ယောက်ျားပျက် (၅)

3K 150 0
                                    

အကိုအောင့်လက်တွေက ကောင်းရဲ့ ခန္ဓာကိုယ် အနှံ့ကို ပွတ်သတ်လို့ နေရာမှ တဆင့် ကောင်းရဲ့ တင်ပါးနား လဲရောက်ရော ကောင်းက အကိုအောင့် လက်ကို ဖတ် ခနဲ တင်းကျပ်စွာ ဖမ်းကိုင်ထား လိုက်ပါတယ်။
"ကောင်းရယ် အကို့ကို နားလည်ပေးပါကွာနော်"
"ဟင် ဟင်အင်း အ့တာမျိုးတော့ မရဘူး"
မူးနေပေမယ့် ကောင်း သတိတွေက လုံးဝကိုယ်နဲ့ ကင်းလွတ်သွားတာမျိုး မဟုတ်ပေ။ ဒါ့ကြောင့်လဲ ဒီကိစ္စကို ကောင်း လုံးဝ လက်မခံပါ။
"တစ်ခါထဲပါကွာ နော် လိမ္မာပါတယ် ကောင်းက"
"no မရဘူးး အကိုအောင် ဖယ်တော့ ကျနော် အိပ်တော့မယ် ဟိုဖက် နည်းနည်းတိုးပေး"
"ဖက်ပြီး အိပ်မယ်လေ ကောင်းရ ဘာဖြစ်လို့လဲ"
"အသားချင်း ထိရင် မအိပ်တက်လို့ပါဗျာ နော်"
"အင်းပါ အဲတာဆို အိပ် ကို ရေချိုးပြီးမှ အိပ်မယ်"
ကောင်း အတော်လေးမူးနေပြီမို့ ကုတင်ခြေရင်းက ဆောင်ကို ဆွဲခြုံလိုက်ပြီး အိပ်လိုက်ပါတော့တယ်။
မနက်မိုးလင်းလို့ ကောင်းအိပ်ယာနိုးတော့ အကိုအောင် ကကြိုပြီး နိုးနေနှင့်ပါတယ်။
"အကိုအောင် နိုးနေပြီလား ညီ့ကို နှိုးတာမဟုတ်ဘူး ထိုင်စောင့်နေတာလား"
"အင်း ကို အလုပ်ကိစ္စ တစ်ခုပေါ်လာလို့ ပြန်ရမယ် ကောင်းကို လိုက်မပို့နိုင်တော့ဘူး"
"အော် ဟုတ်ကဲ့ ရတယ်လေ အကိုအောင်ရ သွားပါ ညီက ပြန်နေကျပဲဟာ လိုင်းကားနဲ့ ပြန်လို့ရတယ်"
"အင်း ရေချိုးလိုက်ဦး ပြီးရင် ထွက်ကြမယ် မနက်စာ အပြင်မှာပဲ စားလိုက်"
ကောင်းရေချိုးပြီးတော့ နှစ်ယောက်သား တည်းခိုခန်း ကနေ ထွက်လာခဲ့ကြပါတယ်။ ကားကို လမ်းထိပ်တစ်နေရာမှာ ရပ်လိုက်ပြီး
"ရော့ ကောင်း ဒါယူသွား အမေတို့အတွက် လိုအပ်တာလေး ဝယ်သွားပေးလိုက်"
ငွေက ၅ သောင်းတောင် ဆိုတော့ များလွန်းနေတယ် ဒါ့ကြောင့်
"ညီ့မှာ ပါတယ် အကိုအောင် မယူတော့ဘူး"
"ယူသွားပါ ရော့ အကိုသွားတော့မယ်"
အတင်းထိုးပေးလာတာမို့ ယူထားလိုက်ရ ပေမယ့် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်ခဲ့ရတယ်။ ဘယ်လိုကြီးမှန်း မသိ အကိုအောင့် မျက်နှာကြည့်ရတာလဲ ဘာလိုလို ကြီး။
အဲဒိနောက်ပိုင်းမှ အဲဒိ့အဖြေကို ကောင်း သေချာ သိလိုက်ရပါတော့တယ်။ အရင်လို ဖုန်းမဆက် လူလဲ မလာတာမို့ ကောင်း အကို့အောင့်ကို ဖုန်းဆက်တော့ အကိုအောင်က ဖုန်းကိုင်ပေမယ့် ပြောတဲ့ စကားတွေ က အရင်လိုမဟုတ် တော့ မပြောချင်သလိုလို ပြောချင် သလိုလိုနဲ့။
သဘောပေါက်လိုက်တာ တစ်ခုက ကောင်းစီက သူလိုချင်တာ မရလို့ ကောင်းကို စွန့်ခွါသွားတာ ပါပဲ။ ရင်ထဲမှာတော့ ဝမ်းနည်းနေမိတယ်။ ကို့ဖက်က တကယ့် အကိုရင်း တစ်ယောက်လို ခင်မင်ခဲ့မိတာကိုး။ ဒါပေမယ့်လဲ ဘာမှ ပြောပိုင်ခွင့်မှ မရှိတာလေ။ သူလိုချင် တာကို လိုက်လျောဖို့ ဆိုတာလဲ လုံးဝ မဖြစ်နိုင်။
"ကောင်း မျက်နှာ မသာမယာနဲ့ ဘာဖြစ်နေတာလဲ"
ဧည့်သည်စောင့်နေချိန်မို့ အားလုံး စုခါ ထိုင်ပြီး ဖုန်း နှိုပ်နေကြတာလေ။ ကောင်းက ဖုန်းကို မဖွင့်ပဲ ဒိတိုင်းကိုင်ခါ ငူငူကြီး ကြည့်နေတာ မို့ ကိုမြတ်သူက မေးလာတာလေ။ ကောင်း မအီမသာနဲ့ တစ်ချက်ပြုံးခါ
"ဒီလိုပါပဲ ကိုမြတ်ရယ်"
"တစ်ခုခု ဖီးနေတယ် ဆိုတာတော့ သေချာတယ်"
"ဟား ဟား ဟား ကိုမြတ်ကတော့ တကယ်ပဲဗျာ ဟုတ်တယ်ဗျ ဒီဖုန်းပေးတဲ့ အကိုက အခု ကျနော့်ကို အဆတ်ဖြတ်သွားပြီ သူလိုချင်တာ မရလို့ထင်တယ်"
"အင်း ဒါတွေက ဖြစ်တက်ပါတယ် ကောင်းရယ်"
"ဟုတ်ကဲ့ ကိုမြတ် ဒါပေမယ့် ကို့ဖက်က တကယ့်ကို ခင်မင်ခဲ့တဲ့ အတွက် စိတ်တော့မကောင်းဘူးဗျ"
"စိတ်မကောင်း မဖြစ်နေနဲ့ ကောင်းထက်ကျော် အဲဒိ လို လူမျိုးတွေ ငါခနခန တွေ့ဖူးတယ် ပထမတော့ သူတို့လောက် ကောင်းတာ မရှိဘူး လိုချင်တာလဲ ရပြီး ရော အဖက်လုပ်ပြီး လှဲ့တောင် မကြည့်တော့ဘူး ရမလားလို့ စမ်းကြတာပါ မင်းကိုလဲ အဲ့လိုပဲ မရတော့ဘူး ဆိုတာ သေချာလို့ ဟိုက သူ့ဖာသာ တပ်ခေါက် သွားတာ ရပြီးရင်လဲ ထားခဲ့မှာပဲ နေပေ့စေ"
"ဟုတ်ကဲ့ပါ ကိုဇေရယ် ကျနော်လဲ ဘာမှမဖြစ်ပါဘူး"
ပါးစပ်ကပြောနေ ပေမယ့် ရင်ထဲမှာတော့ မကောင်း သေးတာ အမှန်။
ကောင်း လူတွေကို အတော်လေး ဂရုတစိုက်နဲ့ သတိ ထားပေါင်းသင်း တက်လာပါတယ်။ နေတာထိုင်တာ ကအစ သီးသန့်နေတက်လာတယ်။ လူတွေကို ကြောက်လာတာလေ။ တစ်နေ့ဆိုင်ဖွင့်ခါစမှာပဲ ဖုန်းဝင် လာတာမို့ တစ်နေ့နေလို့ တစ်ခါမလာတက်တဲ့ သူ့ ဖုန်းလေးကို သူအံ့သြကာ ဖွင့်နားထောင် လိုက်ပါတယ်။
"ဟယ်လို"
"ဟယ်လို သားလေးလား"
"ဟင် အမေလား ဘာဖြစ်လို့လဲ အမေ"
"သားလေး သား ညီမလေး အခုတစ်လော ခေါင်းတွေ တအားကိုက်နေတာ ကြာပြီ မနေ့ညက တစ်ညလုံး မအိပ်ရဘူး ခေါင်းကိုက်လို့တဲ့ လူးလှိုမ့်နေတာပဲ"
"ဟာ ဒုက္ခပါပဲ အခုကော ဘယ်လိုနေ သေးလဲ အမေ"
"အခုလဲ မသက်သာဘူး အဲဒါ အမေ ဆေးခန်းသွားပြ ပေးတော့ ဆေးရုံကြီးမှာ သွားပြီးထပ်ပြဖို့ပြောလို့"
"ဟင် ဟုတ်လား အဲဒါဆို သားလာခဲ့မယ် အမေ နော် အခုလာခဲ့မယ် ဘာမှ မပူနဲ့သိလား"
"အင်း သားလာမှပဲ အမေလဲ မသွားတက်ဘူး"
"ရတယ် ရတယ် သားအခု လာခဲ့မယ်နော် အမေ"
ဖုန်းချပြီးတာနဲ့ ကောင်း လရောင်ကို ခွင့်တောင်းတော့ လရောင်က
"သွားလေ ကောင်းရဲ့ နားရက်ကို ချိန်းပေးမယ် အော် နောက်ပြီး ပိုက်ဆံပါ ယူသွား လောလောဆယ်ကို တစ်သိန်း ယူသွား နောက်မှ ပြန်ရှင်းကြမယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ"
ကောင်း ပိုက်ဆံယူပြီး တာနဲ့ အိမ်ကိုတန်းပြန် ခဲ့လိုက် ပါတော့တယ်။ အိမ်ရောက်တော့ အမေမျက်နှာက မကောင်းပေ။ ညီမလေးကို ကြည့်လိုက်တော့
"ဘယ်လိုနေသေးလဲ ညီမလေး သက်သာရဲ့လား"
"ဟင့်အင်း ခေါင်းတေ တအားကိုက်တယ် ညီမလေး ကို အမြန်ပြောက်အောင် ကုပေးပါနော် ကိုကြီး ဟင့်"
"အေးပါ အေးပါ အမြန်သက်သာသွားမှာနော် အခု ကိုကြီးတို့ ဆေးရုံကြီးကို သွားမယ် အဲဒိမှာ ဆရာဝန် ကြီးတွေကော ဆေးတွေကော အစုံရှိတယ် ဟိုရောက် တာနဲ့ လုံးဝပျောက်သွားမှာ မပူနဲ့ အမေ သားကား သွားငှားလိုက်မယ် အမေနဲ့ ညီမလေး အဝတ်လဲထား လိုက်နော်"
"သားလေး ခန"
ကောင်းအမေ့နား သွားလိုက်တော့
"အမေ့မှာ သားပေး ထားတာလေး ၃ သောင်းကျော်ပဲ ရှိတယ်နော် လောက်ပ့မလား ဟင် လိုင်းကားနဲပဲသွား လိုက်မလား"
"ရတယ် အမေသားမှာ ပိုက်ဆံပါတယ် သားသွားတော့ မယ်နော်"
"အေးအေး"
ကားနဲ့ အမေနဲ့ ညီမလေးကို ခေါ်ကာ ရန်ကုန်ဆေးရုံကြီးကို ပြေးခဲ့ရတယ်။ ဟိုရောက်တော့ ဆေးရုံတက် ရမယ်ဆိုတော့ ကောင်းအလုပ်ရှုတ်ရပြန်တယ်။ အမေနဲ့ ညီမလေးအတွက် လိုအပ်တာတွေ ဝယ်ရ ဆေးတွေ ဝယ်ရ ညီမလေးခေါင်းကို ဓါတ်မှန် ရိုက်ရနဲ့ ပါလာတဲ့ တစ်သိန်းက ကုန်လုနီးပါးပါပဲ။
"အမေ အချိန်လဲအတော် နောက်ကျနေပြီ သားဆိုင် ကိုပြန်လိုက်ဦးမယ် အမေတစ်ယာက်ထဲ နေလို့ရရဲ့ လားဟင်"
"အမေက ရပါတယ် သားလေးရယ် မင်းသွားစရာရှိတာ သွားပါ မနက်ဖြန် ဆေးစစ်ချက် အဖြေရမှပဲ သေချာသိရမှာ ဆိုတော့ သားလေး လာခဲ့ပါဦးနော်"
"လာမှာပေါ့ အမေရယ် မလာလို့ရမလား ညီမလေး ကိုကြီး ခနပြန်ဦးမယ်နော် ညမလေး ခေါင်းကိုက်တာ သက်သာသွားမှာ ဘာမှမပူနဲ့နော်"
"ဟုတ်ကဲ့ ကိုကြီး ညီမလေး အမြန်ပြောက်ချင်ပြီ အရမ်း ကိုက်တယ်ခေါင်းက"
"အင်းပါ မနက်မှ ကိုကြီးလာမယ်နော်"
အမေနဲ့ ညီမလေးကို ထားခဲ့ပြီး ဆိုင်ကို ပြန်ခဲ့ရပေမယ့် စိတ်ကတော့ မချပေ။ ပြီးတော့ ပိုက်ဆံ ဘယ်လို ရှာရမလဲ ကိုလရောင်စီကလဲ အများကြီး ထပ်ပြီး ယူလို့ မရနိုင်တော့ဘူးလေ။ အခုက ရောဂါတောင်မသိ ရသေး ပိုက်ဆံကကုန်ပြီ။ ရောဂါကုဖို့က ဟူးးးးး။
ဆိုင်ကို ပြန်ရောက်တော့ အားလုံးကို အခြေအနေ ပြောပြတော့ အားလုံးက စိတ်မကောင်းကြပေ။
ညရောက်တော့လဲ အိပ်မပျော်တာနဲ့ ဆိုင်ရှေ့ကို ထွက်ခါ တစ်ယောက်ထဲ ထိုင်နေမိတယ်။ အတွေးတွေနဲ့ ချာချာလည်လျက်ပေါ့။
"ကောင်းထက်ကျော် မအိပ်သေးဘူးလား ဘာတွေ တွေးနေတာလဲ စိတ်မညစ်ပါနဲ့ကွာ ဘယ်လောက်ခက်ခဲနေပါစေ သူ့ကိုဖြေရှင်းလို့ရမယ့် ထွက်ပေါက်တော့ ရှိတာပါပဲ"
အလုပ်တူ လုပ်တဲ့ လူဟောင်းအကို တစ်ယောက် ဖြစ်တဲ့ ကိုမိုးမခ စကားကြောင့် ကောင်း ပြုံးလိုက်ပြီး
"ထွက်ပေါက်ကို စဉ်းစားနေတာ အခုထိ အရိပ်ယောင်တောင် မတွေ့သေးပါဘူးဗျာ ထိုင်လေ ကိုမိုး"
"ထိုင် ထိုင် ငါလဲ အိပ်မပျော်တာနဲ့ ဆေးလိပ်ထွက် သောက်တာ"
ကိုမိုးက ဆေးလိပ်ကို မီးညှိုခါ ဖွာရှိုက်လိုက်ပြီးမှ
"ငါလဲ တစ်ခါ အဲဒိလို ကြုံဖူးတယ် ညီရ အဲဒိတုန်းက ငါလဲ ရူးချင်စိတ်တောင် ပေါက်ခဲ့ရတဲ့ အထိပဲ"
"ဟင် ဟုတ်လား ကိုမိုး ဘယ်လိုအဆင်ပြေ သွားလဲ"
တကယ်ကို လှိုက်လှဲုစွာ သိချင်မိတာမို့ ကောင်း ချက်ခြင်းပဲ မေးလိုက်ပါတယ်။
"ဟားးးးတစ်ချို့ကိစ္စတွေက မပြောသင့်ပေမယ့် ပြောရတဲ့ အခါတွေလဲ ရှိတယ် အင်း မင်း ဘယ်လို ထင်ထင်ပါ ငါပြောပြမယ်"
"ဟုတ်ကဲ့ ကိုမိုး"
"ငါ ဒီနှိုပ်တဲ့ အလုပ်ကို စလုပ်တဲ့ အချိန်ထိ ငါ့မှာ စော်တွေ ရှိတယ် ငါ့ကိုကြိုက်တဲ့စော်တွေကော ငါပြန် ကြိုက်တဲ့စော်တွေကောပေါ့ ဒါဘာလို့ပြောပြတာလဲ ဆိုတော့ ငါယောက်ျားစစ်စစ်ဆိုတာ မင်းသိစေချင်လို့ ငါ ဒုက္ခတွေရောက်နေတဲ့ အချိန်မှာ ဒီအလုပ်ကို မလုပ်ချင်ပဲနဲ့ လုပ်ခဲ့ရတာပါ"
ကိုမိုးကို ဆေးလိပ်ကို ဖွာလိုက်ပြီးမှ စကားဆက်ပြော လာပါတယ်။
"ဒီအလုပ်မှာက နဲနဲ လူအထင်သေး ခံရပေမယ့် ကို့ အတွက်တော့ ပြေလည်ခဲ့တာ အမှန်ပဲ အဲဒိချိန်မှာပဲ ငါတို့နေတဲ့ အိမ်က မတန်တဆဈေးနဲ့ အပေါင်ဆုံးတော့မယ် ဆိုတာ ငါ သိခဲ့ရတယ် လောင်းကစား မက်တဲ့ အဖေ့ကြောင့်ပေါ့ အမေကလဲ တငိုငို တရီရီနဲ့ အဲဒိတုန်းက ငါစိတ်တွေ တအားညစ်ခဲ့ရတယ် ငါတို့ မိသားစုလေး လမ်းဘေးမရောက်စေချင်ဘူး အမေ့ကိုလဲ စိတ်မဆင်းရဲစေချင်ဘူးလေ အဲဒိတော့ ငါဘာလုပ် ခဲ့တယ် ထင်လဲ ကောင်းထက်ကျော်"
"မသိဘူးလေ ကိုမိုး ပြောပြပါ"
"အင်း ပြောပြမယ် ဒါပေမယ့် မင်းနှုတ်တော့ လုံပါစေ"
"စိတ်ချပါ ကိုမိုးရာ ညီ့အတွက် ထွက်ပေါက်တစ်ခု ဖြစ်စေမယ်ဆိုရင် အရမ်းကို ကျေးဇူးတင်မှာပါ"
"ဟားးးဟားးး ငါလေ ဆိုငိကမသိအောင် လာနှိုပ်တဲ့ သူတွေထဲက ငါ့ကို အလိုရှိတဲ့ သူဆိုရင် အဲဒိနေရာမှာတင် ငါသူတို့ကို အခကြေးငွေယူပြီး ကျေနပ်မှုပေးခဲ့တယ်"
"ဗျာ ဒါဆို"
"ဟုတ်တယ် ကောင်းထက်ကျော် ငါလုပ်ခဲ့တယ် အဲဒိ အပြင် ညဖက်တွေဆို ငါအပြင်ကို ထွက်တယ် ပြီးတော့ ငါ"
မိုးမခ စကားရပ်သွားတာမို့
"ဘာဖြစ်လဲဟင် ကိုမိုး"
"ငါယောက်ျားချင်း အခကြေးငွေ ယူပြီး ဖာလုပ်စားခဲ့ တယ်"
"ဗျာ"
"ဟားးးးဟားးးး"
"တကယ်ကြီးလား ကိုမိုးရယ် ဘာလို့ ယောက်ျား တစ်ယောက်ဖြစ်ပြီး ယောက်ျားချင်းကို လုပ်စားရတာလဲ"
"ဟ့ ယောက်ျားချင်း မလုပ်လို့ ဘယ်မိန်းမက ပိုက်ဆံ ပေးပြီး အတူနေခိုင်းမှာလဲ ဒါမြန်မာပြည်ကွ"
"ဟူးးးး"
"မင်းကို ငါလုပ်သလို လိုက်လုပ်ခိုင်းတာ မဟုတ်ဘူး နော် မင်းကို သတိထားလို့ ရအောင် ငါပြောပြနေတာ ငါအရင်က လုပ်စားခဲ့တာ မှန်တယ် ဒါပေမယ့် အခု ငါ ပုံမှန်ပဲ ရောဂါကင်းတယ် ကျန်းမာသန်စွမ်းတယ် အေုခ အနေ တစ်ခုအရသာ ငါလုပ်ခဲ့တာပါကွာ"
"ကျနော် နားလည်ပါတယ် ကိုမိုးရယ် ဒါပေမယ့်"
"ဟုတ်ပါပြီ မင်းကို ငါက နည်းပေးလမ်းပြ လုပ်နေတာ မဟုတ်ဘူး ငါ့အလှည့်တုန်းက ကြုံခဲ့ရတာလေးကို ပြောပြတာ"
အဲဒိညက ကောင်း အိပ်မပျော်ခဲ့ ဘယ်လို လုပ်ရမလဲ ဆိုတဲ့ အတွေးတစ်ခုသာ ကြီးစိုးနေခဲ့ပါတယ်။ အကိုအောင်ကိုလဲ သတိရမိတယ်။ ဒါပေမယ့် မဖြစ်နိုင်တော့ တဲ့ အခြေအနေလေ။
မနက်မိုးလင်းတော့ ဆိုင်ကနေ ထွက်လာတော့ ကိုလရောင်က ၂ သောင်းထပ်ပေး လိုက်ပါတယ်။ ဒီငွေ လေးနဲ့ ဟူးးးး ရင်မောပါတယ်။
ဆေးရုံရောက်တော့ ညီမလေး အခြေအနေက အတော်လေး ဆိုးဝါးနေတာ သူ့ရင်ကို ဖနောင့်နဲ့ စောင့်ခါ ကန်လိုက်သလို နာကျင်စေပါတော့တယ်။
ညီမလေးတက်နေတဲ့ အခန်းကို သူမဝင်ရသေး ခင်မှာပဲ အသံတစ်ခုကို ကြားလိုက်တာမို့ သူ့ခြေလှမ်းတွေ တုန့်ဆိုင်းသွားရပါတယ်။
"အားးးးဒီခေါင်းင်္ကြးဖြတ်ပေးပါတော့ အီးဟီးဟီး အား အမေရေ တအားကိုက်တယ် ခေါင်းကိုဖြတ်ပေးပါ"
ရင်ထဲမှာ တင်းခနဲဖြစ်သွားရတယ်။ ဒါညီမလေး အသံ။ ကျလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ သုတ်ခါ အခန်းဝကို ရောက်တော့ ညမလေးဘေးမှာ တရှုံ့ရှုံ့နဲ့ ငိုနေတဲ့ အမေ။ ဟာကွာ ဘာတွေ ဖြစ်ကုန်တာလဲ။ သူအနားကိုရောက်သွားတော့ အမေက သူ့ကို ဖက်ခါ ငိုပြန်ပါတယ်။ ညီမလေးက သူလာတာကိုပင် သတ်မထားနိုင်တော့ သူ့ဖာသာ တအားငိုနေ တာရင်ဘတ်တွေ စုတ်ပြတ်သတ်မတက် ခံစားနေရ ပါတော့တယ်။
"အီးဟီး ကိုက်တယ် ကိုက်တယ် ခေါင်းကြီးဖြတ်ပေး ကြပါ အားဟားဟား"
"သားလေးရယ် အမေ ရင်တွေကွဲ ထွက်တော့မယ်"
"အမေရယ်"
သူအမေ့ကို အတင်းဖက်ထားရင်း ကုတင်ပေါ်မှာ မှောက်ယက်ကနေ ခေါင်းကို လက်နှစ်ဖက်နဲ့ ကိုင်ခါ အော်ဟစ်ငိုနေတဲ့ ညီမလေးကို ကြည့်ရင်း ရင်နင့်စွာ ခံစားနေရပါတော့တယ်။
"သား ဆရာဝန်ဆီသွားလိုက်ဦးမယ်နော် အမေ"
"အေးအေး သွား သမီးလေး ဘာမှမဖြစ်ပါစေနဲ့"
ကောင်း တာဝန်ကျ ဆရာဝန်ဆီရောက်တော့ ခနစောင့် လိုက်ရပါသေးတယ်။ အလှည့်ကျလို့ ဝင်တွေ့တော့ ဆရာဝန်က
"ဦးနှောက်ထဲမှာ အကျိတ်ဖြစ်နေတာ ညီလေး ခွဲရမယ် ဒါကလဲ ၅၀/၅၀ ပဲ သူ့ကံပဲပေါ့ ညီလေးတို့ အရင် စဉ်းစားပြီး တိုင်ပင်ကြပါဦး"
"ဗျာ"
ကမ္ဘာကြီးပင် ချာချာလည်ပြီ ထင်ရတယ်။ ရှိတာမှ ဒီ မိသားစုလေး ၃ ယောက်။အခု ညီမလေး အခြေအနေက။ ဘုရား ဘုရား။

ယောက်ျားပျက်။حيث تعيش القصص. اكتشف الآن