~Aeri~19

7K 727 36
                                    

((Zawgyi))

အိတ်ကပ်ထဲက ဒွီ ဆိုတဲ့ vibrate သံတစ်ချက်ထွက်လာတာကြောင့် ...
ရှေ့က လူရိပ်လူခြည် တစ်ချက်ကြည့်ပြီး ဖုန်းကို အသာလေး ဖွင့်လိုက်တော့

”…Chanyeol ah, bogoshiphw 😞… ”

ဆိုတဲ့ သုံးထပ်မြောက်က ချစ်ရသူ ပို့တဲ့ အစေ့ အဲ မက်စေ့

ဝမ်းနည်းနေတဲ့ emoji လေးက အသက်

ချစ်ဖို့ကောင်းတာ လွန်ရော..

Keyboard ကို တဖျောက်ဖျောက် နှိပ်ပြီး

”…ကိုယ်လည်း လွမ်းတယ်
အခု အစည်းအဝေး လုပ်နေလို့ ပြီးရင် လာခဲ့မယ်
မွချိ မွချိ 😙 …”

မက်စေ့ ပြန်ပို့လိုက်ပြီး ဖုန်းလေး အိတ်ကပ်လေးထည့်ပြီး ရှေ့က  ဆွေးနွေးနေတဲ့ အစည်းအဝေးကို ပြန်အာရုံစိုက်လိုက်သည်။

ခဏနေ... ဒွီ ခနဲ ထပ်မြည်လာသည်။

မကြည့်လည်း ရပေမဲ့... ချစ်သူပို့တဲ့ အစေ့ ဆိုတော့ ခိုးကြည့်လိုက်သည်။

”…ပြီးရင် မြန်မြန်လာနော်...
အနမ်းပေးမယ် 😚 …”

အဟိ... ထူးထူးဆန်းဆန်း အနမ်းပေးမယ်ဆိုပါလား
ParkChan တို့ ထီပေါက်ပြီ...

အခုချက်ချင်းတောင်ပြေးပြီး သွားနမ်း လိုက်ချင်တယ်...

ချစ်သူက အနမ်းပေးမယ်ဆိုတော့ doctor park မျက်နှာကြီး အပြုံးတွေ ပွင့်ပြီး ပြုံးဖြီးဖြီးနဲ့....

ရှေ့က အစည်းအဝေးတွေ ဘာတွေ မသိတော့...
မျက်လုံးထဲမြင်တာ... နှုတ်ခမ်းပါးပါးလေး

ပြောနေတဲ့ ကိစ္စမှာ ရယ်စရာနည်းနည်းလေးတောင်မပါ
လူနာအကြောင်း ဆွေးနွေးနေတာကို ပြုံးစိစိဖြစ်နေတဲ့ doctor park ကို ငှါနမှုး မကျေနပ်ချင်တော့...
အကြည့်တွေ ပို့လွှတ်နေပြီ...
ဒါပေမဲ့ doctor park အာရုံထဲ အလုံးစုံဝင်ရောက်နေတာ ပါးလျလျ နှုတ်ခမ်းလေးသာ

”အဟင်း... ”

ငှါနမှုး ကြည့်နေတာကြောင့် ဘေးက စီနီယာက ချောင်းဆိုးသံပေးပြီး သတိပေးနေပေမဲ့ doctor park တို့မသိသေး... ။

နောက်ဆုံး ခြေထောက်ကို တက်နင်းလိုက်မှသာ..
စိတ်အာရုံတွေက အလုံးစုံ အစည်းအဝေးခန်းထဲ ပြန်ရောက်လာပြီး
စီနီယာကို ဘာလဲ ဆိုပြီး တိုးတိုးလေးမေးလိုက်သည်။

~AERI~ ((Completed))Where stories live. Discover now