မရဲ့မောင်💋💋💋(26)

720 55 7
                                    

ယခင်အပိုင်းမှအဆက်🔞..... .,

မှုန်ပျပျ ညမီးရောင်အောက်မှာ အနမ်းပန်း

ချွေနေကြတဲ့ ချစ်ရသူနှစ်ဦးဆီမှ အသက်ရှူ

သံခပ်ပြင်းပြင်းက အခန်းထဲဝယ် ပျံ့လွင့်လို့

တင်းကြပ်စွာ သွယ်ယှက်ထားတဲ့ လက်တစ်စုံက

တစ်စုံတစ်ခုကို လွတ်ထွက်သွားမည့်အလားဖမ်းဆုပ်ထားသလိုပါပဲ

"အွန်းး...ဟင်းး.....မောင်....."

ခပ်တိုးတိုးခေါ်လာတဲ့ သူမ​လေးရဲ့ အသံကြောင့် chan yeol အနမ်းတွေကို အရှိုန်သတ်လိုက်တော့တယ်....

နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်အစုံက သူမလေးကို မြင်လိုက်သည်နဲ့ပင် ပိုပြီး တုန်ရီလာသလိုပင်..........

ကိုယ်ပေါ်မှာရှိနေတဲ့ အဝတ်စားတွေကလည်းကပိုးကရိုးနဲ့မို့...yeolရဲ့ စိတ်တွေက ထိန်း
ချူပ်နိုင်စွမ်းကင်းမဲ့ ခြင်နေပြန်တယ်....

သူမလေးမှာ ကိုယ့်ရင်သွေးလေး လွယ်ထားသည်ဆိုသော အသိနဲ့ပင်အရာရာကို
ချူပ်တည်းနေရသည်။

မြင်လွှာရှေ့ကနေ အ​ပေါ်ဝတ်စုံကို တဖြည်းဖြည်း ဖယ်ရှားလာတဲ့လက်သွယ်သွယ်လေးကို yeol သေချာစိုက်ကြည့်နေမိတယ်.....

ပန်းသွေးရောင်လှိုင်းတွေဖြတ်ပြေးနေတဲ့မျက်နှာနုနုလေးက သူမလေးသိပ်ရှက်နေသည်ဆိုတာကို သက်သေပြနေသလိုပါပဲ

"မောင်...."

ရင်ခွင်ထဲတိုးဝင်လာတဲ့ သူမကိုယ်လေးကို chan yeol အမြတ်တနိုးနဲ့ပွေ့ထားမိတယ်..

သူ သိတာပေါ့....မမသူ့ကိုသိပ်ချစ်တာ..ခလေးရှိလာလို့....သူ မမကို
မတောင်းဆိုပဲ...ကိုယ့်ဘာသာကိုယ်
ချိုးနှိမ်နေရတာကို.....

အိမ်ထောင်သက်တမ်းတစ်လျောက်မှာ မမက သူ့ကိုတစ်ခါမှတောင်းဆိုခဲ့တာမရှိခဲ့ပါဘူး...

သိပ်ရှက်တတ်သော သူမလေးက ယခုလိုအရဲစွန့်ပြီး ထုတ်ပြောလာတဲ့အကြောင်းအရင်းက

သေချာပေါက် သူကြောင့်ပါပဲ.....

"မကြောက်ပါနဲ့ နော်.....မောင် မမကို ညှင်သာပါ့မယ်.......ကျေးဇူးပါ မောင့်ကို ခွင့်ပြုပေးလို့.......သိပ်ချစ်တယ် ကျနော့်ဇနီး လေး..."

"အွန်း.....baekheeလည်းမောင့်ကိုချစ်တယ်"

တိုးဖက်လာတဲ့ ခပ်နွေးနွေးကိုယ်ငွေ့လေးကို
Baekheeသဘောကျစွာနဲ့သိုင်းဖက်ထားမိတယ်.....

သူမဘဝအတွက်တစ်ခုတည်းသောနေမင်းကြီး....အခုချိန်ထိ အထီးကျန်ခဲ့တဲ့သူမဘဝက မောင့်ကိုတွေ့တဲ့အချိန်ကစပြီး ပြန်အသက်ဝင်လာခဲ့တာပါ....

ဘုရားပေးတဲ့ကောင်းချီးလက်ဆောင်ကိုပြောပါဆိုရင် baekheeကတော့ မောင်လို့ပြောမိမှာ......

အချိန်အကြာကြီး မောင့်ဇနီးကောင်းတစ်ယောက်အနေနဲ့ မောင့်အနားမှာနေချင်ပါတယ်....

မရဲ့​မောင်​..💋💋💋မရဲ့မောင်💋💋💋(unicode)Zawgyi&unicodeDonde viven las historias. Descúbrelo ahora