မရဲ့မောင်💋💋💋(29)

289 34 4
                                    

         အရာရာကို အကောင်းမြင်နိုင်ပေမယ့်
       
မောင်နဲ့ပတ်သက်လာရင် ကျွန်မရဲ့
         
စိတ်ကအစွန်းရောက်သွားတတ်တာကို
          
အပြစ်မမြင်ပါနဲ့ မောင်...
     
အကြောင်းပြချက်ဆိုတာထပ်

သေချာတာတစ်ခုကတော့ 

ကျွန်မ မောင့်ကို သိပ်ချစ်ခဲ့လို့ပါပဲ....... 

♥♥♥♥♥♥♥♥♥♥♥♥♥♥

"ဒေါက်တာ......reception မှာ ဒေါက်တာ့ကို တွေ့ချင်တဲ့သူ ရောက်နေလို့ပါ...."

"Baekheeကိုတွေ့ချင်နေတဲ့သူ...ဘယ်သူများလဲ ဆရာမ Go "

Roundလှည့်ပြီး အခန်းထဲမှာ ခဏနားနေတုန်း အနားကိုရောက် ချလာတဲ့
nurseကြောင့်baekheeတစ်ယောက် လက်ထဲက check list bookကို ချလိုက်ပြီး

ပြန်မေးလိုက်မိတယ်....

"ဟို...မိန်းခလေးတစ်ယောက် ပါပဲ...နာမည်တော့ မမေးလိုက်မိဘူး...."

"အင် ထားလိုက်ပါတော့ baekheeထွက်
ကြည့်လိုက်မယ်..ဒါဆို ..ဒီ check list ဖိုင်တွဲကို

ပရော်ဖက်ဆာ Lee ဆီပို့ပေးပါဦးနော်"

"ဟုတ်ကဲ့ပါ Dr......"

Mrs Goရဲ့ လက်ထဲကို check list ဖိုင်တွဲ
ထည့်ပေးပြီးတာနဲ့ baekhee တစ်ယောက်
Duty coatကို ထပ်ဝတ်ပြီး reception ဘက်ကိုထွက်လာလိုက်တယ်...

သူမစိတ်ထဲမှာလည်း မတင်မကျနဲ့ပါပဲ...

မဟုတ်မှလွဲရော ညီမလေးများလား......

အတွေးပေါင်းများစွာနဲ့ သူမစဥ်းစားခန်းဖွင့်ရင်း ဧည့်တွေ့ခန်းရှိရာသို့ ရောက်မှန်းမသိရောက်လာတော့သည်။

"ဆရာမ ကျွန်မကိုလာတွေ့တဲ့သူရောက်နေတယ်ဆိုတာ...ဘယ်မှာများလဲမသိဘူးနော်"

"ဟုတ်ကဲ့....ဟိုဘက်မှာ ထိုင်နေတဲ့မိန်းခလေးပါ Dr..... "

လူအနည်းငယ်ရှင်းနေသည့် စားပွဲဝိုင်းဘက်ကို ညွှန်ပြလာသော Nurseကြောင့် baek လှမ်းကြည့်မိတော့.....

"ဟင်!.....သူက...."

မမျှော်လင့်ပဲ မြင်လိုက်ရတဲ့ မျက်နှာကြောင့် စိတ်ထဲမှာ ခဏတော့ အံ့သြသွားမိတယ်...

ခပ်ဝေးဝေးကနေသူ့ဆီကို မသိမသာလှမ်းလှမ်းကြည့်နေတဲ့ ထိုအမျိုးသမီးရဲ့ မျက်လုံးတွေက ကျားသစ်နက်မတစ်ကောင်လို စူးရှနေတာကအမှန်ပါပဲ..

အဲ့အမျိူးသမီးက ဘာကိစ္စရှိလို့ပါလိမ့်...

"ကျေးဇူးနော်...ဆရာမ"

Baekhee ကျေးဇူးတင်စကားပြောပြီးတာနဲ့ ခြေလှမ်းတွေက သူမရှိရာသို့ဦးတည်လာလိုက်တော့သည်။

မောင့်ရဲ့ အတွင်းရေးမှူးမက ကျွန်မဆီကိုလာတာဘာကိစ္စဖြစ်နိုင်မလဲ...

သူနဲ့ကျွန်မမျက်နှာချင်းဆိုင် တွေ့ပြီးဆွေးနွေးရလောက်တဲ့အထိ သိကျွမ်းကြတာလည်းမဟုတ်ပါ။

အထူးသဖြင့်..ကျွန်မဆီကနေ မောင့်ကိုလုယူချင်နေတဲ့ မိန်းမတစ်ယောက်ကို မျက်နှာချင်းဆိုင်စကားပြောဖို့က သိပ်ကို
ခဲယဥ်ပါတယ်....

မရဲ့​မောင်​..💋💋💋မရဲ့မောင်💋💋💋(unicode)Zawgyi&unicodeWhere stories live. Discover now