Arc 2 Fēng Yì Life Part-2

5.4K 571 71
                                    

လင်းစီချင်း မစ်ရှင်ထမ်းဆောင်ရမဲ့ခန္ဓာကိုယ်ပိုင်ရှင် ဖန်းရိ ကဇာတ်လိုက်အိုမီဂါ
နန်ယွင် နှင့်ရင်းနှီးနေခဲ့ပြီးဖြစ်သည်။
ဆိုတော့ကား ဇာတ်လိုက်အယ်လ်ဖာဆိုက်ကိုကောင် နဉ်ဟွမ် က မကြာခင်
သူ့ကို လာသတ်မည့်သဘောရှိနေပြီ။

" ထားပါတော့။ သူက ငါ့ကို သတ်နိုင်မလား ကြည့်ရသေးတာပေါ့လေ။ "

ထိုစဉ် System လေးခမျာမှာတော့ ခန္ဓာကိုယ်မရှိသည့်တိုင် စိတ်ထဲတွင်
အေးခနဲဖြစ်မိသွားပြီး ဇာတ်လိုက်အယ်လ်ဖာအတွက် ကြိုတင်ဖယောင်းတိုင်
တိတ်တဆိတ် ထွန်းပေးနေမိသည်။

သူ့ပန်းချီပြတိုက်ဆီသို့သွားရန် အ၀တ်အစားလဲ ဘာညာ
ပြင်ဆင်ပြီးသည့်နောက်မှာတော့ လိုအပ်လောက်မည့် အိတ်ဆောင်ဓားရယ်၊ငရုတ်ကောင်းစပရေးရယ်ကို
ပန်းချီဆွဲပစ္စည်းတွေသာ ထည့်ထားသည့် လွယ်အိတ်ထဲ
ထည့်လိုက်သည်။

အခု သူ့ပုံစံက မသိရင် အထက်တန်းကျောင်းတက်မည့် ကလေးလေးတစ်ယောက်လို။

ဟူး ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေတော့လည်း ခက်လှချေပြီ။

လင်းစီချင်း သူ့ကိုယ်ပိုင်ကားလေးကို မောင်းပြီး သီချင်းလေး တလူလူနှင့်
ပြတိုက်ဆီ ဦးတည်လိုက်သည်။

ပြတိုက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူ့ကို စိုက်ကြည့်လာကြသည့်
မျက်လုံးတွေ။

ပြတိုက်အလုပ်သမားတွေကတော့ အံ့သြနေကြသလို ။ ခါတိုင်းဆို
သူတို့သူဌေးက ဒီလိုကလေးဆန်ဆန်မှ မနေတာ။ လူကြီးဆန်အောင်ဆိုပြီး
အနောက်တိုင်း suit တွေသာအမြဲဝတ်သည့် လူက အခုတော့ ကလေးပေါက်စသဖွယ် ဖြစ်လို့။

* သူဌေးက ဒီလိုဝတ်လိုက်တော့လည်း ချစ်စရာလေး * လို့သူတို့အားလုံး အော်တိုမက်တစ် တွေးမိသွားကြရသည်။

" အစ်ကိုဖန်း " ဟုအော်၍ပြေးလာသည့် ဇာတ်လိုက်အိုမီဂါ နန်ယွင် ။
နေရောင်ဖျဖျအောက်မှာ ချွေးနှင့်အတူ ရောနှော၍ ထွက်ပေါ်လာသည့် သင်းပျံ့နေသောအနံ့က alpha တွေကို တပ်မက်ချင်စိတ် ပေါ်လာအောင် နိုးဆွနေသလိုပင်။

သို့သော် ဘယ်သူမှ နန်ယွင် ကိုမထိရဲကြပါ။ မထိရဲဆို သူ့အယ်လ်ဖာ နဉ်ဟွမ် က
pure သွေးတစ်ဝက်ပါသည့်အပြင် ထိပ်ဆုံးအယ်လ်ဖာဆယ်ယောက်စာရင်းထဲမှာ
နံပါတ်သုံးချိတ်သည်မို့။ ဒါ့အပြင် စီးပွားရေးမှာလည်း အင်ပါယာရယ်၊ဖေးလုပ်ငန်းစုပြီးရင် နံပါတ်သုံးဖြစ်တဲ့ နဉ်လုပ်ငန်းကို ဦးဆောင်နေသူရဲ့ အိုမီဂါကို သတ္တိအဆထောင်သောင်းမက ရှိမှသာလျှင် ထိဝံ့ရဲကြပေမည်။

Villain Game [Own Creation]Donde viven las historias. Descúbrelo ahora