မရဲ့​မောင်💋💋💋(15)

2.3K 184 14
                                    

ငွေ​ရောင်​အလင်းတန်း​တစ်​ချို့ တိုးဝင်​​ဖြာကျ​​နေ​သော
ဆိုလ်းမြို့ရဲ့ မနက်​ခင်းအ​စောပိုင်း...

အရာအားလုံးကသူ့​နေရာနဲ့သူ ​နေသားတကျ နဲ့ အသက်​ဝင်​လှုပ်​ရှား​နေကြ​တော့တယ်​.....

လောကကြီးက လူသား​တွေအတွက်​ ​တော့ ထာဝရ မ​ပြောင်းလဲပဲ တည်​ရှိ​နေ​သော အရာတစ်​ခု...

ပြောင်းလဲခြင်း ဆို​သော အရာကို လူသား​တွေ ကိုယ်​တိုင်​ကပဲ ဖန်​တီးတာပါ...

သို့​ပေမယ့်​...​လောကကြီးမှာ အမြဲတမ်းတည်​​နေရမယ့်​အရာက နှစ်​ခုပဲရှိတယ်​..

အဲဒါက အမှန်​တရားနဲ့ ချစ်​ခြင်းပါပဲ....

မင်းဟာ သူ့ကို တကယ်​ချစ်​မိပြီဆိုရင်​...ဘယ်​အရာကမှ မင်းကို မတားဆီနိုင်​ပါဘူး....

တကယ်​လို့ မင်းသာ ဆန္ဒရှိခဲ့မယ်​ဆိုရင်​​ပေါ့.....

ရှေ့ကိုတိုးဖို့ မတုန်​လှုပ်​ပါနဲ့ ....ဆုံးရှုံး သွားရမှာကိုပဲ ​ကြောက်​ပါ....

အဲဒီ့အရာက မင်းရဲ့ လက်​တစ်​ကမ်းမှာပါပဲ....

King size​မွေ့ယာ​ပေါ်မှာ အရာအားလုံးကို လျစ်​လျူရှု့ ပြီး
ခေါင်းငိုက်​စိုက်​ ထိုင်​​နေတဲ့....yeol....

တောက်​ပ​သော မျက်​လုံးအစုံက ယခု​တော့...အ​ရောင်​ကင်းမဲ့လျက်​.. .သူ အခုအရာရာကို အရှုံး​ပေးလိုက်​ပါပြီ...

လက်​ထဲမှာ​တော့ တွန့်​​ကြေ​နေတဲ့ လက်​ထပ်​ဖိတ်​စာ​လေး..

ဟုတ်​ပါတယ်​...ဒီ​နေ့က သူသိပ်​ချစ်​ရတဲ့ မရဲ့ လက်​ထပ်​ပွဲ လုပ်​မယ့်​​နေ့....

ဘာလို့ သူ့ကိုမှ ကံတရားက ချစ်​ရသူနဲ့ ​ကွေကွင်း​စေတာလဲ...

တကယ်​ပဲ မက သူ့ကို မချစ်​ဘူး​ပေါ့...ဒါဆို ဒီ​နေရာမှာ ဘာလို့သူက ဆက်​ရှိ​နေရဦးမှာလဲ...

ချစ်​ခြင်းမှာ ၃​ယောက်​ဖြစ်​လာခဲ့ပြီဆိုရင်​...သိပ်​ချစ်​ရတဲ့ သူက ​နောက်​ဆုတ်​​ပေးရစမြဲပဲ...ကျ​နော်​ အခု မကို သိပ်​ချစ်​လို့

မ..စိတ်​ချမ်းသာ​အောင်​..ထွက်​သွား​တော့မှာပါ...

ကျ​နော်​ မရှိလည်း..မ အဆင်​​ပြေ​ပြေ ​နေနိုင်​ပါတယ်​...

ဒေါက်​...​ဒေါက်​~~~🚪🚪🚪

"သား​လေး~~~~အ​မေ ဝင်​ခဲ့မယ်​​နော်​...."

အပြင်​က​နေ တံခါး​ခေါက်​ကာ ​ပြောလာတဲ့ မိခင်​ဖြစ်​သူ​ကြောင့်​ chan yeol ကျဆင်းလုစဲ မျက်​ရည်​​တွေ ကို ရှိုက်​သွင်းလိုက်​​တော့တယ်​...

သူ့​ကြောင့်​ သူ့အ​မေကိုပါ စိတ်​မဆင်​ရဲ​စေချင်​ဘူး....

"Nae omma...ဝင်​လာခဲ့ပါ.."

Mrs park တစ်​​ယောက်​ ကုတင်​အစွန်းမှာ စိတ်​ပျက်​လက်​ပျက်​ ထိုင်​​နေတဲ့ သားဖြစ်​သူကို ကြည့်​ပြီး..စိတ်​မ​ကောင်းဖြစ်​မိတာအမှန်​ပဲ

မရဲ့​မောင်​..💋💋💋မရဲ့မောင်💋💋💋(unicode)Zawgyi&unicodeDove le storie prendono vita. Scoprilo ora