Arc 1 Ling Si Chīng Life 1.2

9.2K 850 88
                                    

[A/N-တစ်ခုလောက်မေးချင်လို့ပါ။ဒီ fic ကလေ သူများ fic တွေနဲ့သွားတူနေတာရှိလားဟင်?အဲ့ဒါဆို ပြန်ဖျက်ပေးပါ့မယ်။
ကိုယ့်ကိုယ်ပိုင် owncreation ဆိုပေမယ့် သူများ fic တွေနဲ့သွားတူနေမှာ
တွေးပြီးဒီတစ်လော စိတ်ညစ်နေလို့ပါ။ 😅 ]

လင်းစီချင်း မျက်လုံးတွေကိုအသာပြန်ဖွင့်မိတော့ သူ့ရှေ့မှာ သူ့ကိုစိုးရိမ်တကြီးကြည့်နေတဲ့ မိန်းမကြီးတစ်ယောက်နဲ့အေးတိအေးစက်နိုင်တဲ့
ယောက်ျားကြီးတစ်ယောက်တို့ကို တွေ့လိုက်ရတယ်။
မူလ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဥာဏ်တွေကို လက်ခံရယူပြီးပြီမို့လို့
သူ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မိဘတွေဆိုတာကို သိလိုက်ရတယ်။

"လင်းအော်။သားခန္ဓာကိုယ်က ဘယ်လိုနေသေးလဲ?သက်သာရဲ့လား။ဘယ်နေရာ
နေထိုင်လို့မကောင်းဖြစ်တာရှိနေသေးလဲ။"

လင်းစီချင်း သူ့ရှေ့မှ အမေ့ကို ကြည့်ပြီးပြုံးမိလိုက်တယ်။

"လင်းအော် နေကောင်းသွားပါပြီ။မာမားရဲ့။ဒီမှာကြည့်။
လမ်းတောင်လျှောက်နေနိုင်ပြီ။"ဟုပြောပြောဆိုဆို ကုတင်ပေါ်မှဆင်းပြပြီး
လမ်းတောင် လျှောက်ပြလိုက်သေးတယ်။

"လင်းအော်။သားလေး ဒီတစ်ခေါက်ဖျားတာ တော်တော်ပြောင်းလဲသွားတယ်နော်။
အရင်တုန်းကဆို လင်းအော်က အမေ့ကို ဘာစကားမှမပြောဘူးလေ။
အခု စကားပြောရုံတင်မက ပြုံးတောင်ပြနေသေးတယ်။အဖေကြီးရေ။
လင်းအော်လေးရဲ့အခုပုံစံလေးက ပိုချစ်ဖို့ကာင်းလာသလိုဘဲ။
ဒါ ကျွန်မနဲ့တူလာတာနေမှာ။အရင်တုန်းက ရှင့်ပုံစံလိုမျိုး ဖြစ်နေတာ
ကျွန်မ ဘယ်လောက်စိတ်ထိခိုက်ရတယ်မှတ်လဲ။"

လင်းစီချင်းရဲ့အဖေကတော့ လင်းစီချင်းရဲ့အမေက သူ့ကို ပြောနေတာကို မကြားသလိုဟန်ဆောင်ပြီးမလှုပ်မယှက်နဲ့ပဲ ခပ်တည်တည်ပင် နေနေသည်။
ထို့နောက် လင်းစီချင်းအား ကြည့်ပြီး

"လင်းအော်။သားရဲ့မင်္ဂလာကိစ္စက မင်းကြီး အမိန့်တော်ချမှတ်လိုက်ပြီ။
နောက်လထဲမှာအိမ်ရှေ့စံမင်းသားနဲ့လက်ထပ်ရမယ်။
စိတ်ကိုအဆင်သင့်ပြင်ဆင်ထားပါ။"

အာ။ဒါက တကယ့်ဒုက္ခပါလား။သူတောင် ဘာမှမလုပ်ရသေး။
မင်္ဂလာကိစ္စက နောက်လထဲမှာဆိုတော့ကား။

Villain Game [Own Creation]Tempat cerita menjadi hidup. Temukan sekarang