Arc 2 Fēng Yì Life Part-3

2.3K 328 21
                                    

လင်းစီချင်း ပြန်နိုးလာတော့ နန်းတော်သဖွယ်
ပြင်ဆင်ထားသည့် အိမ်ထဲရောက်သွားသလိုပင် ခံစားမိရသည်။မဟုတ်သေး ၊ နန်းတော်ထဲ ရောက်နေသည်ဟုဆိုလျှင် ပိုမှန်မည်။

"နိုးလာပြီလား?လင်းအာ။"

ထိုးကိုက်လာသည့် ခေါင်းနှင့်အတူ ပါလာသည်က သူ မသိတဲ့လူပုံရိပ်တွေကို မြင်နေရခြင်း။

"မင်း ဘာကြောင့်များ ငါ့အတွက် ဒီလောက် လုပ်ပေးခဲ့ရတာလဲ? စစ်လွီရှန်း!
မင်းက အရူးဘဲ!"

အဲလက်ဇန်းဒါး၏နှုတ်ခမ်းထောင့်စွန်းများက
ပြုံးယောင်သန်းသွားသည်။

"အင်း ကိုယ်က အရူး။ဒါပေမဲ့ မင်းတစ်ယောက်တည်းကိုသာ ရူးသွပ်တဲ့ limited edition အရူး။"

[A/N-Su hua is crying now.]

လင်းစီချင်း ခေါင်းမှနားထင်ကို အသာတို့မိတော့ အဲလက်ဇန်းဒါးက မြန်ဆန်စွာ
နားထင်ကို နှိပ်ပေးလာ၏။

"ကိုယ် မင်းခေါင်းကိုက်နေလောက်မယ်ထင်လို့ သံပရာရည်လေး ဖျော်လာတယ်။
သောက်လိုက်ဦး။"

လင်းစီချင်း ဖျော်ရည်ယူဆောင်လာသည့်ဗန်းကို ကြည့်မိတော့ မျက်စိပင် ကျိန်းမတတ်။
အကြောင်းကား ရွှေဖြင့်လုပ်ထားပြီး စိန်ကျောက်မျက်ရတနာများစွာဖြင့် စီခြယ်ထားခြင်းကြောင့်ပင်။

" ဖျော်ရည်က ကောင်းသားဘဲ။ဒါနဲ့
ဘယ်လိုဖြစ်ပြီး လိုက်လာရတာလဲ။
မင်းရဲ့ဟိုဘိုးတော်က ခွင့်ပြုလိုက်လို့လား။
ဒါပေမဲ့ အဲ့ဒါလည်း မဖြစ်နိုင်ပါဘူး။"

အဲလက်ဇန်းဒါး၏မျက်ဝန်းအစုံက
အေးစက်မှုတို့ ဖုံးလွှမ်းသွားသည်။
ခရမ်းရင့်ရောင်သန်းသော မျက်ဝန်းတို့အစား
သွေးနီရောင်လွှမ်းသော မျက်ဆံသာမြင်ရတော့သည့်မျက်ဝန်းတို့က အစားထိုးသွားလေ၏။

[A/N-ဥပမာ လွယ်လွယ်ပြောရရင် ဖုတ်ကောင်တွေလို မျက်လုံးလို့သာ မှတ်လိုက်။ ]

"ကိုယ် လိုက်လာခဲ့တာ ခွင့်ပြုလို့တော့
မဟုတ်ဘူး။ သူ တားမရတော့လို့။"

လင်းစီချင်း၏မျက်လုံးအစုံက ပြူးကျယ်သွားသည်။ဟိုဘိုးတော်တောင် တားမရတော့လောက်အောင် ဘယ်လောက်ထိများ......။

Villain Game [Own Creation]Where stories live. Discover now