပါပဲ<3 ဝတ္တုတိုတွေ စုထားတာပါ ! ပေးချင်တဲ့ မက်ဆေ့က ဘာလဲ မမေးပါနဲ့ ဒီလူက ဝတ္တုတိုမှာ ပါရမီ မပါပါဘူး-_- ဒီတိုင်း ပျံ့ကြဲနေတဲ့...