မရဲ့​မောင်​💋💋💋(20)

1.8K 141 18
                                    

တောက်​ပ​သော ​နွေဦးရာသီရဲ့ ​နေ​ရောင်​ခြည်​ ​အောက်​မှာ သက်​ဝင်​လှုပ်​ရှား​နေတဲ့..ဆိုလ်​မြို့ရဲ့ မနက်​ခင်း​လေး..

လမ်းမအသွယ်​သွယ်​မှာ​တော့..ကိုယ်​စီလိုရာခရီးကို ဦးတည်​ပြီး သွားလာ​နေကြတဲ့ သူတစ်​ချို့...

သို့​ပေမယ့်​ တစ်​ခု​သော အိမ်​​တော်​ရဲ့ မနက်​ခင်း​လေးက​တော့ တိတ်​ဆိတ်​လျှက်​.. ...

"အွန်​....ဘယ်​နှစ်​နာရီ ရှိ​နေပြီလည်း မသိဘူး....."

မျက်​နှာ​ပေါ်ကို ဖြာကျလာတဲ့ ​နေ​ရောင်​ခြည်​ခပ်​​နွေး​နွေး ​ကြောင့်​ baekheeမျက်​လုံး​တွေကို ပွတ်​သပ်​ပြီး ဖွင့်
့်​ကြည့်​မိ​တော့.....

မနက်​7:30.....မိုး​တောင်​ အ​တော်​လင်း​နေပြီကို....

Baekheeတစ်​​ယောက်
ပြန့်​ကျဲ​နေတဲ့ ​ရွှေအို​ရောင်​ ဆံနွယ်​စ​တွေကို လက်​နဲ့ ပင့်​ထုံးလိုက်​ပြီး...​ဘေးဘီကို မျက်​လုံးကစားမိ​တော့..​ဘေးတ​စောင်းအ​နေအထားနဲ့ အိပ်​​မောကျ​နေတဲ့

သူမ သိပ်​ချစ်​ရတဲ့ ​မောင်​..

ကြည့်​စမ်းပါဦး.. တကယ့် ​က​လေး​လေးအတိုင်းပင်​....

ကိုယ်​လက်​သန့်​စင်​ပြီးတာ​တောင်​ မနိုး​သေးတဲ့ ချစ်​ရသူ​လေး

မျက်​ခုံးတန်း​လေး​တွေ ကို တွန့်​ချိုးကာ အိပ်​​ပျော်​​နေတဲ့ ​မောင်
...အိမ်​မက်​ထဲမှာ​တောင်​..ဘာ​တွေကို စိတ်​တိုင်းမကျ ဖြစ်​​နေတာပါလိမ့်​....

Baekheeကုတင်​​ပေါ်မှာ တင်​ပါးလွှဲထိုင်​လိုက်​ပြီး..မျက်​စိ​အောက်​က ​မောင့်​ကို အ​သေအချာ ကြည့်​​နေမိ၏..

"ကျွန်​မရဲ့ ​မောင်​ က ​ချောလိုက်​တာ ခ်​ခ်​...."

ပြီးပြည့်​စုံလွန်းတဲ့ ​မောင့်​ရဲ့ မျက်​နှာ​အစိတ်​အပိုင်း​လေးကိုအသာထိ​တွေ့လိုက်​ရင်း....baekhee ခပ်​လွင်​လွင်​လေးရယ်​ကာ ​ပြောလိုက်​မိတယ်​....

နောက်​​တော့ ​မောင့်​ရဲ့ နှဖူး​လေးကို ခပ်​ဖွဖွ​လေး နမ်းလိုက်​ပြီး ​မနက်​စာပြင်​ဖို့အတွက်​ ​အောက်​ထပ်​ကို ဆင်းလာလိုက်​သည်​။

နောက်​​ကျောဘက်​ဆီက​နေ သွားစွယ်​​လေး​တွေ ​ပေါ်တဲ့အထိ ပြုံးပြီး..မျက်​လုံးဖွင့်​ကြည့်​လာ​သော chan yeol,ကို​တော့
Baekhee..မမြင်​ခဲ့...

"​ မ က ​မောင့်​ကို ခိုးနမ်းတယ်​​ပေါ့​လေ...ဟင်းဟင်.ဒီအတိုင်း​​တော့ဘယ်​ရမလဲ.~~မမကို အပြစ်​​ပေးရမယ်​...."

ကိုယ်​​ပေါ်မှာ လွှားထားတဲ့ ဂွမ်း​စောင်​ ကို ဖယ်​လိုက်​ပြီး..chan yeol ​ရေချိုးခန်းထဲကို ဝင်​လာလိုက်​​တော့တယ်​.. .

အမှန်​တကယ်​ ​တော့..သူ အ​စောကြီးနိုး​နေတာပါ...ဒါ​ပေမယ့်​..မကို စချင်​တာနဲ့ အိပ်​ချင်​​ယောင်​​ဆောင်​​ပြီး အသာငြိမ်​​နေလိုက်​တာ.

မရဲ့​မောင်​..💋💋💋မရဲ့မောင်💋💋💋(unicode)Zawgyi&unicodeWhere stories live. Discover now