((Zawgyi))
"Baekhunee ဒီနေ့ aeri ကိုမူကြိုလိုက်ပို့ ပေးနိုင်မလား
ကိုယ် စောစောသွားရမှာဖြစ်လို့ aeri ကို လိုက်မပို့နိုင်လောက်ဘူး "်ဒီနေ့မနက်အစောမှာပြုလုပ်မဲ့ ဆေးပညာအစည်းအဝေးအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေထည့်ရင်း chanyeol ပြောလိုက်သည်။
"Aryarsor ,duty ကညနေမှဆိုတော့ အချိန်ရှိပါတယ် ငါလိုက်ပို့လိုက်မယ်"
"အခုတလော ကလေးထိန်း မလာနိုင်ဘူး
သူ့သမီး duedate မလို့တဲ့Aeri နိုးလာရင် မနက်စာ ထမင်းချက်ကျွေးနော် hyunee
ခေါက်ဆွဲပြုတ်တွေကျွေးမနေနဲ့ ""မနက်စာ မစားသွားဘူးလား chanyeol"
Baekhyun အခန်းထဲကထွက်လာပြီ
အပေါက်ဝမှာ ဖိနပ်စီးနေတဲ့ chanyeol ကို မေးလိုက်သည်။"ကိုယ် အချိန်မရှိလို့ မစားတော့ဘူး
ဆေးရုံရောက်မှာ ဂျူနီယာတွေကို ဝယ်ခိုင်းလိုက်မယ် သွားပြီနော် "~*~*~*~AERI*~*~*~*~
Chanyeol ထွက်သွားတာနဲ့ ထမင်းချက်ရန် baekhyun မီးဖိုခန်းထဲဝင်လာလိုက်သည်။
"ထမင်းချက်တာများ ဘာခက်လို့လဲ baekhyun hfighting "
ထမင်း မချက်ခင် အရင်ဆုံး ကိုယ့်ကိုကိုယ် အားပေးလိုက်သည်။
"ထမင်းချက်ဖို့ ဆန်လိုတယ်
ဆန်က ဘယ်နားမှာထားတာလဲ မသိဘူး "အပေါ်က ပစ္စည်းထည့်တဲ့ ဘီဒိုလေးတွေကိုဖွင့်ကြည့်ပေမဲ့ ဆန်ကို မတွေ့ ။
"ဆန် ဘယ်နားမှာလဲဟာ <(-︿-)>"
ရှာမတွေ့ တဲ့ အဆုံး ပါးစပ်က ပင်ညည်းချလာရသည်။
ဆေးရုံမှာ အနေများလို့ ဝယ်စားတာကပုံမှန်ဖြစ်စဉ်လို ။
အိမ်မှာနားတဲ့ရက်လည်း Chanyeol ချက်ကျွေးတာပဲ စားလာတော့ တကယ်ချက်ရမယ်ဆိုတော့ ဘာမှမလုပ်တတ်တော့ ...ထမင်းချက်ဖို့ ဆန်တောင်ဘယ်နားထားလဲမသိတဲ့အထိ။
အိမ်မှာတစ်ယောက်တည်းဆိုလဲ ခေါက်ဆွဲပြုတ်နဲ့သာ နှစ်ပါးသွားလေသည်။"Appa~~
Daddy ရော..."ဆန်ရှာမတွေ့လို့ ဆံပင်တွေကို ဖွပြီး ဘယ်နားထားလဲ စဉ်းစားနေတုန်းရှိသေး
Aeri ကနိုးလာပြီး မီးဖိုချောင်းရှေ့မှာ ရပ်ကာ ခေါ်လာသည်။
BINABASA MO ANG
~AERI~ ((Completed))
FanfictionWe are not married . But we have baby. Her name is AERI. {Marrige life but no marrige life} When the baby came between us ,we all changed. ChanBaek Yaoi Cover by @LenCO Graphics ((Zawgyi+Unicode))