လင်းစီချင်း ခေါင်းတွေမူးဝေနေလေပြီ။သူ့မျက်လုံးကိုလည်း ဖွင့်လို့မရ။
မျက်လုံးကို အဝတ်ဖြူ တစ်ခုနှင့် စည်းနှောင်ထားခြင်းခံထားရတာမို့ ပတ်ဝန်းကျင်အခြေအနေကိုလည်း ခန့်မှန်းလို့မရနိုင်ပေ။သူ လှုပ်လှုပ်ရှားရှားဖြစ်လာသောကြောင့်ထင်။
"မင်းက ချစ်ဖို့တော့ကောင်းသားပဲ။"
ဒီအသံ?သူ မကြားဖူးတာတော့အသေအချာပင်။
မျက်လုံးမှ စည်းနှောင်ထားသောအဝတ်စကိုဖြေလျော့ပေးတာကြောင့်
သူ မျက်လုံးကို တဖြည်းဖြည်းချင်းစီ ဖွင့်မိလိုက်တော့
သူ့ရှေ့တွင် ခပ်ထေ့ထေ့မထီတရီအပြုံးနှင့် ရွှေရောင်တောက်တောက်မျက်နှာဖုံးကို
တပ်ဆင်ထားသောခပ်ချောချောလူတစ်ယောက်အား ကုလားထိုင်ပေါ်တွင် ထိုင်နေလျက်သားနှင့် တွေ့ရှိလိုက်ရလေသည်။*ဒီလူ ဘယ်သူများပါလိမ့်?ငါ လက်ခံရတဲ့ မှတ်ဥာဏ်ထဲမှာ သူ့အကြောင်းမပါတာ
အသေအချာပါဘဲ။system!ဒီကိစ္စက ဘယ်လိုဖြစ်တာတုန်း!*System ဘက်မှ အဖြေစကားကို လင်းစီချင်း ပြန်မကြားသိရပေ။
*Holyshit!အရေးကြုံမှ system ကဘယ်နားသွားသေနေတာလဲမသိ!*
"မင်းကို ကြည့်ရတာ ကိုယ်ဘယ်သူလဲဆိုတာကို စဉ်းစားနေတာမလား?"
လင်းစီချင်း ဘာမှပြန်မဖြေမိ။ပြန်မဖြေဆို လေကုန်တယ်လေ။
ပြီးတော့ ဒီအိပ်မက်နဲ့သူ့လက်ကို ချည်ထားတဲ့အစွမ်းများ သူ့ပင်ကိုအစွမ်းနဲ့
အသာလေး ရုန်းထွက်လို့တောင် ရသေး။ပျင်းလို့ ဒီကစားပွဲလေးကို ၀င်ဆော့လိုက်ဦးမှပါ။ဝူပိုင်ရှင်း သူ့ရှေ့မှ ဘာစကားမှ တုံ့ပြန်ခြင်းမပြုသော ကောင်လေးအား
ကျေနပ်စွာ ပြုံးမိပြီးစိုက်ကြည့်လိုက်ကာ"မင်းကဟိုဘက်ခေတ်ကလာတဲ့လူဆိုတာ ငါသိတယ်။"
သူ့စကားအဆုံး အထိတ်တလန့်ဖြစ်သွားပုံရသော မျက်ဝန်းညိုလဲ့လဲ့တို့ဖြင့်
မော်ကြည့်၍လာလေသည်။
ဝူပိုင်ရှင်း ရယ်မောလိုက်ရင်း ထိုင်နေသောကုလားထိုင်ပေါ်မှ ထ၍ရပ်ကာ
လင်းစီချင်းရဲ့မေးဖျားကို သူ့ရဲ့လက်ဖြင့် အသာပင့်တင်လိုက်ပြီး
YOU ARE READING
Villain Game [Own Creation]
Fantasyလင်းစီချင်းဟာ သူ့ဘာသူ ငြိမ်းချမ်းစွာ အစားအသောက်တွေ ချက်ပြုတ်တဲ့ စားဖိုမှူးလူငယ်လေးတစ်ယောက်ပါ။ ဒါပေမယ့် တစ်နေ့တော့ သူ့ရဲ့ငြိမ်းချမ်းတဲ့နေ့ရက်တွေဟာ အက်စီးဒင့်တစ်ခုကြောင့် ကုန်ဆုံးသွားခဲ့ရတယ်။ သူဟာ System 1 ခုနဲ့ ချိတ်ဆက်မိပြီးနောက် ဘာတွေ ဘယ်လိုဆက်ဖြစ...