((Zawgyi))
Chanyeol ရဲ့ အားရက်
Baekhyunကတော့ သူတို့ရဲ့ kissing video က ပြန့်နေတာကို ရှက်တယ်ဆိုပြီး ခွင့်ယူထားလေတယ်
အဲတော့ baekhyun ပါ အားရက်..မနက်စာအဖြစ် pancake ကိုပဲစားချင်ပါတယ်ဆိုပြီး အသစ်စက်စက် ချစ်သူလေးက ပူဆာထားတော့ chanyeol တို့ pancake လုပ်နေရပြီလေ..
အဖြေပေးရင် မုန့်တွေလုပ်ကျွေးမယ်လို့ အဖြေလိုချင်ဇောနဲ့ ပြောထားတဲ့ စကားကြောင့်လည်း မပယ်ရှားရဲ...
အဲ့တော့လည်း လုပ်ပေါ့..Baekhyun ကတော့ ခုံမှာ ထိုင်နေခြင်းဖြင့် chanyeol ကို တစ်တတ်တစ်အားကို ကူညီနေသည်...။
Chanyeol မုန့်လုပ်နေရင်းနဲ့
”Baekhyunee, နောက်နေ့ ကစပြီး arjuma ပြန်လာလိမ့်မယ်
မနေ့က ကိုယ့်ကို လှမ်းဆက်သွယ်လာတယ် ”(Aeri ကိုထိန်းပေးတဲ့ ကလေးထိန်းarjuma
ရှေ့မှာ ပါတယ်နော် )”ကောင်းတာပေါ့
နောက်မို့ဆို ငါတို့နှစ်ယောက် night duty တိုက်တဲ့ ရက်တွေတိုင်း ဆေးရုံက အခြားသူတွေကိုဂျူ တီ လဲခိုင်းနေရတာ အားနာလာပြီ ”Baekhyun ပြောရင်း လုပ်ပြီးသား pancake တစ်ခုကိုလည်း နှိုက်စားနေသည်။
”Aeri ကိုသွားနှိုးလိုက်ဦးမယ်
ဆက်လုပ်ထားနှင့် chanyeollie ”Chanyeol ကိုပြောခဲ့ကာ aeri အခန်းဘက်ကို ထွက်လာခဲ့လိုက်တော့သည်။
~*~*~*~AERI*~*~*~*~
”ParkAeri, ထတော့
မနက်စာ စားကြမယ် ”Byunbaekhyun သမီးပီသစွာ တစ်ခွန်းနဲ့နှိုးရုံနဲ့ တုပ်တုပ်မှ မလှုပ်... ။
အိပ်မြဲ အိပ်စဲ အိပ်လတ္တံ... ။”Appa ရဲ့ aeri ..... ထတော့လို့!!!!! ”
အဖေဖြစ်သူရဲ့ highnote skill ကြောင့် aeri နိုးလာလေသည်။
”Appa, popo ပေး ”
အိပ်ချင်မူးတူးရုပ်လေးနဲ့ သူ့ပါးဖောင်းဖောင်းလေးကို ညွှန်ပြကာ
appa စီကနေ popo လှမ်းတောင်းတဲ့ aeri လေးAppa baek ကလည်း Aeri ပါးဖောင်းဖောင်းလေးထဲ နှာခေါင်းနစ်ဝင်တဲ့အထိ နမ်းပေးလိုက်သည်။
.....
ကလေးသွားနှိုးမယ် ပြောပြီး ထွက်သွားတာ နာရီဝက်လောက်တောင် ကြာရောပေါ့
ဒါပေမဲ့ သွားနှိုးတဲ့ သူရော ကလေးပါ အခန်းထဲက ထွက်မလာကြ...
VOUS LISEZ
~AERI~ ((Completed))
FanfictionWe are not married . But we have baby. Her name is AERI. {Marrige life but no marrige life} When the baby came between us ,we all changed. ChanBaek Yaoi Cover by @LenCO Graphics ((Zawgyi+Unicode))