မရဲ့​မောင်​💋💋💋(12)

2.2K 171 23
                                    


🌸🌸🌸
မနက်​ခင်းရဲ့ရှူရှိုက်​လိုက်​တဲ့ ​လေ​ပြေ​လေး​တွေ
အထဲမှာ မင်းရဲ့ ကိုယ်​သင်းနံ့လေး ပါလာခဲ့တယ်​ချစ်​သူ
အဲဒီ့ရနံ့​လေးက ပန်း​လေး​တွေကို ပွင့်​​စေသလားကွယ်
🌸🌸🌸🌸🌸

Baakheeတစ်​​ယောက်​ ​ကော်​ဖီခွက်​​လေးကို ကိုင်​ပြီး..လသာ​ဆောင်​က​နေ ​ကောင်​ကင်​ကြီးကို ​မော့ကြည့်​​နေမိသည်​။

တဖွဲဖွဲကျ​နေ​သော နှင်းပွင့်​​လေး​တွေရဲ့​အောက်​မှာ သဘာဝအတိုင်း လှပ​နေ​သော သစ်​ပင်​ပန်းမန်​​လေး​တွေ..

နှင်းရည်​စွတ်​​နေတဲ့ မြက်​ခင်းစိမ်း ​လေးက ခြံဝန်းထဲမှာ လှပစွာ ရှင်​သန်​​နေပြန်​တယ်​...

အချိန်​​တွေက ကုန်​တာမြန်​လိုက်​တာ...ဘာလိုလိုနဲ့ 
ဆောင်းဦး​တောင်​ ​ရောက်​လာပြီပဲ....

အရင်​တစ်​ချိန်​ ​ဆောင်းဦးတုန်းက ချစ်​ရသူရဲ့ စွန့်​ပစ်​ခြင်းကို ခံခဲ့ရတယ်​....

အခုတစ်​​ကျော့ပြန်​လာ​သော ​ဆောင်းဦးမှာ ​တော့ baekhee~~ ​မောင့်ရဲ့ ​ချစ်​​ရေးဆိုတာကို ခံရတယ်​ ...

ပျိုတိုင်းကြိုက်​နှင်းဆီခိုင်​ ​ဖြစ်​တဲ့ ​မောင့်​ကို baekhee
စိတ်​မယိုင်​ဘူးလို့​ပြောရင်​ ​သေချာ​ပေါက်​ ညာတာပါပဲ

Baekheeက ​မောင်​နဲ့ ယှဉ်​ရင်​ အရာရာမှာ အားနည်းလွန်းပါတယ်​.....မိဘမရှိ တစ်​​ကောင်​​ကြွက်​..ဥစ္စာပစ္စည်းပိုင်​ဆိုင်​မူ့ကလည်း သုည....

မောင့်​ကို ​ပေးနိုင်​တာဆိုလို့ အချစ်​တစ်​ခုပဲ ရှိတာပါ

Baekhee ​မောင့်​ကို သိပ်​ချစ်​ပါတယ်​...ဘယ်​အချိန်​ကတည်းက လည်းဆိုတာ baekheeကိုယ်​တိုင်​လည်းမသိ​တော့ဘူး...သတိထားမိတဲ့အချိန်​မှာ ​မောင်​ က...

Baekရဲ့ နှလုံးသား​လေးကို အပိုင်​သိမ်းသွားခဲ့ပါပြီ...

မောင့်​ရဲ့ အပြုအမူ အ​ပြောအဆို​တွေ ​အောက်​မှာ baekရဲ့ နှလုံးသား​လေး အရည်​​ပျော်​မိတာ အမှန်​ပါပဲ..

ဒါ​ပေမယ့်​ ​မောင်​ရယ်​ လူသားနှစ်​ဦး ​ပေါင်းစပ်​တဲ့ အ​ရေးမှာ ပတ်​ဝန်းကျင်​ဆိုတဲ့ အရာကို မျက်​ကွယ်​ပြုထားလို့မှ မရတာ

အ​ကောင်းမြင်​တဲ့ သူ​တွေရှိသလို မ​ကောင်း​ပြောတဲ့ သူ​တွေလည်း ရှိမှာပဲ....အဲဒီ့အချိန်​ ​ရောက်​ရင်​...baek
ကခံနိုင်​ရည်​ရှိ​ပေမယ့်​...

မောင်​က​တော့ ခံနိုင်ရည်ရှိပါ့မလား......?

အဲတာတစ်​ခုပဲ baekheeစိတ်​ပူမိတယ်​.....​မောင်​ရယ်

ခေါင်းထဲကို တိုးဝင်​လာတဲ့ ​မြောက်​များစွား​သော ​မေးခွန်း​တွေရဲ့အဆုံးမှာ baek သက်​ပြင်း​လေးချလိုက်​မိတယ်​..

သတိရလို့ ကြည့်လိုက်ေ​​တာ့လက်​ထဲက ​ကော်​ဖီ​တွေက
လည်း ​အေးစက်​ကုန်​ပြီ....

မရဲ့​မောင်​..💋💋💋မရဲ့မောင်💋💋💋(unicode)Zawgyi&unicodeNơi câu chuyện tồn tại. Hãy khám phá bây giờ