"နာမည်လေးတွေက ခပ်ဆင်ဆင်လေးတွေ နော်"
"ဖူးစားပေါ့အေ ဟိဟိဟိ"
"ရုပ်ရည်လေးကလဲရှိ အသက်ကလဲ ငယ်သေးတော့ ချူစားလို့ ကောင်းတာပေါ့အေ ဒီကြားထဲ အမေကြီး ကို ရမယ်ရှာပြီး အသနားကလဲ ခံပေဦးမပေါ့"
ကိုဇင်ထက် အတွက် မနက်စာ မုန့်ဟင်းခါး လာဝယ်ရင်းက ထည့်ပေးတာ စောင့်နေတုန်း စားနေတဲ့ မိန်းမ ၃ ယောက် ပြောနေတဲ့ စကားတွေကို ကောင်း ကြားနေရရဲ့။ ဘယ်သူ့ကို ပြောနေတယ် ဆိုတာတော့ ကောင်းတကယ် မသိပေ။ ဒါပေမယ့် စိတ်ထဲမှာ ကို့ကိုယ်များ ပြောနေတာလားလို့ တွေးမိ ပါတယ်။ ပြောချင်လဲ ပြောပေ့စေ ကောင်း ဒါတွေ စိတ်မဝင်စား ကောင်းသိတာက လုပ်ပေးတဲ့ အလုပ်တိုင်း အတွက် ကိုဇင်ထက်က ထိုက်တန်စွာ ပေးတယ်။ ပိုပြီးပေးခြင်း လဲမရှိသလို အလကားလဲ မပေး။ ကောင်း ကိုလဲ အသားယူတာမျိုးတွေ ဘာတွေ မလုပ်တာမို့ ကောင်း ကိုဇင်ထက်ကို ခင်မင်စွာပေါင်း သင်းနေတာပါ။
ခုလိုဈေးဝယ်ပေးလဲ ဆိုင်ကယ်ခပေးတာမို့ အဆင်ပြေ လှပါတယ်။
ကောင်း ညနေဖက် အိမ်ကို ပြန်ရောက်တော့ ကိုဇော်ကြီးက လှမ်းခေါ်တာမို့ ကိုဇော်ကြီး အခန်းဝမှာ ဆိုင်ကယ် ကိုရပ်လိုက်ပါတော့တယ်။
"လာ ဟေ့ကောင် မင်းကို ပြောစရာရှိလို့ကွ"
"ဟုတ်ကဲ့ အကို ပြောလေ"
ကောင်း ကိုဇော်ကြီးတို့ အိမ်ရှေ့ လှေခါးထစ်လေး ထိပ်မှာ တင်ပါးလွှဲ ထိုင်လိုက်ရင်း ပြောလိုက်ပါတယ်။
"မင်း အခုတလော လမ်းထဲက ဆံပင်ညှုပ်ဆိုင်မှာပဲ ခနခနတွေ့နေရတယ်ဆို ဟုတ်လား"
"ဟုတ်တယ် ကိုဇော်ကြီးရ အဲဒိဆိုင်က ကိုဇင်ထက်က ကျနော့ ဆိုင်ကယ် အမြဲစီးလို့ ပြီးတော့ ဟိုနားဒီနား သွားခိုင်းလဲ ကယ်ရီခ ပေးတော့ အဲဒိကို ခနခန ရောက်ဖြစ်နေတာ"
ကိုဇော်ကြီး က ကောင်းကို သေချာကြည့်လိုက်ပြီး
"မင်းနဲ့ ငြိနေတာလား"
"ဟာဗျာ မဟုတ်တာ ငြိစရာလား အကိုကလဲ"
"အေး ပတ်ဝန်းကျင်က ပြောနေ ကြလို့ကွ ငါလဲကြား ကြားနေရတော့ မနေနိုင်လို့ သတိပေးတာပါ"
"ဟုတ်ကဲ့ အကို ကျနော်လဲ ကြားပါတယ် ဒါပေမယ့် အကိုရာ ကို့ဖက်ကရိုးသားနေရင် ပြီးတာပဲ နေပေ့စေ မောရင်ရပ်သွား လိမ့်မယ်"
"အေးပါ ဒေါ်ထွေးမြကော နေကောင်းရဲ့လား"
"ကောင်းတယ်အကို စိတ်ကတော့ နဲနဲအထိုင်မကျ သေးဘူးပေါ့ဗျာ အမေနေပြန်ကောင်းရင် ကျနော်လဲ ဆိုင်ကယ် မမောင်းတော့ဘူး ခုလောလောဆယ် ခန"
"အေးအေး အမေ့ကို ဂရုစိုက်ပါကွာ လိုတာရှိလဲ အကို တို့ကို တိုင်ပင်နော် ကောင်း"
"ဟုတ်ကဲ့ အကို ကျနော်သွားတော့မယ်"
"အေးအေး သွား သွား"
အိမ်ပြန်ရောက်တော့ အမေက ရေမိုးချိုးခါ သနပ်ခါး လိမ်းပြီး ထိုင်နေတာမို့ ကောင်း ဝမ်းသာသွားခါ
"ဟား အမေ့ လှပ့နေပါလာဗျ အမေက အမောကို ပြေသွားတာပဲ"
ကောင်းက အမေ့ပါးကို ရွှတ်ခနဲ နမ်းလိုက်ရင်း ပြောတော့ အမေ သဘောကြခါ ပြုံးလိုက်ပြီး
"သားလေး ဗိုက်စာနေပြီလား ကဲ ရေချိုးထားနှင့် အမေ လမ်းထိပ်က အမာ တို့ဆိုင်မှာ လ္ဖက်လေး သွားဝယ်ပြီး သုပ်လိုက်ဦးမယ် နော်"
အမေ အတော်လေး နေသားပြန်ကျလာ ပြီမို့ ကောင်း ကျေနပ် ဝမ်းသာလို့ မဆုံးတော့ပေ။ အပြင်ကို မထွက်တာလဲ ကြာပြီမို့ တမင်တကာ ကောင်းသွားမ ဝယ်ပေးပဲနဲ့ အမေ့ကိုပဲ လွှတ်လိုက်တာလေ။ စိတတ်ပြေ လက်ပြောက် အာရုဏ်လေးပြောင်းအောင်။
"ဟုတ်ကဲ့ အမေ အ့ဆို သားရေချိုးလိုက်ဦးမယ်"
"အေးအေး အမေ မြန်မြန်လာခဲ့မယ်"
အမေ ထွက်သွားတာနဲ့ ကောင်းရေချိုး ချလိုက်တယ် စိတ်တွေလဲ အတေယ်လေး ပေါ့ပါး လန်းဆန်းနေတယ်လေ။ ရေချိုးပြီး အဝတ်အစားလဲ ပြီး တဲ့အထိ အမေ ပြန်မလာသေး။ အိမ်ရှေ့ကနေ ထွက်ကြည့်တော့လဲ မတွေ့တာမို့ ဒေါ်အမာဆိုင်ကို ကောင်း အပြေးလေး လိုကိခဲ့မိပါတယ်။ နီးနေတာဆိုတော့ လမ်းပဲ လျှောက်သွားလိုက်တာလေ။ ဒေါ်အမာ ကုန်ဆုံဆိုင် ကိုလှမ်းတွေ့ရတာနှင့် တပြိုင်နက် ဆိုင်ရှေ့ခုံတန်း လေးမှာ အမေနဲ့ အခြား မိန်းမ ၂ ယောက်ထိုင်နေတာ တွေ့ရတော့မှ ကောင်း ပြုံးလိုက်မိတယ်။ အမေကပြောတော့ မြန်မြန်လာမယ် ဆိုပြီး ဒီမှာ လေထိုင်ပန်း နေတာကိုး ဟားဟား။ ကောင်း လမ်ကိုပုံမှန်ပဲလျှောက် လာခဲ့တယ်။ ဆိုင်နားရောက်တော့ သေချာကြည့်မှ အမေ့မျက်နှာ ပျက်ယွင်းနေတာ သိသာလှပါတယ်။
"ဟုတ်တယ် ဒေါ်ထွေးမြရေ ကျမတို့က စေတနာနဲ့ ပြောတာ ဟိုက လူတကာနဲ့ ဆက်ဆံနေတာ ဘာမှန်း မသိညာမှန်း မသိ ပိုက်ဆံလေး ၁ ပဲ ၆ ပြားပိုပေး တာနဲ့ ရှင့်သား လူပျိုနုနုထွဋ်ထွဋ ဘဝပါတုံးသွားမှ"
အသံက ဆိုင်ထဲကနေ လှမ်းပြောနေတာ ဒေါ်အမာ့ အသံပါ။ အမေကတော့ မျက်စိသူငယ်လေးနဲ့သာ သူ တို့ကို ကြည့်လို့နေပါတယ်။
"အဲဒါပြောတာပေါ့ ဟိုအခြောက်က သူ့ဆိုင်ထဲမှာ အမြဲ ယောက်ျားတွေ တရုံးရုံးနဲ့ အမသားကလဲ မကြောက် မရွံသွားပြီး ဆက်ဆံနေတာ အံ့သြတာပဲ"
ဆက်ဆံတယ် ဆိုတဲ့ စကားက ကောင်းရဲ့ရင်ထဲကို တင်းခနဲ ဖြစ်သွားစေ ပါတယ်။ မြန်မာစကားက သုံး တက်ရင် ထိရောက်သလို မသုံးတက်ရင်လဲ အရမ်း ကို ထိခိုက်စေတယ် မဟုတ်ပါလား။ ကောင်း ဆိုင် အနားကို ကပ်သွားပြီး
"ဆက်ဆံတယ်ဆိုတဲ့ စကားက အရမ်းကို အဓိပ္ပါယ် ကျယ်ပြန့်တယ် အန်တီ ကိုသေချာ မသိတဲ့ ကိစ္စကို ရမ်းသမ်းပြီး မဝေဖန်ပါနဲ့"
ကောင်း ဝင်ပြောလိုက်တာမို့ ထိုမိန်းမတွေ အံ့အားသင့် သွားသလို အမေကလဲ ထိုင်ရာမှ ထခါ ဒေါသ ထွက်နေတဲ့ ကောင်းလက်ကို ထိန်းခါ ကိုင်လိုက်ပါ တယ်။ ဟိုမိန်းမကြီးတွေလဲ အတင်းပြောနေတာ မိသွားတာမို့ ရှက်ယမ်းယမ်းပြီ ထင်ရဲ့။
"ဟဲ့ ငါတို့က နင့်ကို စေတနာနဲ့ မဖြစ်သင့်တာ မဖြစ် ရအောင် နငိ့အမေကို ဆုံးမဖို့ သတိပေးနေတာ နင် လူကြီးတွေကို စကားပြောတာ မရင့်နဲ့"
"အဟက် ခများတို့ စေတနာဆိုတာ သူတစ်ဖက်သားကို မှိုချိုးမျှစ်ချိုး ဖိနှိုပ်ပြော ရလို့ ကျေနပ်ပီတိ ဖြစ်ပြီး ဝမ်းသာတဲ့ စေတနာလား ကျနော့်ကို အမေက မွေးထဲက အမြဲဆုံးမ ထားပြီးသား သူများကို လိုက်ပြီး စောက်ဆရာကြီး မလုပ်ပဲ ကို့သားသမီးတွေသာ ကို နိုင်အောင်ထိန်း ဟုတ်ပြီလား"
"သားလေး မပြောနဲ့တော့ တော်တော့"
"ကြည့်စမ်း ကြည့်စမ်း ဒါဆုံးမထားတာတဲ့လား လူကြီးကို လူကြီးမှန်းမသိ ဒိလောက် ရိုင်းစိုင်းနေတာ မြင်လား ဒေါ်ထွေးမြ ရှင့်သားက မအေ ရှေ့မှာတောင် ဒီလောက်ရိုင်းနေတာ"
"အေးလေ ညဖက်ဆိုင်ကယ်မောင်းလဲ အခြောက်တွေနဲ့ မမြင်ချင်မှ အဆုံး ဟမ် အခုကြတော့လဲ ဟို အခြောက်ကောင်နဲ့ နေ့မှန်းမသိညမှန်း မသိ တတွဲ တွဲ ဖြစ်နေတာ အားလုံး အမြင်ပဲ ရုပ်လေး သနား ကမားနဲ့ ခြူစားနေတဲ့ အကောင် ပိုင်းလုံးကောင် အခြောက်လင်ကောင်"
ကြည့်စမ်း ကောင်းကို အမေ့ရှေ့မှာ အားရပါးရစော်ကား နေကြတာ ကောင်းအသားတွေ တဆတ်ဆတ်တုန်လို့ နေပါပြီ။ အမေကလဲ ကောင်းရဲ့ လက်တစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ အသေဖက်ခါ အတင်းဆွဲ ထားတာလုံးဝ မလွှတ်။
"ဟုတ်တယ် မိုက်ရိုင်းတယ် အရိုင်းမခံချင်ရင် စောက်စကားတွေ လာမရှုတ်နဲ့"
"သား တော်တော့လို့ အမေပြောနေတယ်နော်"
"မိန်းမ ဘာဖြစ်နေတာလဲ ဟမ် ပြောစမ်း"
မိန်းမတစ်ယောက်ရဲ့ ယောက်ျားကပါ မူးကြောင်ကြောင်နဲ့ ဝင်ပါလာတာမို့ အမေက
"ကျမ တောင်းပန်ပါတယ် ကျမသားကို ကျမ ဆုံးမပါ့ မယ် တောင်းပန်ပါတယ်နော်"
"ဟာ့ အမေ သူတို့က စော်ကားနေတာလေ ဘာတွေ တောငိးပန်နေတာလဲ အမေရာ"
"ဟေ့ကောင် မင်းဘာကောင်လဲ"
"တော်တော့ ဖြန်း"
ကောင်းရဲ့ ပါးပြင်ပေါ် အမေ့ လက်တစ်ဖက်ကျလာတာ ကောင်းခေါင်းပင် လည်ထွက်သွားရပါတယ်။ ပြီးတော့မှ အမေက ကောင်းလက်ကို စောင့်ခနဲဆွဲခါ ထိုနေရာမှ ထွက်လာခဲ့ပါတော့တယ်။ အမေ ဆွဲသွား တာ အားအင်အပြည့်နဲ့မို့ ကောင်း ပင်ယိုင်ခနဲဖြစ် သွားခါ ပါသွားပါတော့တယ်။
အိမ်ရောက်တာနဲ့ အမေ ထိုင်ချလိုကိပြီး ကောင်းရဲ့ လက်ကို လွှတ်ခါ
"သားဆိုင်ကယ် မဆွဲနဲ့တော့ ဒီညနေ ဆိုင်ကိုပဲပြန် သွားတော့ ဒီနေရာက နေဖို့ မသင့်တော်တဲ့ နေရာ ထဲမှာပါတယ် အမေ တစ်ယောက်ထဲဆို ဘယ်သူမှ အရေးအရာ လုပ်နေမှာ မဟုတ်ဘူး"
"သူတို့ပြော သလိုမဟုတ်ဘူး အမေ သား ကို့အလုပ် ပဲကို လုပ်နေတာ လူတွေက တစိတ်ဆို တစ်အိတ်လုပ်ပြီး ပြောချင်နေကြတာ"
"လူဆိုတာ ပြောစရာတွေ့လို့ ပြောတာ အဲဒါကိုသွား အပြစ်တင်လို့ မရဘူး သား အဲဒိပြောတာကို နားထောင်တဲ့ သူကသာ ဦးနှောက်နဲ့ ချင့်ချိန်ပြီး သုံးသပ်ရမှာ အမေက ပညာတွေ အများကြီး မတက်ပေ မယ့် စာဖတ်အားမနည်းဘူး အဲဒါတွေ သဘောပေါက် တယ် အဲဒိတော့ ကိုကအပြောမခံချင်ရင် ကိုက ဆင်ခြင်နေရုံပဲ အာငြောင်းခံ ပြသနာအတက်ခံပြီး ပြန်ရှင်း ပြနေတာကိုက ရှင်းပြတဲ့ သူကမိုက်တာ"
"မဟုတ်တာတွေ ပြောနေတာလေ အမေရာ သားက ကို့ဖာသာ ကို့သိက္ခာကိုယ်ထိန်းပြီး နေတာ အလုပ် သဘောအရ ပက်သက်ရတာတွေတော့ ရှိမှာပဲ"
"ပါးစပ်နဲ့ ပြောတာက မောရင်ရပ်သွားမှာ အေး လက်တွေပါလာရင်တော့ ၂ ဦး၂ဖက်စလုံး ထိခိုက်လာ မယ် ဒီတော့ သား အရင်နေရာကိုပဲ ပြန်သွားပါ အမေ့ သားကို မှဲ့တစ်ပေါက်အစွန်း မခံနိုင်ဘူး"
"သားက အချိန်မရွေး ပြန်သွားလို့ရတယ် အမေ့ကို စိတ်မချတာ အမေကို့ကိုယ်ကို စောင့်ရှောက်နိုင်ရင် သားလဲ သွားမှာ"
"သွား စိတ်ဖြောင့်ဖြောင့်နဲ့သာသွား သားကို အမေ ကတိပေးတယ် သားအတွက် အမေဆက်ပြီး မားမား မတ်မတ်ရပ်တည် ပေးဖို့ အကောင်းဆုံးကျိုးစားပြီး အသက်ရှင်အောင် နေသွားမယ် သားလဲ အမေ့ကို ကတိ တစ်ခုပေးရမယ်"
"ဘာကတိလဲ အမေ"
"သားဘဝကို တစ်နေ့ လူတကာက လေးစားအားကျ ရတဲ့သူ တစ်ယောက်ဖြစ်အောင် အမေ မသေခင် ကျိုးစားရမယ် အဲဒိလို မဖြစ်ခဲ့ရင် အမေသေသွားရင် တောင် သားမကြေခဲ့တဲ့ အကြွေးအတွက် အမေ ခွင့် လွှတ်မှာ မဟုတ်ဘူး"
ကောင်း အအေ့မျက်နှာကို တည့်တညိ့ စိုက်ကြည့်ခါ
"စိတ်ချ အမေ သားအတွက် ရှိနေပေးတာယဲ့ အတွက် အဲဒိ ကတိကိုလဲ သားတည်နိုင်အောင် ကျိုးစား မယ်အမေ"
သူတို့ သားအမိ တစ်ယောက်မျက်နှာကို တစ်ယောက် သေချာစိုက်ကြည့်ရင်း အားအင် အပြည့်နဲ့ ပြုံး လိုက်မိကြပါတော့တယ်။
ဒီလိုနဲ့ ကောင်း ကိုလရောင်တို့ ဆိုင်ကို ပြန်ရောက် ခဲ့ရပါတယ်။ အမေ့ကို ကြည့်ရှုစောင့်ရှောက် ပေးဖို့ ကိုဇင်ထက်နဲ့ ကိုဇော်ကြီးတို့ လင်မယားကို သေချာ မှာခါ အပ်ထားခဲ့ရပါတယ်။ ကိုဇင်ထက်ကလဲ နဂိုက ခင်မင်သူမို့ အမေ့ကို ဂရုစိုက်ပေးရုံသာမက ကောင်း ကိုလဲ ကြုံရင်ကြုံသလို လာကြည့်တက်တယ်။ ကိုဇင် ထက်က သူ့ဆိုင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ် ဖို့ဈေးဝယ်ထွက်ရင် လမ်းထဲက Taxi မောင်းတဲ့သူကို အသွားအပြန် ငှားစီးလေ့ ရှိတာ သူဆိုင်စဖွင့်ထဲကပါ။ ဒီနေ့လဲ Taxi နဲ့ ဈေးဝယ်လာရင်း ကောင်းစီကိုလှည့် ခါဝင်လာခဲ့ပါတယ်။
ကောင်းစီရောက်တော့ ကောင်းလဲထွက် တွေ့ရော ကားမောင်းတဲ့ သူက
"အော် ကောင်းထက်ကျော် ဒီမှာ လုပ်နေတာလား အဲဒါကြောင့် မတွေ့တာကိုး အနှိုပ်သည် လုပ်နေတာပေါ့ မင်းတို့စီတော့ စော် တွေလာနှိုပ်မှာ မဟုတ်ပါဘူးကွာ ဟားဟားဟား"
သွားပြီ ရပ်ကွက်ထဲမှာ နာမည်ပျက်ပြန်ဦးမယ်။ ဟူး။
KAMU SEDANG MEMBACA
ယောက်ျားပျက်။
Romansaလူငယ်တစ်ဦးရဲ့ လောကဓံကို အံတုရင်ဆိုင်ပုံ များကို ရေးသားတင်ပြထားပါတယ် ခမျ။ စာအုပ်ထုပ်ဝေတဲ့ ပထမဆုံး အပတ်မှာပဲ စာပေလောက စာအုပ်တိုက်ရဲ့ အရောင်းရဆုံးစာရင်း ဝင်ခဲ့တဲ့ စာအုပ်လေးမို့ ပြန်လည် မျှဝေပေး လိုက်ပါတယ်။ အားပေးကြပါဦးခမျ။ (Zawgyi & Unicode)