ယောက်ျားပျက် (၄)

3.4K 172 2
                                    

အလုပ်လုပ်နေရင်းနဲ့ တဖြေးဖြေး နေသားကြလာခဲ့ တယ်ဆိုမလားပဲ ကောင်း အတွက်တော့ အတော် လေးကို အံဝင်ဂွင်ကျ ဖြစ်လာပါပြီ။
ကိုမြတ်ပြန်သွားပြီး နောက် ၄/၅ ရက် အကြာ ညဖက် ဆိုင်ပိတ်ခါနီးမှာပဲ
"ကောင်းရေ ဖုန်းလာတယ်ဟေ့"
"ဟုတ်ကဲ့ ကိုလရောင် လာပြီဗျ"
ကောင်း ဒီအချိန်ကြီး အိမ်ကများ ဆက်တာလားလို့ ရုတ်တရက် စိတ်ပူသွား ခဲ့ရပါတယ်။ ဖုန်းကိုကိုင်ခါ
"ဟယ်လို ဘယ်သူလဲဗျ"
"ကောင်း အကိုပါ"
အဲဒိတော့မှ စိတ်အနည်းငယ် အေးသွားခါ
"အော် ဟုတ်ကဲ့ အကိုအောင် ပြောပါခမျ"
"ဆိုင်ရှေ့ကို ခနလောက် ထွက်ခဲ့ပါလား ကောင်း အကို ခနလေး စကားပြောစရာရှိလို့"
"ဗျာ ဘယ်တော့လဲ အခုလား"
"ဟုတ်တယ် ကောင်း ခနလေးပါ"
"ဟုတ်ကဲ့ အကို ဒါဆို ကျနော် ဖုန်းချ လိုက်တော့မယ် နော်"
"အင်း ညီလေး ဒါပဲနော်"
ကောင်းဖုန်းချ ပြီးတာနဲ့ ကောင်တာမှာ ထိုင်နေတဲ့ လရောင်ကို
"အကို ညီ အရှေ့ကို ခနလေး ထွက်လိုက်ဦးမယ်နော် ဧည့်သည်ရောက်လာလို့"
"ဆိုင်ကိုလာတာလား"
"အဲ အဲဒါတော့ မသိဘူး မေးကြည့်လိုက်မယ်"
"အေးပါ သွား သွားရတယ် အထဲခေါ်လဲရတယ်"
"ဟုတ်ကဲ့ အကို"
ကောင်းပြောပြီး ဆိုင်ရှေ့ကို ထွက်ခဲ့တော့ ဆိုင်ရဲ့ မျက်စောင်းထိုးမှာ ရှိတဲ့ လမ်းထိပ်လေးမှာ ကားကိုမှီခါ ရပ်နေတဲ့ ကိုအောင့်ကို တွေ့တာမို့ အနားကို လျောက်သွား လိုက်ပါတယ်။ အနားရောက်တော့ ကိုအောင်က
"ထွက်လို့ အဆင်ကော ပြေရဲ့လား ကောင်းရ အကို ကအထဲကို မနှိုပ်ပဲ ဝင်လာရမှာ အားနာလို့ပါ"
"ရပါတယ်ဗျ အကို ဘာကိစ္စ ရှိလို့လဲ"
"အင်း ကောင်းကို သတိရတာနဲ့ လာခဲ့တာ ပေးစရာလေး တစ်ခုလဲ ရှိလို့ ရော့"
အကိုအောင် ကမ်းပေးတဲ့ စက္ကူအိတ်အထုပ် လေးက ဘာထည့်ထားမှန်း မသိပေမယ့် ကောင်း လှမ်းမယူပဲ
"ကျနော် မလိုချင်ဘူး အကို မယူပါရစေနဲ့"
"မယူဘူးလို့တော့ မငြင်းပါနဲ့ကောင်းရာ ဒါက အကို့ စီမှာလဲ အသုံးမလိုပဲပိုနေတာပါ နောက်ပြီး ကောင်းအတွက်လဲ လိုအပ်မယ်လို့ ထင်လို့ပါ ကျေးဇူးပြုပြီး အကို့ ခင်မင်မှုကို အသိအမှတ် ပြုတဲ့ အနေဲ့ လက္ခံ ပေးပါနော်"
"ကျနော် သူများဟာ အလကား မလိုချင်ဘူး အကိုအောင်ရယ်"
"အလကားတော့ ဘယ်ရမလဲ အကို့ကို တစ်ခုတော့ ပြန်ပေးရမယ် အဲဒါက အကို့ကို တကာ့်အကို တစ်ယောက်လို ချစ်ခင်ပေးရမယ် ဒါကိုမှ လက်မခံရင်တော့ အကို စိတ်မကောင်း ဖြစ်ရလိမ့်မယ်ကွာ"
ကောင်း လက်ထဲ အတင်းထိုးထည့် ပေးနေတာမို့ ကောင်း မငြင်းသာတော့ပဲ လက်ခံ လိုက်ရပါတယ်။ ပြီးတော့မှ အကိုအောင်က အဲဒိအိတ်လေးကို ဟလိုက်ခါ အထဲက ဘူးလေး တစ်ဘူးကို ထုတ်ယူလိုက်ပါတယ်။ ဘူးလေးကို ဖွင့်လိုက်တော့ ဖုန်းလေး တစ်လုံးထွက် လာပါတယ်။ ဖုန်းက ပုံစံကြည့်ရုံနဲ့ အကောင်းစားမှန်း သိသာလှတာမို့
"အကိုအောင် အဲဒါကြီးက ဈေးကြီးမယ်နဲ့တူတယ်ဗျာ"
"အင်း သိပ်တော့မကြီးပါဘူး အကိုက နောက်ဆုံးပေါ် 7+ ဝယ်လိုက်တော့ ဒါက မကိုင်ဖြစ်တော့ဘူးလေ အဲဒါကို ကောင်းပဲ ယူလိုက်ပါ လာ အကို ဘယ်လိုသုံးရလဲ ဆိုတာ ပြပေးမယ်"
ကောင်း အကိုအောင် ပြောသမျှ လိုက်ကြည့်ပြီး မှတ်ထား လိုက်ပါတယ်။
"အထဲမှာ ဆင်းကဒ်လဲ ထည့်ထားတယ် ဒီကဒ်က Bill နောက် ၆ လအထိ တစ်လ ၃ သောင်း သူ့ဖာသာ ဝင်နေလိမ့်မယ် အဲဒါနဲ့ သုံးပေါ့"
"ဟုတ်ကဲ့အကိုအောင်"
"အော် အကို့ ဖုန်းနံပါတ် ဒီထဲမှာ မှတ်ထားပေးတယ် ကိစ္စရှိရင် လှမ်းခေါ်လိုက်နော်"
"ဟုတ်ကဲ့ အကိုအောင် ကျေးဇူးပါခမျ"
"ကဲ ဒါဆို ပြန်ဝင်တော့ ကြာလို့ ပြောနေဦးမယ်"
"ဟုတ်ကဲ့ ကျနော် သွားပြီနော် အကိုအောင်လဲ ကားကို ဖြေးဖြေးမောင်းနော်"
အကိုအောင်က ကျေနပ်စွာပြုံးရင်း ခေါင်းငြိမ့်ပြလာ တာမို့ ကောင်းလဲ ရီပြခါ လှည့်ထွက်လာ ခဲ့လိုက်ပါ တော့တယ်။ ဆိုင်ထဲရောက်တော့ အဝမှာပဲ ကိုမြတ်သူ နဲ့တွေ့ခါ ကိုမြတ်က သူ့လက်ထဲက ဖုန်းကို ယူကြည့် လိုက်ရင်း
"ဟာ ဘယ်ကရလာတာလဲ ကောင်း i phone 6+ ကြီးပါလား လန်းလှချည်လားကွာ"
"ဟို ခုန အကိုတစ်ယောက်က ညီသုံးဖို့ဆိုပြီး လာပေး သွားတာ သူပြောတာတော့ ဈေးသိပ်မကြီးဘူးတဲ့ သူသုံးပြီး သားတဲ့"
"အေးလေ သုံးပြီးသားဆိုပေမယ့် အသစ်နီးပါးပဲဟာ အသစ်ဆိုရင် ၉ သိန်း ၁၀ သိန်း လောက်ရှိမှာ"
"ဗျာ"
ကောင်း တစ်ကယ်ပဲ အံ့သြခါ တုန်လှုပ်သွား ရပါတယ်။ ဒီလောက်ဈေးကြီးမှန်း သူသိခဲ့ရင် ဒီဖုန်းကြီးကို မယူခဲ့ပါဘူး။ အားနာလိုက်တာ။
ဆိုင်သိမ်းပြီးချိန်မှာပဲ အကိုအောင် ဖုန်းဆက် လာပါတယ်။ ပြန်ယူဖို့ ပြောပေမယ့် လက်မခံတော့ပေ။ နောက်ပြီး ဒီအပတ်ပိတ်ရက် အိမ်ပြန်ရင် လိုက်ပို့ပေး ဖို့လဲ အကိုအောင်က ခွင့်တောင်း လာပါတယ်။ ဒါနဲ့ ကောင်းလဲ လက်ခံလိုက်ပါတယ်။ ပျော်နေတာလဲ ပါတာပေါ့။ အကိုအောင်ကို ကောင်းအရမ်းခင် မိတာ ဖုန်းပေးလို့ မဟုတ်ပါဘူး။ စတွေ့တွေ့ချင်း နေ့ထဲက ရင်ထဲက လှိုက်လှဲုစွာ ခင်မင်ခဲ့မိတာကိုး။
အိမ်ကို ပြန်တဲ့ နေ့ရောက်တော့ အကိုအောင်က ကားနဲ့ ဆိုင်အထိ လာခေါ်ခါ အိမ်ကို လိုက်ပို့ပေး ပါတယ်။ လမ်းမှာ City Mart ကိုဝင်ခါ ဈေးဝယ်တာလဲ နည်းတာမဟုတ်။ ဆီ၊ ငါးခြောက်၊ လ္ဖက်၊ ဝက်အူချောင်း၊ အသားဘူးများ၊ အချိုရည်ဘူးများ၊ မုန့်များ ခြင်းနဲ့ ၂ လုံး အပြည့်ပါပဲ။ ကောင်းက အကိုအောင် သူ့ အိမ်အတွက် ဝယ်တယ် ထင်တာလေ။
ကောင်းတို့ အိမ်ရှေ့မှာ ကားလေး ရပ်တော့ အမေနဲ့ ညီမလေးက အံ့အားသင့်စွာ ငေးနေကြတာမို့ ကောင်း လှမ်းခေါ်ကာ ကားပေါ်က ဆင်းလိုက်ပါတယ်။
"အမေ ညီမလေး"
"ဟုတ်တယ် ဟုတ်တယ် အမေ ကိုကြီး ပြန်လာတာ"
အမေနဲ့ ညီမလေးကို နှုတ်ဆက်နေတုန်းမှာပဲ အကိုအောင်က အထုပ်တွေ အကုန်ဆွဲလာတာမို့
"ကားပေါ်မှာပဲ ထားလေ အကိုအောင်ရဲ့ ညီ ဒီမှာ နေခဲ့မှာပဲဟာ အကိုအောင ခနနားပြီး သွားချင်သွားလို့ ရပါတယ်"
"သိပါတယ် ကောင်းက ဒါက ကောင်းတို့ အိမ်အတွက် ဝယ်လာတာလေ"
"ဟာ အားမာစရာ မဟုတ်တာ အကိုအောင့် အိမ်ကိုပဲ ယူသွားပါဗျာ"
"ရှေမနေနဲ့ ရော့ ဝိုင်းဆွဲဦး လေးလိုက်တာ"
"အော် ဟုတ်ကဲ့ ပေးပေး ဟိုဖက်က ဟာပါပေးလေ"
"ရတယ် ဒါပဲယူ"
အိမ်ထဲရောက်မှ အမေက ဖျာခင်းပေးပြီး
"သားလေး ဧည့်သည်ကို ထိုင်ခိုင်းဦးလေ"
"လာ အကိုအောင် ထိုင်"
"ထိုင်ထိုင် သား ရော့ ရေလေး သောက်ပါဦး"
"ဟုတ်ကဲ့ ခမျ အန်တီထိုင်ပါ ဒီမှာ အန်တီတို့စားဖို့ ဝယ်ခဲ့ပေးတာ လက်ခံပေးပါ ခမျ"
"ဘာလို့ တကူးတက ဒီလောက်ကြီးတောင် ဝယ်ခဲ့ရ တာလဲ သားရယ် အားနာစရာကြီး ဒါတွေ မလိုပါဘူး"
"အမေ အဲဒါ သားတို့ ဆိုင်ကဖောက်သည် အကိုပါ နာမည်က ကိုအောင်မြင့်မြတ်တဲ့ သားကို အရမ်းခင် တာအကိုက ဒီမှာ ဖုန်းလဲ အတင်းပေးထားတာ သား ငြင်းတာကို မရဘူး"
"ကျေးဇူးတင်ပါတယ် သားရယ် အန်တီ့သားလေးကို ကို့ညီလေး တစ်ယောက်လို အမြင်မတော်တာတွေ့ ရင်လဲ ဆုံးမပါ ဂရုလဲ စိုက်ပေးပါနော်"
"ဟုတ်ကဲ့ ကောင်းက လိမ္မာပြီးသားပါ အန်တီရ"
အကိုအောင်နဲ့ စကားတွေ ပြောပြီး ခနနေတော့ အကိုအောင်က အရင်ပြန်နှင့်ပါတယ်။ စားစရာတွေ တစ်ပုံကြီးနဲ့ ဆိုတော့ အမေနဲ့ညီမလေးလဲ ဝမ်းသာနေ ကြတာလေ။ ကောင်း ဝယ်လာတဲ့ မုန့်ထုပ်လေးက အကိုအောင်ရဲ့ အထုပ်တွေထဲမှာ မျက်နှာငယ်စွာနဲ့ ရှိနေပါတယ်။ အမေတို့ မသိဘူး အဲဒါကောင်းဝယ် လာတယ်ဆိုတာ ဒါပေမယ့် ကောင်းလဲ မပြောပြနေ တော့ပါဘူး။ စိတ်မကောင်းပေမယ့် အမေတို့ ပျော်နေ ရင်ကောင်း ကျေနပ်ပါတယ်လေ။
အခုဆို အမေ့မှာ ဘာအကြွေးအမှီမှ မရှိတော့တာ အမေက ဝမ်းသာ အားရ ပြောပြရှာတယ်။ ဒါပေမယ့် ကောင်း ဒီလိုပဲ ဆက်လက် ရုန်းကန်ရဦးမှာပဲလေ။ အကြွေးမရှိပေမယ့် အမေတို့ကို မပူမပင်ထားနိုင်ဖို့ သူ ဆက်ပြီး ကျိုးစားရဦးမယ်လေ။
တစ်နေ့မှာတော့ အကိုအောင်က အမေတို့ကို အခု ငှားနေတဲ့ အိမ်ကနေ အိမ်ကောင်းကောင်းလေး ပြောင်းခါ ငှားပေးမယ်လို့ ပြောလာတော့ ကောင်း လုံးဝ လက်မခံကြောင်း ငြင်းခဲ မိပါတယ်။ ကျေးဇူးတွေနဲ့ မနစ်ချင်ဘူးလေ။ တစ်ချိန်မှာ အကိုအောင် မကူညီနိုင် တော့ရင် သူတို့ ဘဝတွေ ပိုဆိုးသွားမှာ မဟုတ်လား ဒါ့ကြောင့် လက်မခံ ခဲ့တာပါ။
နောက်ပြီး ဒီတစ်ခါ ပိတ်ရက်ကို ညဖက်ထဲက အလုပ် သိမ်းတာနဲ့ လာခေါ်ပြီး သူနဲ့အတူ အိပ်ဖို့ အကိုအောင်က တောင်းဆိုထားတာကိုလဲ အဲဒိ့နေ့အထိ စဉ်းစားဦးမယ် လို့ပဲ ကောင်းဖြေထား လိုက်တယ်။
ဒီနေ့ည ဆိုငိသိမ်းတော့ လမ်းထိပ်က ထမင်းကြော် ဆိုင်လေးကို သူတို့ထွက်ပြီး စားကြတယ်။ ကိုလရောင်ကော ကိုမြတ်သူကော ကျန်တဲ့သူတွေပါ ဆိုရင် အားလုံးပေါင်း ၈ ယောက် ဆိုင်မှာကျန်ခဲ့တာက ၃ ယောက်။ ထမင်းကြော်ကို ကိုယ်စားမယ့် ဟင်းနဲ့ကို မှာကြပြီး စားပွဲဝိုင်း အပုလေးတွေနဲ့ ထိုင်နေကြတုန်း ဘေးဝိုင်းက အသံတစ်သံကို ကောင်း သတိထား လိုက်မိပါတယ်။
"စွပ်ကျယ် အနီလေးနဲ့က အလန်းဆုံးပဲ ငယ်ငယ်လေး ရှိသေးတယ်နော် မျက်နှာလေးကို နုဖတ်နေတာပဲ အဟိ"
ဒါ ကောင်းကို ပြောတာပါ။ အဖွဲ့ထဲမှာ ကောင်းပဲ ရိုးရိုး စွပ်ကျယ် အနီလေးရယ် အားကစားဘောင်းဘီ တို အဖြူလေးကို ဝတ်ထားတာလေ။
"ဟဲ့ ကိုင်တာက i နဲ့နော် အချေ"
စကားပြောတဲ့ အသံအရ ယောက်ျားသံဆိုပေမယ့် မိန်းမဆန်နေတာ သိသာလှ ပါတယ်။ ကောင်း မသိသ လိုပဲ နေလိုက်ပါတယ်။
"နင်ကလဲ ကိုင်နိုင်မှာပေါ့ ရုပ်လေးနဲ့ လုပ်စားနေတာ စပွန်တွေ ဘာတွေရှိမှာပေါ့"
ကောင်း အကိုအောင့်ကို ပြေးမြင်မိပြန်တယ်။ စိတ်ထဲ လဲ တင်းခနဲ ဖြစ်သွားမိတယ်။
"ဟုတ်မှာပါ အဲလိုလုပ်တယ် ဆိုထဲက ဟိုဟာ သာသာ တွေပဲ နေမှာပါ ဟယ် နှမြောစရာလေး"
ကောင်း ချက်ခြင်း ဆတ်ခနဲ နောက်ကို လှည့်ကြည့် လိုက်တော့ သူတို့ကောင်းကို ကြည့်နေတာနဲ့ ဆုံ သွားတာမို့ သူတို့ အိုးတိုးအမ်းတမ်းနဲ့ သူတို့မဟုတ် သလို ဟိုကြည့်ဒီကြည့် လုပ်နေကြပါတယ်။
"တောက်ခ်"
ကောင်း ဒေါသကို ထိန်းမရတော့ပေ။ စောကားတာ လွန်လွန်းသွားပြီလေ။ ချက်ခြင်းထဖို့ ပြင်လိုက်တော့ ဘေးမှာ ထိုင်နေတဲ့ ကိုလရောင်က ကောင်းလက်ကို ဆွဲထားခါ
"မြတ်သူ သူ့ကို ခေါ်သွားတော့ ထမင်းပါဆယ်ထုပ်ခဲ့ မယ် ပြန်နှင့်တော့"
"ဟုတ်ကဲ့ ကိုလရောင်"
ကောင်းကို မြတ်သူက ဟန်မပျက်စေရန် ပုခုံးကို ဖက်ခါ ဆွဲခေါ်သွား ပါတယ်။ ဆိုင်ကို ပြန်ရောက်တော့မှ
"ကဲ ထိုင် မင်းစိတ်ကို အဲဒိလို လွှတ်ထားလို့ မရဘူး ကောင်းရ ငါတို့လဲ ကြားတာပဲ ဒါပေမယ့် ကို့ကိုပြော နေရင်တောင်မှ မသိသလို ပဲနေလိုက်တယ်"
ဆိုင်မှာ ကျန်ခဲ့တဲ့ သူတွေလဲ ထွက်လာခါ ကောင်းနဲ့ ကိုမြတ်သူကို ရပ်ကြည့်နေကြပါတယ်။
"ပေါ်တင်ကြီး စော်ကားနေတာဗျ နားနဲ ဆက်ဆက်ကြီး ကြားနေရတာ ကျနော်က အဲ့လို လူမျိုး မဟုတ်ဘူး ကျနော် ကောင်းရောင်းကောင်းဝယ် လုပ်စားနေတာ ကျနော်က သူတို့ပြောသလို သူတို့ထင်သလို လူ မဟုတ်ဘူး ကျနော် မခံနိုင်ဘူးဗျာ တောက်ခ် တစ်ခါထဲ အသေ ဆွဲထိုးခဲ့ချင်တာ ခွေးကောင်တွေ"
ပြောရင်းက အသားတွေကော အသံတွေပါ တဆတ်ဆတ်တုန်ခါ ဒေါသတွေနဲ့ အတူ မျက်ရည်တွေပါ စီးကျလို့ လာရပါတယ်။
"ပြောနေရင်းက ခက်နေပြန်ပြီ ကောင်းရာ မင်းကို နားလည်အောင်လဲ ငါရှင်းပြပြီးပြီ ဒီအလုပ်က ပြသနာဖြစ် လို့မရဘူး ကွ မင်းမသိတာတွေ အများကြီး ရှိသေးတယ် ကို့စိတ်ကို ထိန်းမှပေါ့ကွာ"
"ထိန်းပါတယ် ပြောချင် ကွယ်ရာမှာပြော ကြိုက်သလို ပြောပေါ့ဗျာ အခုဟာက လူကြီး ငုတ်တုတ်ထားပြီး"
"ကို့ မလုပ်ပဲ ကိုလုပ်ပါ ပတ်ဝန်းကျင်ကို ဂရုစိုက်မနေ နဲ့ ကောင်း သူတို့ အာငြောင်းရင် ရပ်သွားလိမ့်မယ် မင်းမကြား ချင်ရင် ရှောင်ထွက်သွားလိုက် အဲဒါ အကောင်းဆုံးပဲ"
ကောင်း ဘာတစ်ခွန်းမှ ပြန်မပြောပေမယ့် လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်ထားဆဲ။ အံကိုတင်းနေ အောင်ကျိတ်ထားဆဲ။
"သူတို့က ငါတို့ လှလှပပလေး နေတာကိုပဲ မြင်ကြ တာပါ တခါနှိုပ်ရင် တစ်နာရီခွဲကို အဲကွန်းခန်းထဲမှာ တင်ခြွေးပျံအောင် လက်အံသေအောင် ငါတို့ သူများ ခြေထောက်ကို မရွံမရှာ တယုတယ ကိုင်ပြီး နှိုပ်ပေး ရတာတွေ သူတို့ မမြင်ကြဘူး ငါတို့ရတယ် ဆိုတာ သူများပေးတဲ့ မုန့်ဖိုးလေး ၄/၅ ထောင်ပါ ဒါကလဲ တကယ်တမ်းဆို ထိုက်တန်တဲ့ ဆုကြေးငွေ နဲနဲလေးပါ သူတို့ အမြဲတမ်း ငါတို့ကို ကြည့်တဲ့ မျက်လုံးတွေက အပေါစား ကစားစရာ အရုပ်လို ကြည့်ကြတာ ပိုက်ဆံ ပေးရင် အလွယ်တကူဝယ်လို့ ရတဲ့ အကြည့်မျိုးတွေ အဲဒိဒါဏ်တွေကို ခံနေရတဲ့ သူတွေရဲ့ နောက်ကွယ်က ကြမ်းတမ်းခက်ခဲတဲ့ ဘဝတွေ ဒါတွေကို သူတို့ မစဉ်းစားကြဘူး မစာနာကြဘူး အဲဒါ လူအများစုရဲ့ သဘောသဘာဝပဲ အေး အဲဒါကို မင်းလိုက်ခံစားနေမယ် ဆိုရင်တော့ မင်းဘဝက အကြပ်အတည်းတွေထဲမှာ ပြန်ရုန်းကန်နေရဦးမှာပဲ ကောင်း"
ကိုမြတ်သူရဲ့ စကားတွေက ကောင်းရင်ထဲကို တစ်ချက်ခြင်း ထိမိစွာ ထိုးနှုက်နေသလိုပါပဲ။
"မတရားဘူးဗျာ မတရားဘူး မတရားဘူးးးးး အီး ဟီး"
ကောင်း အော်ပစ်လိုက်ပြီး ငိုချလိုက်တာမို့ မြတ်သူ က ကောင်းကို တင်းကျပ်စွာ ဖက်ထား ပေးလိုက်ပါ တယ်။ ကျန်တဲ့သူတွေ ကတော့ မျက်နှာ မကောင်းပဲ အနားကနေ အလိုက်သိစွာ လှည့်ထွက်သွား ကြပါတယ်။ ကောင်း ဘယ်သူ့မှ ဂရုမစိုက် နိုင်တော့ပဲ ဝမ်းနည်းစွာ ငိုနေလိုက်မိတယ်။
နောက်ထပ် ၃ ရက်မြောက် ညမှာတော့ ကောင်း နောက်နေ့ အလုပ်နားရက်မို့ အကိုအောင်နဲ့ အတူ လိုက်အိပ်ဖို့ လိုက်သွား ဖြစ်ပါတယ်။ စိတ်ညစ်နေတာလဲပါ တာပေါ့။ အဲဒိညက အကိုအောင်က ကောင်းကို Club တစ်ခုကို ခေါ်သွား ပါတယ်။ ဟိုရောက်တော့ ကောင်းကော အကိုအောင်ပါ မကဖြစ်ပဲ သူများတွေ ကတာကို ထိုင်ကြည့်ရင်း သောက်ဖြစ်ကြတယ်။ အစပိုင်းက ကောင်း ငြင်းခဲ့ပေမယ့် အကိုအောင်က တိုက် တာကော စိတ်ထဲလဲထွေနေတာနဲ့ သောက်ချပစ် လိုက်ပါတော့တယ်။ Club မသိမ်းခင်မှာပဲ သူတို့ပြန်လာ ကြပြီး ကောင်းလဲ အတော်လေးကို မူးနေပါပြီ။ အသိစိတ်က ကပ်လိုက်ကွာလိုက်။ ကောင်းသတိထား မိတာတစ်ခုက အကိုအောင်က သူ့အိမ်ကို မပြန်ပဲ ဟိုတယ်တစ်ခုမှာ ဝင်အိပ်တာပါပဲ။ အခန်းထဲ ရောက်တော့ အကိုအောင် သူ့ကို ဖက်ခါ စကားတွေ တတွတ်တွတ် ပြောနေတယ်။ ကောင်းလဲ ပြန်ဖက်ထား မိတယ်။ ပြီးတော့ ပြီးတော့ ...

ယောက်ျားပျက်။Donde viven las historias. Descúbrelo ahora