မရဲ့​မောင်​💋💋💋💋(22)

1.3K 121 31
                                    

ဝတ်​ပြုဆု​တောင်းသံတို့နဲ့ အသက်​ဝင်​​နေ​သော
ဘုရားရှိခိုး ​ကျောင်း​လေး..

အစိမ်း​ရောင်​ မြက်​ခင်းပြင်​ ကျယ်​ကျယ်​မှာ​တော့..​မြောက်​များစွာ​သော အဖြူ​ရောင်​စားပွဲခင်းတို့က ​နေရာယူထားပြန်​တယ်​.. .

သေသပ်​လှ​သော မြ​သွေး​ရောင်​ ကတ္တီပါ​လျှောက်​လမ်း​လေးမှာ​တော့...အဖြူ​ရောင်​နှင်းဆီပွင့်​ချပ်​တို့က ပြန့်​ကျဲလို့.

ပန်းဆီ​ရောင်​ နှင်းဆီပန်း​လေး​တွေက​တော့..​လျှောက်​လမ်း​လေးရဲ့ တစ်​ဖက်​တစ်​ချပ်​စီမှာ..လက်​ရန်းတန်း​အဖြစ်​နဲ့ ပုံ​ဖော်​ထား​တော့သည်​။

"Baek​hee ah~~~Luလှရဲ့လားဟင်​..ဘယ်​နားကများလို​နေလဲမသိဘူး.."

အဖြူ​ရောင်​ သတို့သမီး ဝတ်​စုံ​လေးကို အသာကြည့်​ရင်း ​ပြောလာတဲ့ သမင်​မ​လေးကို baekheeအပြုံး​လေးတစ်
ပွင့်​နဲ့ပြန်​​ဖြေလိုက်​သည်​။

"ကြည့်​စမ်းပါဦး ~~ဒါ ဘယ်​သူ​လေးပါလိမ့်​.. သမင်​မ​လေး​တောင်​ လက်​ထပ်​​တော့မှာပါလား...

Baekheeရဲ့ lu​လေးက လှလိုက်​တာ...ဘာမှမလိုဘူး..
ဟုတ်​ပြီလား.....စိတ်​ကို ငြိမ်​ငြိမ်​ထား​နော်​..ခဏ​နေရင်
ပွဲစ​တော့မှာ....​မောင်​နဲ့ sehunက​တော့..ဟိုဖက်​အခန်းမှာပြင်​တုန်း...."

"ဟုတ်​ပါ့...baekheeရယ်​ ကြာလိုက်​တာ...hunကလည်း...luကို လာကြည့်​​ဖော်​​တောင်​မရဘူး"

မျက်​နှာချင်းဆိုင်​ အခန်းထဲမှာ​တော့ အလွဲများနှင့်​..ပြာယာခတ်​​နေသည့်​သတို့သားနှစ်​ဦး....

"​ဟေ့​ရောင်​..ရှာပါဦးကွ..."

"Chanyeol ah!..မ​တွေ့ဘူးကွ...."

"​ဟေ့....kai​တွေ့ပြီလား..."

"အစအန​တောင်​ရှာမ​တွေ့တာ​ဟေ့....​သေ​ရော..တကယ်​ပါပဲ ကွာ..အိုဆိတ်​ဟွမ်းတို့က​တော့
(A/N..မီယပ်​မာ သတင်းစာမှ ထုတ်​နှုတ်​တင်​ပြချက်​😂😂😂)

သူငယ်​ချင်းဖြစ်​သူ​တွေရဲ့ ညည်းတွား သံအဆုံးဝယ်​..ခုံ​ပေါ်မှာ စိတ်​ပျက်​လက်​ပျက်​ လက်​မှိုင်​ချကာ ထိုင်​​နေ​သော..သတို့သားအသစ်​စက်​စက်​ကြီး..oh sehun..

ဖြစ်​ပုံကဒီလို....

Wedding အတွက်​မှာထားတဲ့ လက်​စွပ်​ကို deliver က လာပို့​တော့..သူ​မွေးထားတဲ့..သ​ကောင့်​သား..viviက
လိုက်​ဆွဲတာ..

လာပို့တဲ့သူလဲ..​ကြောက်​​ကြောက်​လန့်​လန့်​နဲ့ ထွက်​​ပြေး
ပါလာတဲ့ လက်​စွပ်​ဗူးကျပြန်​​တော့..ဘူးအခွံပဲ ကျန်​ခဲ့​တယ်​.

လက်​စွပ်​က ဘယ်​​ရောက်​လို့​ရောက်​မှန်းမသိ...အခုချိန်​ထိရှာလို့ကို မ​တွေ့​သေးတာ...

ဟိုသ​ကောင့်​သားက​တော့..အနားမှာလာပြီး လျှာတန်းလန်းနဲ့
သူမဟုတ်​တဲ့ အတိုင်း..

Knock!..knock!..

"Oh sehun shi~~~​အောက်​မှာ ဖာသာ​ကြီး​ရောက်​​နေပါပြီ..ပွဲစ​တော့မှာ ပါ...အသင့်​ပြင်​ထားပါ​နော်​..."

မရဲ့​မောင်​..💋💋💋မရဲ့မောင်💋💋💋(unicode)Zawgyi&unicodeWo Geschichten leben. Entdecke jetzt