~Aeri~ 20

6.9K 708 24
                                    

((Zawgyi))

သားအဖ သုံးယောက်ရဲ့ ညချမ်းအချိန်အခါ....
ကြမ်းခင်းပေါ်ထိုင်နေတဲ့ သားအဖသုံးယောက်

Chanyeol ပေါင်ကြားထဲ ဝင်ထိုင်နေပြီးဗိုက်ကိုမှီကာ နေနေတဲ့သူက appa baek

ထပ်ပြီး... appa baek ရဲ့ ပေါင်ကြားထဲဝင်ထိုင်ပြီး ဗိုက်ကို မှီနေတဲ့သူက သမီးဖြစ်သူ Park Aeri ပင်...။

”Chanyeollie,ငါ သဘက်ခါ ဆေးပညာseminar ပွဲ သွားရမယ်
တစ်ပတ်လောက်... ”

Aeri ဆံပင်တွေကို ဖွပေးနေရင်းကနေ baekhyun ပြောလာသည်။

”တစ်ပတ်ကြီးတောင်လား... ?

မသွားလို့ မရဘူးလား baek ရာ
မခွဲနိုင်ဘူး ”

”မရတာ သိရဲ့သားနဲ့... ငါလည်း မခွဲချင်ပါဘူး chanyeollie ရာ ”

ဗိုက်ကနေ ဖက်လာတဲ့ chanyeol ရဲ့ လက်တွေကို
သူ့လက်နဲ့ ပြန်ဆုပ်ကိုင်ပေးလိုက်သည်။

”ဘယ်နေရာလဲ seminar က ”

”ဂျယ်ဂျူ လို့ ထင်တယ် ”

Baekhyun ပုခုံးပေါ် မေးမရရအောင် တင်ပြီး...

”လွမ်းနေတော့မှာပဲ ကိုယ့်အချစ်ကို ”

Chanyeol တိုးတိုးလေးသာ ပြောလိုက်သည်။

အဖေနှစ်ယောက်ရဲ့ စကားတွေကို ကြားနေတဲ့ aeri လေးကလည်း ဝင်တော့မပြောပေမဲ့ မျက်နှာသိပ်မကောင်း...
သူ့ appa နဲ့ ခွဲရမှာ ဆိုတော့...

~*~*~*~AERI*~*~*~*~

ဂင်ဖိုလေဆိပ်မှာ .. ဂျယ်ဂျူ seminar ပွဲသွားဖို့ baekhyun. ဆေးရုံက ဆရာဝန် အုပ်စုနဲ့ တူတူရှိနေပြီး... လေယာဉ်စောင့်နေကြတယ်

ခဏနေ လေယာဉ်ထွက်တော့မဲ့အချိန်ရောက်နေပြီ..

Chanyeol ကို မနက်ထဲက အရိပ်တောင်မမြင်ရ..
သမီး ဖြစ်သူပါ အပါအဝင်.. လုံးဝမတွေ့ခဲ့ရ...

လိုက်လည်း လိုက်မပို့ပေးဘူး
တစ်ပတ်တောင် ခွဲရမှာကို အနည်းဆုံး လိုက်တော့လိုက်ပို့ပေးသင့်တာပေါ့...T~T

Chanyeol မလာ၍ baekhyun မျက်နှာလုံးဝ မကောင်းပေ. ။

ဆရာbyun မျက်နှာမကောင်းတဲ့ အကြောင်းကို နည်းနည်းရိပ်မိကြတဲ့အတွက်.. အခြားဆရာဝန်တွေကလည်း... စိတ်တော့သိပ်မကောင်းကြ...

~AERI~ ((Completed))Where stories live. Discover now