~Aeri~24

6.8K 792 93
                                    

((Zawgyi))

"Daddy!! ဘာဖြစ်လို့လဲ ”

ရင်ခွင်ထဲက သမီးကို ခပ်တင်းတင်းဖက်လိုက်မိတော့ သမီးက မေးလာသည်။

”Appa, ကို အပြင်မှာ စောင့်မယ်လေ daddy ”

”Appa အလုပ်များနေတယ် ဟက် daddy တို့စီတောင် ပြန်လာနိုင်ပါ့မလား ”

Aeri ကို ပြောကာ ...မျက်ရည်တွေကို လက်နဲ့ သုတ်ပစ်လိုက်ပြီး chanyeol မတ်တပ်ရပ်လိုက်သည်။

”Daddy နဲ့ပဲ ညစာ စားမယ်နော်...
ဗိုက်ဆာနေပြီလား aeri ”

”Appa ရော.. appa ကို မစောင့်ဘူးလား ”

”Appa အကြောင်း လာမပြောနဲ့ aeri
Daddy စိတ်ဆိုးမိလိမ့်မယ် ”

ကလေးကို ပြောလိုက်မိတဲ့ chanyeol အသံက စိတ်ဆိုးနေတာမလို့ အနည်းငယ် မာထန်နေသည်။

”ဟင့်!! daddy ”

”Mian, daddy အသံမာသွားမိတယ် ”

Aeri ကို လက်တွဲခေါ်ကာ.. အခန်းကိုပဲ ပြန်လိုက်တော့သည်။aeri အတွက် ညစာကို အခန်းကိုပဲ မှာတော့မည်။ဒီလို စိတ်အခြေအနေနဲ့ သူ အပြင်မှာ နေချင်စိတ်လည်း မရှိပါ...။

~*~*~*~AERI*~*~*~*~

ရုတ်တရက် အနားရောက်လာပြီး မိမိရဲ့ နှုတ်ခမ်းကို လာ ထိကပ်နေတဲ့ အမျိုးသမီးကို လက်နဲ့ တွန်းလိုက်မိသည်။
မိန်းကလေးတစ်ယောက်ကို မလုပ်သင့်မှန်း သိပေမဲ့.. ရုတ်တရက်မို့.. သူ တွန်းဖယ် မိလိုက်သည်။

ထိုအမျိုးသမီး ထိကပ်သွားတဲ့ နှုတ်ခမ်းကိုလည်း လက်နဲ့ ပွတ်ပစ်လိုက်သည်။
သူ့နှုတိခမ်းက chanyeol အပိုင်သာ...။

အောက်ကြမ်းခင်ကို လဲကျသွားတဲ့ ဟယ်ဂျီက အပြုံးတစ်ချက်ကို လုပ်ပြီး..ခုံမှာ ပြန်ဝင်ထိုင်လာသည်။

”ကျွန်မ ရှင့်ကို သဘောကျတယ် baekhyun ssi
ခုနထဲက ပြောလိုက်တာ.. ဘာ reply မှ ပြန်မလာလို့... ကျွန်မကို သဘောကျတယ် ထင်လိုက်တာ  ”

”Sorry ပဲ.. ကျွန်တော် အဲ့ဒီ့ဘက်က ပြောတဲ့ စကားကို မကြားလိုက်ဘူး...
နောက်ပြီး.. အသေချာဆုံးတစ်ခုပြောလိုက်မယ်..

ကျွန်တော့်နှလုံးသားထဲမှာ လူတစ်ယောက်ပဲ ရှိတယ်
အဲဒီ့လူက လွဲပီး အခြားသူကို ချစ်လာနိုင်မှာ မဟုတ်ဘူး ”

~AERI~ ((Completed))Tempat cerita menjadi hidup. Temukan sekarang