မရဲ့မောင်💋💋💋(25)

998 65 19
                                    

အဖြူရောင်နီယွန်မီးလုံးတို့ဖြင့်ဝေဝေဆာနေသော.... park အိမ်တော်ရဲ့ ညနေခင်းအချိန်အခါလေး.....ကျယ်ပြန့်လွန်းတဲ့ အိမ်တော်ရဲ့ခြံဝန်းလေးမှာ လှုပ်ရှားမှု့ကိုယ်စီနဲ့အသက်ဝင်နေကြပြန်တယ်....

ခပ်ဝေးဝေးကနေ လှမ်းကြည့်ပါက အစွမ်းကုန်ပြင်ဆင်ထားတဲ့ ခြံဝန်းလေးကနေချင်စဖွယ်အတိပါပဲ....

ပုံဖော်ထားတဲ့ အစိမ်းရောင်သစ်ပင်လေးတွေရဲ့အပေါ်မှာတော့ အဖြူရောင်မီးကြိုးလေးတွေကို ရစ်ခွေပြီး အလှဆင်ထားတော့တယ်..

ခြံအလယ်တည့်တည့်မှာတော့ အကုန်အကျခံကာဆောက်ထားတဲ့ ရေပန်းကန်လေးတစ်ခု..
က ဝင့်ကြွားစွာတည်ရှိနေတော့သည်။

"အဒေါ်ကြီး.....စားပွဲတွေကို အသေအချာလေးပြင်ပေးပါနော်......"

"စိတ်ချပါ သူဌေးကတော်ကြီး....."

Mrs Park အချတ်အပြုတ်စီမံပေးနေတဲ့ အကူအဒေါ်ကြီးတွေကို စေ့စေ့စပ်စပ်လှမ်းမှာလိုက်တယ်...ဒီနေ့က သူတို့ သမီးလေးမှာ

မြေးလေးကို လွယ်ထားရတာမို့ ဂုဏ်ပြုပေးတဲ့ ညစာ စားပွဲလေးပါ.....ကြီးကြီးကျယ်ကျယ်ကြီးမဟုတ်ပေမယ့်.....

သမီးလေးရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့သာ အတိုချုံ့လုပ်ပေးတဲ့ ပွဲလေးလောက်ပါပဲ.....

သူတို့မှာ သမီးမိန်းခလေး မရှိသည်မို့ baekheeလေးကို သမီးအရင်းလေးလို တုန်နေအောင်ချစ်ကြ၏.....ချွေးမဆိုပေမယ့်

သိတတ်လိမ္မာသူလေးမို့ Mrs parkတို့မှာအချစ်တိုးရပြန်တယ်...

"အမေကြီး.....ဘယ်လိုလဲ ပျော်နေတယ်မလား"

"ဘယ်လိုမေးလိုက်တာလဲ အဖေကြီးရယ် ပျော်တာပေါ့....ကျွန်မတို့မှာ မြေးဦးလေး ချီရတော့မှာကို........မိုးနတ်မင်းကို သိပ်ကျေးဇူးတင်တာပဲ......"

အပြုံးတစ်ပွင့်နဲ့ အနားမှာရပ်ကာ မေးလာတဲ့
ခင်ပွန်းဖြစ်သူကြောင့် Mrs park ပြုံးပြီး
ဝမ်းသာကြောင်းထုတ်ပြောလာတော့တယ်

သားငယ်လေးက ဆိုးပေတေလေးမို့ ကြင်သူရွေးတဲ့အခါ လူအရွေးမှားမှာစိုးလို့ အတော်လေးစိတ်ပူခဲ့ရတာ.....

ဒီခေတ်အမျိုးသမီးတစ်ချို့က....ချစ်ခြင်းမေတ္တာထပ် ငွေကြေးပိုင်ဆိုင်မှု့ကိုသာအလေးထားကြတတ်သည့်မို့ .....ပိုင်ဆိုင်မှု့ကြောင့် သားလေးကို လက်ခံတာမျိုးမဖြစ်စေချင်ပါဘူး....

သို့ပေမယ့် သမီးလေးက သားလေးကို သူမတို့ရဲ့ သားမှန်းမသိပဲ လက်ခံခဲ့တာမို့....

မိဘဖြစ်တဲ့သူတို့အနေနဲ့ဘစိတ်ပူပန်စရာမရှိတာအမှန်ပါပဲ...

"အမေကြီးရေ သားကို သွားပြောလိုက်ပါဦး..

ဧည့်သည်တွေလည်းလာတော့မယ်....ပြင်ဆင်ပြီးရင် ဆင်းခဲ့ပါလို့......"

မရဲ့​မောင်​..💋💋💋မရဲ့မောင်💋💋💋(unicode)Zawgyi&unicodeDove le storie prendono vita. Scoprilo ora