Arc 1 Ling Si Chīng life 1.5

6.4K 739 37
                                    

လင်းစီချင်း သူအစောင့်ကြည့်ခံနေရသလိုလို ရှိနေတာကို မသိစိတ်က
ခံစားနေမိသည်။

သို့သော်ငြား မသိချင်ယောင်ဆောင်၍သာ ရှောင်ဖိန်ကို စကားပြောနေလိုက်တော့၏။

တစ်ဖက်တွင် စန်းချင်းနျန်ကတော့ သူနှင့်လက်ထပ်ရမည့် လင်းစီချင်း၏
ရုပ်သွင်သဏ္ဍာန်လေးအား ပြန်မြင်ယောင်ရင်း သဘောကျစွာဖြင့် ပြုံးရယ်နေမိလေသည်။

တစ်ချက် တစ်ချက်စဉ်းစားမိတိုင်း ခုန်တက်လာသော နှလုံးသားကြောင့်လည်း
သူ့ကိုယ်သူ ဘာဖြစ်နေသလဲဟုတောင် ရှည်ရှည်ဝေးဝေးတွေးစရာမလိုအပ်ချေ။

တစ်စုံတစ်ယောက်ကို အချိန်တိုင်း တွေ့မြင်ချင်နေမိသည် ၊ ယုယုယယ
ထွေးပွေ့မိချင်သည်ဆိုလျှင်သေချာနေပါပြီ။သူ လင်းစီချင်းကို ချစ်မိနေပြီ။.....

သူ ခမည်းတော်ကို မြန်မြန်လက်ထပ်ပွဲကို စီစဉ်ဖို့ရာအတွက် ညီလာခံတွင်
လျှောက်တင်လိုက်မိတော့သည်။

ထိုစဉ် ကြေးမုံပြင်ပေါ်မှ လှုပ်ရှားမှုပုံရိပ်တွေအကုန်လုံးကို ကြည့်ရှုနေသည့်
ဝူပိုင်ရှင်းမှာလည်း သူ့၏ဝိုင်ထည့်ထားသည့်ခွက်ကို ပျက်စီးသွားသည့်အထိ
တင်းတင်းကျပ်ကျပ် ဆုတ်ချေမိသည်အထိ။

"ငါ့ရဲ့ကလေးလေးကို မင်းကများ လက်ထပ်ချင်တယ်တဲ့လား။
မရဘူး။လင်းအော် ကလေးလေး မင်းကငါ့အပိုင်ပဲ။
စန်းချင်းနျန် မင်းရဲ့နိုင်ငံနဲ့မင်းက အစ ငါ ချေမှုန်းဖို့ထဲမှာ
နံပါတ်မချိတ်ထားပေမယ့် အခုမင်းရဲ့နိုင်ငံနဲ့မင်းက ငါအမှုန့်မကျန်
နံပါတ်တစ် ချေမှုန်းပစ်ရမယ့် အရာပဲ!"

စန်းချင်းနျန်ကတော့ သူနှင့်သူ့နိုင်ငံ၏ဖြစ်ပေါ်လာတော့မည့်စစ်ဘေးအန္တရာယ်ကို
မသိသေးသဖြင့် စိတ်လက်သက်သာစွာဖြင့် လဲလျောင်းနေရင်း လင်းစီချင်းကို နှောင်းမကြာခင်ပိုင်ဆိုင်ရတော့မည့်အရေးအား တွေးရင်း ပျော်ရွှင်စွာဖြင့်
အိပ်ပျော်သွားလေ၏။

လင်းစီချင်းလေးကတော့ အစားပုတ်ပြီးအိပ်ပုတ်နေတာကြောင့်တစ်နေ့တစ်ခြား
ဝက်ပေါက်ကလေးလို ဖြစ်လို့လာချေသည်။

Villain Game [Own Creation]Tempat cerita menjadi hidup. Temukan sekarang