Aeri~ 30(FINAL)

11.1K 750 64
                                    

((Zawgyi))

နေ့လည်စာကို ကန်တင်းမှာ စားနေကြတဲ့ ဆရာဝန် နှစ်ယောက်

တစ်ခုခုကို တွေးတောမိဟန်နဲ့ လက်ထဲက တူကို ခုံပေါ် ဆောင့်ခနဲ တင်လိုက်တော့
တူချသံက ဆူဆူညံညံအခန်းထဲ တိုးဝင်ပျောက်ကွယ်သွားသည်။
အခြားသူတွေတော့ တူချသံကို မကြားပေမဲ့ ရှေ့က ထိုင်နေတဲ့ တစ်ယောက်ကတော့ ကြားရသည်ပင်..။

”ဘာဖြစ်တာလဲ baekhyunee ”

”Chanyeol ah, ဒီနေ့ ဘာနေ့လဲ ”

”ဟင်?
ဒီနေ့ Aug 4.....”

Chanyeol စကားအဆုံး..

”မနက်ဖြန်ပဲ!!! ” ဆိုတဲ့အသံက နှစ်ဦးလုံးစီက ထပ်တူ ထွက်လာသည်။

စားလက်စတွေကို ဆက်မစားတော့ဘဲ စားဖိုဆောင် အဒေါ်ကြီးစီ ဗန်းအပ်ကာ နှစ်ဦးသား ကန်တင်းက ထွက်လာခဲ့တော့သည်။

လမ်းလျှောက်နေရင်းနဲ့ baekhyun က မေးလာသည်။
”မွေးနေ့လက်ဆောင် ဝယ်ပြီးပြီလား ”

”အခုမှ ပြင်ရမှာ..baek
အရင်က သတိရပေမဲ့
အခုတလော အလုပ်အရမ်းများလွန်းလို့ မေ့သွားတာ ”

”ငါ့ကို အပြန်မစောင့်နဲ့ chanyeollie
ဝင်စရာ ရှိတယ် ”

”ဘယ်ကိုလဲ
ကိုယ် လိုက်ပို့ပေးမယ်လေ ”

”ငါ့သမီးရဲ့ မွေးနေ့ကို ပြင်ဆင်ပေးမလို့
Cake ဆိုင်သွားပြီး cake မှာမှာ
လက်ဆောင်အတွက်လည်း ဟိုကြည့်ဒီကြည့်လုပ်မလို့ ”

”တူတူ သွားမယ်လေ
ကိုယ်လည်း ကြည့်မှာပဲကို ”

”No!
ငါ့ဘာသာ ငါ့သမီးအတွက် ပြင်ဆင်ပေးမှာ
အဲ့ဒီ့တော့ ကိုယ့်ဘာသာ အခြားဟာ ပြင်ပေးပါ daddy
ငါ့ idea copy လာမကူးနဲ့
Byunbaekhyun ကို အချဉ်မမှတ်နဲ့ parkchanyeol  ”

”Byun ဟုတ်လား
Park လို့ထင်တာကို
ParkBaekHyun မဟုတ်ဘူးလား ”

”ဟီး Sorry
Parkbaekhyun ပါ

Parkbaekhyun လေး သွားလိုက်ပါဦးမယ် parkchanyeol ssi ”

Chanyeol ကို ခေါင်းညွှတ်ပြပြီး လုံးလုံး လုံးလုံးနဲ့ ပြေးထွက်သွားတဲ့ baekhyun

”Parkbaekhyun
Coffee မသောက်တော့ဘူးလား ”

နောက်က လှမ်းအော်လိုက်တဲ့ chanyeol စကားကို
မသောက်တော့ဘူး ဆိုတဲ့ သဘောနဲ့
နောက်တောင် လှည့်မကြည့်ဘဲ ခေါင်းတစ်ခါခါနဲ့ ပြကာ ဆက်ပြေးနေတဲ့ aeri ' appa ပင်..။

~AERI~ ((Completed))Tempat cerita menjadi hidup. Temukan sekarang