((Zawgyi))
နေ့ခင်းပိုင်းကို အိမ်မှာပဲ စားလိုက်အိပ်လိုက်နဲ့ ကုန်ဆုံးပြီးတဲ့ နောက်
ညနေခင်းကျ aeri ကိုသွားကြိုဖို့ မူကြိုကိုထွက်လာလိုက်သည်။
Aeri ကိုကြို ပြီး chanyeollie စီသွားဖို့စဉ်စားထားတာမို့
ကားမယူတော့ဘဲ Taxi သာငှါးပြီး မူကြိုကိုသွားလိုက်၏ ။ကလေးတွေကိုလာကြိုတဲ့သူတော်တော်များများက အမေတွေဖြစ်နေတာမို့
အမေတွေကြားထဲမှာ baekhyun တစ်ယောက်သာ ယောကျာ်းသားအနေနဲ့ထင်းထင်းကြီးဖြစ်နေတာမို့ နေရခက်နေတာအမှန်ပင်...။အရေးထဲ ကျောင်းကမဆင်းသေး...
”ဟို မမြင်ဖူးဘူးနော်
ဘယ်သူ့ အဖေလဲ မသိဘူး ”ထိုကြားထဲ အမေတစ်ယောက်က စပ်စပ်စုစုနဲ့ လာမေးသေး
အမေတွေအကုန်လုံးကလည်း သိချင်နေကြဟန်
မျက်လုံးတွေက baekhyun စီမှာသာ..အဲ့ဒါကြောင့်...
//ကိုရီးယားအမျိုးသမီးထု အရမ်းစပ်စုကြတာပဲ //လို့ baekhyun တွေးလိုက်မိသေး...
”Aeri လေးရဲ့ appa ပါ ”
”Aeri 'appa က အရပ်ရှည်ရှည်ချောချောနဲ့ တစ်ယောက်မဟုတ်ဘူးလား
မနက်တိုင်းကျောင်းလာပို့တယ်လေ ”အမေတစ်ယောက်က ပြောတော့
အခြားအမေတွေကပါ သိချင်တဲ့အနေနဲ့ ကြည့်လာကြတော့
Baekhyun အနေကြပ်လာသည်။”နှစ်ယောက်က... လက်ထပ်ထားတာလား.. ? ”
အမလေး...
လူပျိုလေးကနေ ကလေးတစ်ယောက်အဖေဖြစ်တဲ့အပြင် လောလောဆယ် ယောက်ျားက ရဦးမယ်
ဂါးး လောကကြီးက ငါ့ပဲဝိုင်းရက်စက်နေကြတယ်လား
အဲ့ဒါအကုန် parkchanyeol ကြောင့် (︺︹︺)စိတ်ထဲမှာသာ chanyeol ကိုပေါက်ကွဲနေတာ
အပြင်မှာတော့ အမေတွေကို မချိပြုံးလေးပြုံးပြလို့....ထိုအချိန် ... ကလေးတွေပြေးထွက်လာတာကြောင့် baekhyun နေရချောင်သွားသည်။
အမေတွေကလည်း ကိုယ့်ကလေးအသီးသီးနဲ့ဆိုတော့ သူ့အာရုံနဲ့သူဖြစ်သွားသည်။”Aeri yah ”
”Appa ”
ပြန်ထူးလာတဲ aeri ကအသံကလည်းအားမရှိသလိုဖြစ်ကာ
မျက်နှာလေးကလည်း မှုန်ကုတ်နေတော့
Baekhyun စိတ်ထဲစိုးရိမ်သွားသည်။
YOU ARE READING
~AERI~ ((Completed))
FanfictionWe are not married . But we have baby. Her name is AERI. {Marrige life but no marrige life} When the baby came between us ,we all changed. ChanBaek Yaoi Cover by @LenCO Graphics ((Zawgyi+Unicode))