ယောက်ျားပျက် (၃)

3.7K 192 1
                                    

"ကဲ ဖြစ်ပြန်ပြီ ကောင်းထက်ကျော်"
ကောင်းဘာမှ မပြောပဲ ခေါင်းကိုသာ ငုံ့ထားဆဲ။
"အဲဒါ အကိုတို့ ဘယ်လို အရေးယူ အပစ်ပေးမှာလဲ ဒီတိုင်းတော့ ကျနော် မကျေနပ်နိုင်ဘူးနော် ကျနော်တို့ ကအလကား ပိုက်ဆံလာပေး တာမဟုတ်ဘူး ဇိမ်ခံ ချင်လို့ အကုန်ကျခံပြီးလာတာ ဒီလိုသာ အဆင်မပြေဘူး ဆိုရင် အလကားပဲပေါ့"
"စိတ်မရှိပါနဲ့ ညီလေးရယ် သူ့ကို ပြန်တောင်းပန်ခိုင်း ပြီး ညီလေးပေးထားတဲ့ အခန်းကြေးလဲ ပြန်လက်ခံ ပေးပါနော် နောက်တစ်ခါလာရင်လဲ ဒါမျိုးမဖြစ်အောင် အကို အကောင်းဆုံး ဆောင်ရွက်ပေးပါ့မယ်"
လရောင်ပြန်ပေးတဲ့ ပိုက်ဆံကို ဖျတ်ခနဲ ယူလိုက်ခါ မတ်တပ် ရပ်နေတဲ့ ဧည့်သည်ကောင်လေးရဲ့ မျက်နှာက မော့ချီကာ တစ်လောက လုံးသူ့လုပ်စာ စားနေရသလို ဘယ်သူ့မှ လူမထင်တဲ့ မျက်နှာပေးနဲ့လေ။ လရောင်က ဧည့်သည် ကောင်လေးကို တောင်းပန် လိုက်ပြီးမှ ကောင်းဖက် လှည့်ခါ
"ကောင်း ဒါမျိုးဖစ်တာ ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ နောက်တစ်ခါဆို မင်းကို ချက်ခြင်း အလုပ်ကထုပ်မယ် အခု ဒီကညီလေး ကျေနပ်အောင် တောင်းပန်လိုက်ပါ"
ကောင်း နောက်ကို ပစ်ထားတဲ့ လက်နှစ်ဖက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ငြိမ်သက် နေဆဲ။ ဖြစ်နိုင်ရင် စိတ်ထဲရှိတာ တွေ ပြန်ပြောပြီး ဒီအလုပ်က ထွက်သွားလိုက် ချင်ပါတယ်။ ဒါပေမယ့် မနေ့က တစ်ရက်ထဲတင် ကောင်းရမယ့်ငွေက တစ်သောင်းကျော်။ အရင်အလုပ်တွေဆို တစ်လလုံးလုပ်မှ တစ်သိန်းကျော်ရုံသာ။ ပြီးတော့ အမေနဲ့ ညီမလေးရဲ့ မျက်နှာလေးတွေ မြင်မိပြန်တယ်။
မြတ်သူက ဘေးမှာ ရပ်နေရင်းက ကောင်းရဲ့ လက်သီးကို အပေါ်ကနေ ထပ်ကိုင်ပြီး အနည်းငယ် လှုပ်ခါ သတိပေးလာပါတယ်။ ကောင်း အံကိုကျိတ်ခါ ထွက်လာတဲ့ တံတွေးကို မြိုချ လိုက်ပြီးမှ
"ကျနော် တောင်းပန်ပါတယ်"
"ဟယ် တွေ့လား အသံကိုက အသံကိုက ဒေါင့်မကျိုးတာ နေနှင့်ဦးပေါ့ ဟွန်း သွားမယ်"
ကောင်လေး ထွက်သွားတာနဲ့ ကောင်းလဲ နောက်ပြန် လှည့်ခါ အပေါ်ထပ်က သူတို့နားရာ နေရာသို့ ပြေး တက်ခဲ့ပါတော့တယ်။ ပြီးတော့ ထိုင်ခုံမှာ ငူငူကြီး ထိုင်နေလိုက်မိပါတယ်။ ခနနေတော့ သူ့ဘေးကို လရောင် ရောက်လာခါ ဝင်ထိုင်လိုက်ပြီး
"Service နဲ့ ပက်သက်တဲ့ လုပ်ငန်း အတော်များများ မှာ ဒါမျိုးတွေက ကြုံနေကြပါ ကောင်းရာ အထူးသဖြင့် အကိုတို့လို လုပ်ငန်းမျိုးတွေဆို ရင်လူတွေက ပိုပြီး အနိုင်ယူတက်ကြတယ် ထိုက်တန်တဲ့ အခကြေးငွေယူပြီး တန်ရာတန်ကြေး ပြန်ပေးဆပ်ရတာကို သူတို့ မမြင်ကြဘူးလေ မင်းလိုခပ်ချောချော ကောင်လေး တစ်ယောက်ကို လမ်းမှာတွေ့ရင် ရော့ ငါ့ခြေထောက်ကို နှိပ်ပေး တစ်သောင်းပေးမယ်လို့ ဘယ်သူပြောရဲ မှာလဲ ဒီမှာကြတော့ အဲဒိလို မဟုတ်တော့ဘူး သူတို့ ကလူကို လူလို့ မမြင်ကြတော့ဘူး ခက်တော့ ခက်တယ် ဘာပဲဖြစ်ဖြစ် ခုနကိစ္စကလဲ စိတ်ထဲမထားပါနဲ့တော့ အကို နားလည်ပါတယ် မဖြစ်လို့သာ ကောင်းကို ထည့်ပေးလိုက်တာ စဝင်သွားထဲက တစ်ခုခုဖြစ် တော့မှာပဲလို့ ထင်နေတာ ဟင်း ကဲ နားလိုက်ဦး"
ပြောပြီး ထမလို့လုပ်နေတုန်း ကောင်းတောင့်တောင့်ကြီး ထိုင်ခါ မျက်ရည်တွေ တစ်ပေါက်ပေါက်ကျနေတာ တွေ့တာမို့ လရောင် စိတ်မကောင်းစွာနဲ့ပဲ ခေါင်းကို ခါလိုက်မိပါတော့တယ်။ လရောင် ဆင်းသွားပြီး တာနဲ့ မြတ်သူ တက်လာပြီး
"ညီလေး စိတ်ထဲမထားနေပါနဲ့ကွာ ထ ထ ရေချိုး တော့နော်"
"ကိုမြတ်"
ကောင်း ထိုင်ရာမှ ထရပ်လိုက်ခါ မြတ်သူနဲ့ မျက်နှာခြင်း ဆိုင်လိုက်ပြီး
"ကျနော်တို့က ဘာတွေ ဖြစ်နေလို့လဲဟင် ကျနော် တို့က ဘာတွေ လုပ်နေလို့ သူတို့တွေ ဒီလောက်ထိ အထင်သေးနေ ကြတာလဲ ကျနော်အရင်အလုပ်တုန်း က သူများခိုင်းသမျှ အကုန်လုပ်ပေးရတယ် ဒါပေမယ့် ဒိလောက်ထိ အထင်မသေးကြပါဘူးဗျာ အခုက အခု က ဘာလို့ ဒိလောက်ထိ အထင်သေး ခံနေရတာလဲ ကျနော်လဲ ကျနော့်မိသားစုအတွက် ကောင်းကောင်း မွန်မွန် လုပ်စားနေတာပါ ဒီနေ့ဒီအချိန်ထိ ကျနော့ ခန္ဓာကိုယ်ကော ကျနော့် စိတ်ပါ ကျနော် လိပ်ပြာလုံ နေခဲ့တာ အခုတော့ ကျနော့်ကို ကျနော် လိပ်ပြာ မသန့် သလို ခံစားလာရတယ်ဗျာ"
မြတ်သူက ကောင်းရဲ့ ပုခုံးကို အသာဖိခါ ပြန်ထိုင်ခိုင်း လိုက်ပြီး
"ထိုင် ကောင်း ဒီအလုပ်ရဲ့ သဘောတရားကို အကို ပြောပြမယ် ဒီလိုပါ ဒီအလုပ်က ပင်ပန်းတဲ့သူတွေကို အပန်းပြေစေဖို့ အတွက်ရည်ရွယ်ပြီး ဖွင့်ထားကြတာ အဲဒိမှာ တစ်ခုရှိတာက လာပြီး နှိုပ်တဲ့ သူတွေထဲကမှ ယောက်ျားတွေ တစ်ချို့က မိန်းကလေးတွေ နှိုပ်တာ ထက် တကယ်ကို အကြောပြေအောင် နှိုပ်တက်တဲ့ ယောက်ျားလေးတွေနဲ့ နှိုပ်ချင်ကြတယ် ဒါ့ကြောင့် Men Spa ဆိုပြီး သီးသန့်ဖွင့်ကြတာ လာတဲ့သူတွေ ကို Service ပေးတော့လဲ သူတို့ပိုပြီး သဘောကျ နှစ်က်အောင်လို့ ယောက်ျားလေး ငယ်ငယ်သန့်သန့် ပြန့်ပြန့်လေးတွေကို နှိုပ်ဖို့ တကူးတက သင်ပေးပြီး ခန့်ထားကြတယ် အဲဒိမှာ ပြသနာက စတာပဲ အဲလို ကောင်လေးချောချောလေးတွေ ရှိတော့ Gay တွေ အလာများ လာတယ် သူတို့က သဘောကျရင် မုန့်ဖိုးတွေ ပိုပေးတယ် အပြင်မှာ ချိန်းကြတယ် တချို့ဆို Sponsor တောင်ပေးကြတယ် အရှေ့မှာ အဲဒိ လိုမျိုး သာဓကတွေ ရှိနေခဲ့တော့ နောက်လုပ်တဲ့သူ တွေကိုလဲ သူတို့က ဒီလိုတွေပဲလို့ တွေးထင်ပြီး ရလိုရငြားစမ်းကြတာပါ ဒါပါပဲ ကောင်းရာ ကိုယ်ကောင်းရင် ခေါင်းမရွေ့ ပါဘူး ဟုတ်တယ် မဟုတ်လား"
ကောင်းအခုမှ ဒီကိစ္စတွေကို သေချာ သဘောပေါက် သွားရတယ်။ ရင်ထဲမှာလဲ တစ်ခုခုကို စိုးရိမ်နေမိတယ်။ ငါလုပ်မိတာ မှားပြီလား ဆိုတဲ့ အတွေးနဲ့ပေါ့။
"ဘယ်လောက်လုံခြုံတဲ့ အခန်းထဲမှာပဲ ဖြစ်ပါစေ လောကကြီးမှာ မျက်ကွယ်ရာဆိုတာ မရှိပါဘူး အဓိက ကတော့ ကိုယ်ဘာလုပ်တယ် ဆိုတာ အနည်းဆုံး ကိုကိုယ်တိုင်တော့ သိတာပဲလေ ကို့လိပ်ပြာ ကိုလုံနေ သရွေ့ မင်းလုပ်တာ အားလုံးမှန်တယ်ကောင်း"
"ကျေးဇူးပါ ကိုမြတ် ကျနော် ကို့ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းနေထိုင်မှာပါ"
"အကိုယုံကြည်ပြီးသား ကောင်း လုံးဝယုံကြည့်တာ ကဲ ရေချိုး လိုက်ဦး ခြွေးတွေ ထွက်နေတယ် မဟုတ် လား သွား သွား"
"ဟုတ်ကဲ့ ကိုမြတ် နောက်လဲ ညီ့ကို ညီလေးတစ်ယောက်လို အမြင်မတော်တာ ရှိရင်ဆုံးမပါဗျာနော်"
ကောင်း ကိုမြတ်ရဲ့ လက်ကို ကိုင်ခါ ပြောလိုက်ပြီး အနားကနေ ထလာပါတော့တယ်။
ဆိုင်မှာ လုပ်ပြီး တစ်ပတ်ပြည့်တော့ နားရက်ရတာနဲ့ အိမ်ပြန်ရတော့မှာမို့ ကောင်း အရမ်းပျော်နေပါတယ်။
"ကောင်းရေ လာဦး ရော့ဒီမှာ မင်း အတွက် တစ်ပတ်စာ သေချာ ပြန်စစ်ဦး ပြီးရင် ဒီအကွက်လေးမှာ လက်မှတ်ထိုး"
လရောင်ပေးတဲ့ တစ်သောင်းတန် ၃ ရွက်ကို ကြည့်ပြီး လရောင်ပြောတဲ့ အကွက်လေးမှာ ကောင်း လက်မှတ် တန်းထိုးလိုက်တာမို့ လရောင်က
"သေချာကြည့်ဦးလေ ကောင်းရ မင်းအခန်းဝင်ချိန်တွေ မှားတာ လိုတာ ရှိနေဦးမယ်"
"ရတယ် အကို နေပေ့စေတော့ ညီ သွားဖို့ ပြင်တော့ မယ်နော်"
"အေးအေး"
ကောင်းရေမိုးချိုးပြီးတော့ အဝတ်လဲမလို့ လုပ်နေတုန်း ကိုမြတ်သူ ရောက်လာခါ
"ရော့ ကောင်း ဒါအကို ဝတ်ဖို့ဝယ်ထားတာ နဲနဲသေး နေလို့ မင်းနဲ့တော်မယ်ထင်တယ် တော်ရင် ယူလိုက် ဝတ်ကြည့်လိုက်"
"ဟာ မယူပါဘူး အကိုရာ အားနာစရာကြီး မလုပ်ပါနဲ့"
"ကောင်း မင်းကို ခင်လို့ နောက်ပြီးငါနဲ့လဲ မတော်လို့ ပေးတာကို မငြင်းပါနဲ့ အသစ်တွေပါကွ"
"အားနာလို့ပါ ကိုမြတ်ရာ"
"မယူလဲ လွှင့်ပစ်လိုက်ကွာ သွားပြီ ရော့"
ကိုမြတ်က ကောင်းလက်ထဲကို အိတ်လေး ထည့်ပြီး ထွက်သွားတော့ ကောင်း စိတ်မကောင်းစွာနဲ့ ဖွင့်ခါ ကြည့်လိုက်မိတယ်။ အင်ကျီတစ်ထည်နဲ့ ဘောင်းဘီ တစ်ထည် အကုန်လှလှလေးတွေ။ အပေါစားတွေ မဟုတ်သလို တန်ဖိုးလဲ တစ်အားမကြီးလောက်ဘူး။ ကောင်း ကိုမြတ်ပေးတာလေးတွေ ဝတ်လိုက်ပြီး ခေါင်းကိုဖီးခါ အောက်ထပ်ကို ဆင်းလာတော့
"ဟ့ လန်းလှချည်လား ကောင်းထက်ကျော်ရေ"
"မျက်နှာကိုက အပျော်လွန်နေတာ"
"တစ်အား မိုးမချုပ်စေနဲ့နော်ကောင်း"
သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် တွေကော ကိုလရောင် ကပါ သူ့ကိုဝိုင်းစနေကြတယ်လေ။ သူအားလုံးကို နှုတ်ဆက်ပြီး အပြင်ထွက်ခဲ့လိုက်ပါတယ်။ ကားမှတ် တိုင်ကို လမ်းလျှောက်ရင်းတွေးနေတာက သူမုန့်ဖိုး ရထားတာလေးတွေ စုထားတာကလဲ ၃ သောင်းကျော် ကိုလရောင်ပေးတာ ကလဲ ၃ သောင်းဆိုတော့ အားလုံးပေါင်း ၆ သောင်း ကျော်လောက် ရှိပါတယ်။ အမေနဲ့ ညီမလေးစားဖို့ မုန့်လေးတွေ ဝယ်သွား ရမယ်။ ပြီးရင် အမေ့ကို ၅ သောင်းပေးမယ်။ အမေ အရမ်း ဝမ်းသာသွားမှာ သေချာတယ်။ အတွေးတွေနဲ့တင် ကောင်းရဲ့ မျက်နှာက ဝင်းပပြီး ကြည်လင်နေ ပါတော့တယ်။
အိမ်ရောက်တော့ အမေက မရှိ။ ညမလေးကတော့ စာကျက်နေတာမို့
"ညီမလေးရေ"
"ဟာ ကိုကြီး ကိုကြီး ပြန်လာပြီ"
ညီမလေးက သူ့ကို ပြေးခါ အတင်းဖက်ထားတာမို့ ကောင်းလဲ ပြန်ဖက်ထား လိုက်ပါတယ်။ ပြီးတော့မှ
"အမေကော ဘယ်သွားလဲ ညီမလေး ရော့ ဒီမှာ မုန့် ညီမလေးနဲ့ အမေစားဖို့"
"အမေ ဈေးသွားတယ် ကိုကြီး ညီမလေး ကိုကြီးကို သတိရလိုက်တာ နေ့တိုင်းမျှော်နေတာ အမေဆိုလဲ ညနေဆို လမ်းဖက်ထိုင်ငေးနေတာ ကိုကြီးကိုတွေ့ ရင် အရမ်းဝမ်းသာမှာ ဟော ဟိုမှာ လာပြီ လာပြီ"
ကောင်းနောက်ကို လှည့်ကြည့်လိုက်တော့ အိမ်ရှေ့ ကိုရောက်နေတဲ့ အမေ။ အမေကတော့ အိမ်ထဲကို မမြင်သေးတာမို့
"အမေ"
"ဟယ် ငါ့သား ငါ့သား ကောင်းထက်ကျော် ပြန်လာပြီ အမလေး အမေ့သားလေး သတိရလိုက်တာ သားရယ် အမေဖြင့် လိုက်တောင် လိုက်လာချင်တာ မလာ တက်လို့သာ နေနေရတာ"
"သားလဲ သတိရပါတယ် အမေရ အမေ သက်သာရဲ့ လား နေကောကောင်းလား လာပေး အဲ့ဒိအထုပ် ထိုင်ဦး အမေမောလာပြီ"
"ရေ့ အမေ ဒီမှာရေ သောက်"
အမေက ကြမ်းပြင်မှာထိုင် လိုက်ပြီး ညီမလေး ပေးတဲ့ ရေခွက်ကို ယူကာ အကုန်မော့ သောက်လိုက်ပါတယ်။ မောလာမှာပေါ့ စာလာမှာပေါ့ ဈေးသွားရင် ဘာမှ မုန့်ပဲသွားရေစာ စားတဲ့သူမှ မဟုတ်တာလေ။
"အမေရော့ ဒီမှာ ညီမလေးနဲ့ အမေ့အတွက် မုန့်နဲ့ အသီးတွေ နေဦး ဒီမှာက ညီမလေးအတွက် ကျောင်းအင်ကျီနဲ့ ကျောင်းစိမ်း လုံချည်ဗျာ"
"ဟာ ပျော်လိုက်တာ အရမ်းလှတာပဲ ဈေးကြီးလား ဟင် ကိုကြီး နောက်ဆို ဈေးကြီးတာတွေ မဝယ်နဲ့ နော် သိလား အမေ့ လှတယ်နော်"
"လှပါတယ် သမီးရယ် လှမှလှ"
"ဒီမှာ ကြည့် ဒါအမေ့အတွက် အမေ့အကြိုက် အရောင်မှိုင်းလေး ခရမ်းရောင်လေး ဒါက အမေတွဲဝတ်ဖို့ လုံချည် အမေသား အထက်ဆင်ပါ ဝယ်လာလိုက် တယ် အဟီး အမေ ကြိုက်ရဲ့လား"
အမေက ချက်ခြင်း မဖြေနိုင်သေးပဲ ပြုံးပြုံးကြီးသာ ကြည့်နေတာမို့ ညီမလေးက
"ဘာလို့လဲ အမေရ မကြိုက်ဘူးလား လှပါတယ်"
"အော် ကြိုက်ပါတယ်တော် ကြိုက်ပါ့ ကြိုက်ပါ့ အမေ့ သားဝယ်ပေးတာပဲ ဘာဖြစ်ဖြစ်ကြိုက်တယ် ကြည့်ပါဦး သမီးရယ် ညည်းအကို တစ်ပတ်လေးနဲ့ အသားတွေလဲ ဖြူလာတယ် အဝတ်စားသစ်တွေနဲ့ ချောနေ လိုက်တာ အမေဖြင့် ကြည့်လို့ကို မဝဘူး"
"ဟုတ်တယ် အမေ ကိုကြီး အခုမှ အရမ်းချောလာတာ နော် သူဌေးသားကြီးလိုပဲ ကျောင်းက သူငယ်ချင်းတွေနဲ့ဆို ခနခန ရန်ဖြစ်ရတယ် သိလား ကိုကြီးကြောင့် သမီးကို ယောင်းမ ယောင်းမနဲ့ လာခေါ်တာလေ အကုန်ရန်ပြန်တွေ့ လွှတ်လိုက်တယ် အေးရော"
"ဟားဟားဟား ဟုတ်ပါပြီဗျာ ဒီသားအမိတွေ အတိုင်အဖောက် တယ်ညီနေ ပါ့လား အော နေဦး အမေ ရော့ ဒီမှာ သား လုပ်ခရလာတာ"
ကောသ်းက တစ်သောင်းတန် ၅ ရွက် အမေ့လက်ထဲ ပေးလိုက်တော့ အမေက အံ့သြခါ
"ဒါတစ်လစာလား သားလေး"
"မဟုတ်ပါဘူး အမေရ တစ်ပတ်စာပဲ လကုန်ရင်လဲ လစာက သက်သက် ၈ သောင်းရမှာလေ"
"ဟာ ကိုကြီး အလုပ်က ကောင်းလှချည်လား"
ညီမလေး ဝမ်းသာ အားရပြော လိုက်သလို အမေကလဲ ပိုက်ဆံကို ကိုင်ရင်း
"အင်း မိဘကို လုပ်ကျွေးတဲ့ သားလိမ္မာလေးမို့ သူ တော်ကောင်းတွေနဲ့ တွေ့တာ ငါ့သားလေး ဒိ့ထက် မက ဘုန်းကြီးပါစေ သက်ရှည်ပါစေ အန္တရယ် ခပ်သိမ်း ဘေးခပ်သိမ်း ကင်းငြိမ်းပါစေကွယ်"
ကောင်း ကျေနပ်စွာ ပြုံးနေတဲ့ အပြုံးက လှိုက်လှိုက် လှဲုလှဲု ရင်ထဲကပါမှန်း သိသာလှပါတယ်။ သားအမိ ၃ ယောက်စလုံး အပြုံးကိုယ်စီနဲ့ ကျေနပ်နေကြတာ သူတို့အိမ်လေးဟာ အလွန်ပင်ကျက်သရေ ရှိလို့နေပါ တော့တယ်။
အပြုံးတွေရဲ့နောက်ကွယ်က ခံစားချက်တွေ ကိုယ်စီ ရှိကြတာတော့ ဘယ်သူသိမှာလဲလေ။ ပြုံးနေ ကြပေမယ့်လဲ ရင်ထဲမှာတော့
ဒေါ်ထွေးမြ - အော် သားလေးရယ် ဒိလောက်ထိ လစာတွေ ကောင်းနေတာ သားလေး ဘယ်လောက်များ ပင်ပန်းမလဲ ဆိုတာ အမေ သိချင်လိုက်တာ .....
ကောင်း - အမေရယ် သားကျေနပ်ပါတယ် အမေတို့ ညီမလေးတို့ ဒီအပြုံးလေးတွေ တည်မြဲဖို့ အေးချမ်း စွာနေနိုင်ဖို့ သား အရာအားလုံးကို အရှုံးပေး သည်းခံ ရင်းနဲ့ ဆက်ပြီး ကျိုးစား သွားပါ့မယ် .....
ကြည့်ပါဦး လူများတွေရဲ့ အထင်သေးခံ အနှိမ်ခံနဲ့ လုပ်နေခဲ့ရတဲ့ ကောင်းက အမေနဲ့ညီမလေးအတွက် တော့ အောင်ပွဲခံ စစ်သူကြီး တစ်ဦးပမာ။ အဲဒိ့အတွက် ကောင်း ကျေနပ်တယ်။ ကျေးဇူးရှင်အမေနဲ့ ကောင်းချစ်တဲ့ ညီမလေးအတွက် ကောင်း ဆက်ပြီး ဒီလုပ်ငန်းမှာ ရပ်တည်နေဖြစ်ဦးမယ် ဆိုတာ အသေချာ ပါပဲ။
နောက်နေ့ အလုပ်ပြန်ဝင်တော့လဲ ပထမဦးဆုံး ဧည့်သည်က ကောင်းကိုသာ ရွေးခဲ့ပါတယ်။ ကောင်း သေချာ စေတနာထားပြီး နှိုပ်ပေးတယ်။ ဧည့်သည်ကလဲ ဘာမှစကားပြောခြင်း မရှိပဲ ငြိမ်သက်စွာနဲ့ အနား ယူနေ ပါတယ်။ နှိုပ်ပြီးလို့ ရေချိုးပြီး VIP Room ထဲမှာပဲ ထိုင်ခါကော်ဖီသောက် နေတော့မှ
"ရော့ ညီလေး ဒါအကို့ အလုပ် လိပ်စာကဒ် ဒါကို သေချာသိမ်းထား အကိုကတော့ တစ်လနေမှ တစ်ခါလောက် လာဖြစ်မှာ ညီလေး အခက်အခဲ တစ်ခုခုရှိတဲ့ အခါ အကို့ကို ဖုန်းဆက်ဖို့ လုံးဝမမေ့ပါနဲ့"
တစ်သောင်းတန် တစ်ရွက်နဲ့အတူ လိပ်စာကဒ်လေး ပေးတဲ့ အကို့ကို ကောင်းခုမှ သေချာကြည့်မိတယ်။ သန့်ရှင်းတည်ငြိမ်တဲ့ ရုပ်ရည်နဲ့ လူကြီးလူကောင်း ဆန်တဲ့ ပုံစံတွေ ကြားထဲကနေပဲ အကို့မျက်နှာက နှဖတ်နေပါတယ်။ ကောင်း ပြန်ပြီး ပြုံးခါ ခေါင်းငြိမ့်ပြ လိုက်မိပါတယ်။
"ညီလေး နာမည်ဘယ်လိုခေါ်လဲ ဖုန်းနံပါတ် ရှိရင် အကို့ကို ပေးထားလို့ ရမလား"
"ကောင်းထက်ကျော်ပါ အကို ဖုန်းတော့မရှိဘူးဗျ"
"ဒါဆို ဆိုင်ဖုန်းကနေ ခေါ်ရင်ကော ရလား"
"ဟုတ်ကဲ့ ရပါတယ် အကို ခနခန တော့ မရဘူး"
ကောင်းစကားကြောင့် အကိုက ပြုံးလိုက်ခါ
"အင်းပါ အကို ကိစ္စရှိမှ ဆက်မှာပါ ကဲ အကိုပြန် တော့မယ်နော်"
"ဟုတ်ကဲ့ အကို"
ကောင်း ပုခုံးလေးကို ဖြစ်ညှုစ်သွားတဲ့ အကို့ရဲ့ လက်တွေက နူးညံ့ ညင်သာ နေတာမို့ ကောင်း ကျေနပ်သွားသလို ခံစားလိုက်မိပါတယ်။ ဒီနေ့တော့ ကောင်း ရဲ့ စိတ်ထဲမှာ အကို့ကို အမှတ်ရနေအောင် လုပ်ခဲ့ ပြီထင်တယ်။ လိပ်စာကဒ်လေးကို ကြည့်မိတော့မှ
"အောင်မြင့်မြတ်"
"Admin Manager"
တဲ့ အရမ်းလိုက်ဖက်တဲ့ နာမည်နဲ့ ရာထူးကို တွေ့ရ တာမို့ ကောင်း ထပ်ပြီး ကျေနပ်မိပြန်တယ်။ ဘာလို့ လဲဆိုတာတော့ ကို့ကိုယ်ကို မသိပေ။

ယောက်ျားပျက်။Nơi câu chuyện tồn tại. Hãy khám phá bây giờ