"ပထမဆုံး ကျနော်ကျေးဇူးတင်စကား အနည်းငယ် ပြောချင်ပါတယ်ခမျာ့ အဲဒါကတော့ ကျနော့်ကို ဒီလိုစာတွေ ရေးနိုင်အောင် မွေးဖွားပေးခဲ့ပြီး လောကဓံကို ကြံ့ကြံ့ခံနိုင်အောင် လေ့ကျင့်ဆုံးမ သွန်သင်ပေးခဲ့သော ကျနော် သိပ်ချစ်တဲ့ ကျနော့် အမေကို အရမ်းကျေးဇူး တင်ပါတယ်ခမျာ့"
ကောင်း မိုက်ကိုကိုင်ထားရင်းကပင် လက်အုပ်လေးချီပြီး အမေ့ကို ကန်တော့လိုက်ပါတယ်။ ဒေါ်ထွေးမြ ရင်ထဲမှာ နင့်ခနဲ ဖြစ်ခါ အရှိုက်ကို ထိုးခံရသူပမာ အင့်ခနဲ့ ဖြစ်သွားခါ ကျလာတဲ့ မျက်ရည်တွေကိုမသုတ်ပဲ ပါးစပ်ကို လက်နဲ့ အုပ်ထားရင်း ခေါင်းကို အခါခါ ငြိမ့်ပြနေလိုက်မိပါတယ်။
"ဒုတိယ ကျေးဇူးတင်ရမယ့်သူ တစ်ယောက် ရှိပါသေးတယ် ဒီစာအုပ်လေးကို ထုတ်ဝေဖြစ်အောင် အစစအရာရာ အဝေးကနေ တစိုက်မတ်မတ် ကူညီပေးခဲ့တဲ့"
ကောင်း မျက်နှာကို Live လွှင့်နေတဲ့ ဖုန်းလေးဖက်ကို ကြည့် လိုက်ခါ
"လောလောဆယ် စင်္ကာပူ ရောက်နေတဲ့ ကိုမင်းသန့်မောင် ပဲ ဖြစ်ပါတယ် ကိုသန့်ကို ညီ အရမ်းကျေးဇူး တင်ပါတယ်"
မင်းသန့်အောက်နှုပ်ခမ်းကို ကိုက်ခါ မျက်တောင်တွေကို ပုတ်ခတ်နေရင်းက ခေါင်းတွေ အခါခါငြိမ့်မိ ပြန်ပါတယ်။ အရမ်းကို ကျေနပ်သလို အခုလို တကူးတက အသိအမှတ်ပြုတဲ့ အတွက်လဲ ရင်ထဲမှာ နက်နက်နဲနဲ ဝမ်းသာပီတိတွေ ဖြစ်နေ ရပါတယ်။
"ပြီးတော့ ကျနော့်ကို Online ပေါ်ကနေကော အမြင်ကနေ ပါ အမြဲအားပေး ခဲ့ကြတဲ့ ကျနော် ချစ်တဲ့ ပရိတ်သတ်ကြီးနဲ့ တကွ စာအုပ်ဖြစ်မြောက်ရေးကို အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ပေးကြပါသော သက်ဆိုင်သူလူကြီးမင်းများ အားလုံးကို ကျနော် ကျေးဇူးအထူး တင်ပါတယ်ခမျာ့"
ကောင်း ပြောတဲ့ စကားသံတွေက ကြည်လင်ပြတ်သား နေပြီး မျက်နှာလေးကလဲ အရမ်းကို တည်ကြည်နေ ပါတယ်။
"ယောက်ျားပျက် ဆိုတဲ့ စာအုပ်လေးနဲ့ ပက်သက်ပြီး ကျနော် ပြောချင်တာက ယောက်ျားပျက် ကို ကျနော့်ဘဝနဲ့ရင်းပြီး ကျနော် ရေးထားတာပါ ကျနော့်ရဲ့ အချိန်တွေ ... ခြွေးတွေ ... မျက်ရည်တွေ .... နာကြင်ခြင်းတွေ ... ကျနော့်ရဲ့ ဂုဏ်သိက္ခါတွေနဲ့ ကျနော် ရေးထားတာပါ ယောက်ျားပျက် ဆိုတာ ကျနော်ပါ လူ အားလုံးက အမြဲတမ်း ပြစ်တင်ဝေဖန် ရှုံ့ချခဲ့ တဲ့ ... ယောက်ျားပျက် ... ကောင်းထက်ကျော် ... ဆိုတာ ကျနော်ပါပဲဗျာ"
ခန်းမတစ်ခုလုံး အပ်ကျသံပင် ကြားရမတက် တိတ်ဆိတ်ခါ ငြိမ်သက်လို့ နေပါတယ်။ မင်းသန်ဲလဲ i pad ကို မျက် တောင်မခတ် စိုက်ကြည့် နေမိပါတယ်။ ကောင်းရဲ့ စကား တစ်ခွန်းတိုင်းက မင်းသန့်ရင်ကို လှုပ်ခတ်စေတယ် မဟုတ်လား။
"ကျနော့် ဘဝဇာတ်ကြောင်း အားလုံးကလဲ စာအုပ်ထဲက အတိုင်းပါပဲ ကျနော် ဒီနေရာမှာ ပြောချင်တာ တစ်ခုက ... ဒီထဲက အကြောင်းအရာ အားလုံးဟာ အမှန်တစ်ကယ် အပြင်လောကမှာ ဖြစ်ပျက်ခဲ့တယ် ဆိုတာကိုပါပဲ ... ကျနော်နဲ့ ပက်သက်ခဲ့ သူတိုင်းနဲ့ ကျနော်လုပ်ခဲ့တဲ့ အလုပ်တိုင်းမှာ ယခုချိန်ထိ ကျနော် ကို့ကိုယ်ကျင့်သိက္ခါကို ထိပါးစေတဲ့ လုပ်ရပ်တွေ တစ်ခုမှ မလုပ်ခဲ့ဘူးဆိုတာကိုလဲ ကျနော် အားလုံးအရှေ့မှာ ရဲရင့်စွာ ပြောရဲပါတယ် ... ဒါကဘာလို့လဲ ဆိုတော့ ငယ်ငယ်ထဲက အမေ့ရဲ့ ဆုံးမသွန်သင်မှုကြောင့်ပါ ... ကြုံခဲ့ရတဲ့ အခက်ခဲတိုင်းဟာ အရမ်းကိုကြီးမားခဲ့တာလဲ တကယ်ပါပဲ ... ကျနော့်ရဲ့ စောင့်ထိန်းမှုကြောင့် ကျနော့် ညီမလေး ဆုံးရှုံးခံခဲ့ ရဘူးတယ် ကျနော်သာ အလွယ်လမ်း လိုက်ခဲ့ရင်ကော ... လောကကြီးက ချမှတ်ထားတဲ့ ကံကြမ္မာကိုက ဒီလိုဖြစ်ဖိဲုပါလာရင် ကျနော်ဘယ်လိုမှ တွန်းလှန် နိုင်မှာ မဟုတ်ပါဘူး ကျနော် ပျက်စီးတာပဲ အဖက်တင်ခဲ့မှာပါ"
"ဟုတ်တယ် ကောင်း အဲဒါကြောင့် မင်းက အရမ်းတော်တဲ့သူ တစ်ယောက်ဆိုတာ ငါရဲရဲကြီး အာမခံပြောရဲခဲ့တာ"
မင်းခန့် ကျေနပ်စွာ တစ်ယောက်ထဲ ရေရွတ်လိုက်မိတယ်။
"အဲဒိလိုပဲ လူတွေရဲ့ တည့်တည့်ပြောတာတွေ စောင်းမြောင်း ပြောတာတွေလဲ အကြိမ်ကြိမ် ခံခဲ့ရပြီးပါပြီ ... လူတစ်ယောက်ရဲ့ အခြေအနေကို မျက်စိ တစ်ထောက်စာ အမြင်လေးနဲ့ မဆုံးဖြတ်ကြပါနဲ့ ဗျာ ... သူတို့ အနောက်မှာ ခါးသီးတဲ့ ဘဝတွေ ရှိနေနိုင်တယ် ဆိုတာကို တွေးကြည့် ပေးလို့ မရကြဘူးလား ... တကယ်ခက်ခဲနေတဲ့ သူတွေကို ကိုပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ ကို့အတ္တကို ချပြပြီး ဘာလို့ နင်းချချင်ကြတာလဲ ... သူတို့မှာ ပိုင်ဆိုင်တာ ဘာမှမရှိပါဘူး ... ရှိတဲ့ ကိုယ်ကျင့်တရား လေးကို ထပ်ပြီးနင်းချေချင်တာတော့ ..."
ကောင်း စကားတို့ ရပ်တန့်သွားပါတယ်။ အောင်မြတ်သူ နှုပ်ခမ်းလေးကွေးအောင် ပြုံးလိုက်မိပေမယ့် ရင်ဘတ်ထဲမှာ နင့်နေအောင် ခံစားလိုက်ရတာတော့ အမှန်ပါ။
"ကျနော်တို့တွေက ဆင်းရဲတဲ့သူတွေမို့ ကိုအဆင်ပြေသလို လုပ်ကိုင်စားရတဲ့ အခါမှာ ... လူတွေရဲ့ အပြောအဆိုကတော့ လွတ်မှာ မဟုတ်ဘူး ... ဒါပေမယ့် အဓိကကတော့ ... ကိုယ်လုပ်တဲ့ အသက်မွေးဝမ်း ကြောင်းဟာ သမာအာဇီဝကျမယ် ... ကိုယ်ကျင့်တရားနဲ့ ကိုက်ညီ မယ်ဆိုရင် ဘယ်သူတွေ ဘာပဲပြောနေပါစေ ... ကျနော်ကတော့ ဂရုမစိုက်ပါဘူး ... ကောင်းထက်ကျော်ကို ယောက်ျားပျက်လို့ ပြောခဲ့တဲ့သူတွေ အားလုံးကို ... ဒီနေရာကနေ အားလုံးကို သက်သေထူပြီး ကျနော် ပြောပါ့မယ် ... ကြိုက်တဲ့ကြမ်းနဲ့ ကြိမ်ပါ ... ကြိုက်တဲ့ သစ္စာရေ တိုက်ပါ ... ကျနော် ဟာ ဒီနေ့ဒီချိန်ထိ သန့်စင်တဲ့ ကိုယ်ကျင့်တရားနဲ့ သမာအာဇီဝ ကျစွာ လုပ်ကိုင် စားသောက်ခဲ့တဲ့ လူကောင်း တစ်ယောက် ဆိုတာ ပြောရဲပါတယ်"
အားလုံးစီမှ လက်ခုပ်သံတွေ ကြားရပြန်ပါတယ်။ မင်းသန့်လဲ အားရပါးရ လုပ်ခုပ် ထတီးမိပြန်ပါတယ်။ တီးရလွန်းလို့ လက်တွေပင် ကျင်စပ်နေပါပြီ။ အဝေးကနေ အားပေးရသူမို့ ကောင်း ကြားလို ကြားငြား မဖြစ်နိုင်တဲ့ မျှော်လင့်ချက်နဲ့ သူ အရမ်းကို တီးနေမိတာပါ။
"ဒီလို ကျနော့်ဘဝကို ရေးခဲ့ရတာကလဲ ... ကျနော့်လို လူငယ်တွေ အခက်အခဲတွေထဲ မှာ ဘဝကို အနစ်မွန်းမခံ စေချင်တဲ့ စေတနာနဲ့ပါ ... နောက်ဆုံး ပြောချင်တာကတော့ ... မထင်မှတ်ပဲ Best Seller အထိ ပါအောင် အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးရဲ့ ကျေးဇူးကို ဆပ်တဲ့ အနေနဲ့ အကောင်းဆုံး ကျိုးစား သွားမယ် ဆိုတာပါပဲ အားလုံးကို ကျေးဇူးတင် ပါတယ် ခမျာ့"
လက်ခုပ်သံတွေ ခန်းမတစ်ခုလုံး ပြည့်လျှံသွားတာ အတော်နဲ့ မရပ်တော့ပေ။ ဒေါ်ထွေးမြ ငိုနေတာမို့ ကျော်ဇင်ထက်က ချော့မော့ နှစ်သိမ့်နေပါတယ်။ လက်လေးကာပြရင်းက သူမ ဆက်ပြီး ငိုနေပါတယ်။ ဝမ်းသာလွန်းလို့ ငိုနေရှာတာပေါ့။
မင်းသန့်ကော မင်းသန့်လဲ မျက်ရည်တွေ ကျနေရှာတာပါ။
အားလုံးက ကောင်းရဲ့ အောင်မြင်မှုကို ထပ်တူခံစားနေကြ တာပါ။ ဒါပေမယ့် ထူးခြားတာ တစ်ခုက ကောင်းပါပဲ။ ကောင်း လုံးဝ မျက်ရည် တစ်စက်မကျပဲ တိကျရှင်းလင်းစွာ ပြော သွားခဲ့တာ သူဘာမှ မဖြစ်သလိုပါပဲ။
ကောင်း စင်ပေါ်ကနေ ဆင်းလာပြီး ဒေါ်ထွေးမြကို ဖက်ခါ
"အမေ ကျေနပ်ရဲ့လား ဟင်"
ဒေါ်ထွေးမြ ချက်ခြင်း မဖြေနိုင်သေး ခေါင်းကိုသာ တွင်တွင် ငြိမ့်နေပြီး ခနနေမှ
"အမေတို့ အကြွေး မရှိတော့ဘူး သား အမေ ကျေနပ်တယ်"
ကောင်း ပြုံးခါ ခေါင်းငြိမ့် ပြလိုက်တယ်။ ပြီးတော့မှ ဂျာနယ် တစ်ခုက တစ်ခါထဲ အင်တာဗျူး ချင်တယ် ဆိုလို့ ကောင်း လက်ခံ လိုက်ပါတယ်။ ဗျူးတဲ့ ကောင်လေးက
"အရင်ဆုံး မေးချင်တာက ခုနအကို စင်ပေါ်မှာ ပြောခဲ့တာ တွေ အားလုံးက နားထောင်ရတဲ့သူတွေတောင် မျက်ရည်စို့ ရတယ် အကို့ကို ကြည့်ရတာ အရမ်းကို တည်ငြိမ်နေသလိုပဲ အဲဒါ ဘာဖြစ်လို့လဲခမျ"
ကောင်း ပြုံးလိုက်ပြီး
"ကျနော် မျက်ရည်ကျခဲ့ရတဲ့ အချိန်တွေက အရမ်းကိုများခဲ့ပြီ ကျနော့်အတွက် ဒဏ်ရာတွေ အသားမာ တက်နေပါပြီ အဲဒါကြောင့်ထင်တယ် ကျနော် မငိုတက်တော့ဘူး"
"နောက်တစ်ခုမေး ချင်တာက အကို့ဇာတ်လမ်းထဲမှာ ဘဝ အကြောင်းတွေပဲ ရေးထားပြီး အကို့ရဲ့ အချစ်ရေးတော့မပါတာ တွေ့ရတယ်ခမျာ့ အဲဒါလေးလဲ ပြောပြပေး နိုင်မလား"
ကောင်း ဘေးနားမှာ သူ့ဖုန်းလေးကိုင်ရင်း Live လွှင့်ပေး နေတဲ့ ညီလေးဖက်လှည့်ခါ ဖုန်းကို တစ်ချက် ကြည့်လိုက်ပါတယ်။ ဒါတွေ အားလုံးကို မျက်တောင်မခတ် ကြည့်နေတဲ့ မင်းသန့်ကလဲ ရင်တွေ တဒိန်းဒိန်းနဲ့ ကောင်း ဘာပြောမလဲ ဆိုတာကို စိတ်လှုပ်ရှားစွာ အာရုဏ်စိုက်ပြီး ကြည့်နေပါတယ်။
"ကျနော့်အတွက် အချစ်ဆိုတာ ဘယ်လိုမှ အချိန်မပေးနိုင်ခဲ့ တဲ့ ကိစ္စတစ်ခုပါ အခုချိန်မှာတော့ ကျနော် အချစ်ကို အချိန် ပေးနိုင်တော့မယ် ထင်ပါတယ် ဒါကလဲ အချစ်က ကျနော့်စီကို တန်းမတ်စွာ ပြန်လှည့်လာမှပါဗျာ"
"ပြန်လှည့်လာမှပါ ဆိုတော့ အရင်က တွေ့ခဲ့သေးတယ် ဆိုတဲ့ သဘောလားခမျာ့"
ကောင်း နှစ်ခြိုက်စွာ ပြုံးလိုက်ရင်းက
"အချစ်မှန်းမသိပဲ တွေ့ဆုံခဲ့တာဗျ သူမရှိတော့မှ ဒါဟာ အချစ် ဆိုတာ ကျနော် ခံစားတက်လာတာ"
မင်းသန့် ကုတင်ပေါ် ပက်လက်လှန်လှဲချလိုက်ခါ ခြေနှစ်ဖက် လက်နှစ်ဖက်ကို ကားထားရင်း တဟားဟားနဲ့ အော်ရီချ လိုက်ပါတော့တယ်။ ကျေနပ်ခြင်းတွေရင်ထဲမှာ ပြည့်သိပ်နေပြီလေ။ မင်းဆီကို ငါပြန်လှည့်လာခဲ့မယ် ကောင်းရေ။ မင်း ခနလေး စောင့်နေ ပေးပါကွာ။
VOUS LISEZ
ယောက်ျားပျက်။
Roman d'amourလူငယ်တစ်ဦးရဲ့ လောကဓံကို အံတုရင်ဆိုင်ပုံ များကို ရေးသားတင်ပြထားပါတယ် ခမျ။ စာအုပ်ထုပ်ဝေတဲ့ ပထမဆုံး အပတ်မှာပဲ စာပေလောက စာအုပ်တိုက်ရဲ့ အရောင်းရဆုံးစာရင်း ဝင်ခဲ့တဲ့ စာအုပ်လေးမို့ ပြန်လည် မျှဝေပေး လိုက်ပါတယ်။ အားပေးကြပါဦးခမျ။ (Zawgyi & Unicode)